
မင်းသား Mario Maurer သည် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး တွေ့ဆုံလို သည့် ပရိသတ်များအနေဖြင့် လေယာဉ်ကွင်းသို့ လာရောက်နိုင် သည်ဟု အဆိုပါခရီးစဉ်၏ ပြန် ကြားရေးတာဝန်ခံ ကိုဂျေဆန်က ပြောသည်။
ခရီးစဉ်မှာ တစ်ရက်သာကြာ မြင့်မည်ဖြစ်ပြီး Pond's Men Energy Charge မြန်မာပြည်တွင် စတင်မိတ်ဆက်ခြင်းကို Brand သံတမန်အဖြစ် လာရောက်ခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။
ယခုခရီးစဉ်တွင် ပရိသတ် များနှင့် သီးသန့်တွေ့ဆုံမည့်အစီ အစဉ် ပါဝင်မည်မဟုတ်ဘဲ Pond'sMen Product Launch Event သို့ တက်ရောက်ပြီး အောက်တို ဘာ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်မည်ဖြစ်သည်။
‘‘ခရီးစဉ်အသေးစိတ်ကို တော့ မသိသေးဘူး။ ဒီကိုရောက် တဲ့အချိန်ကျမှ ဘုရားသွားမယ်ဆို ရင်လည်း လိုက်ပို့ဖို့ရှိတယ်’’ဟု ကိုဂျေဆန်ကပြောသည်။
Pee Mak ဇာတ်ကားသည် ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ရုံ တင်ပြသခဲ့ရာ ထိုင်းနိုင်ငံသာမက အရှေ့တောင်အာရှနိုင်ငံများတွင် ပါ အောင်မြင်ခဲ့သော ၀ိညာဉ်သရဲ တစ္ဆေဇာတ်ကားဖြစ်သည်။
7 Day
Yangon
0 comments:
Post a Comment