အားနည်းချက်တွေကို ပြုပြင်သွားမယ့် ဆောင်းယွန်းစံ

ကာရိုက်တာ အေးအေးလေးတွေနဲ့ တွေ့ရတတ်တဲ့ သရုပ်ဆောင် ဆောင်းယွန်းစံက ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မှုပိုင်းမှာ အားနည်းနေသေးကြောင်း ပြောပြခဲ့ပါတယ်။ “ညီမကို ပရိသတ် တော်တော်များများက သရုပ်ဆောင် ကောင်းလာပြီလို့ ပြောကြပေမယ့် ညီမဘက်က အိုက်တင်ပိုင်းမှာ အများကြီး ကြိုးစားဖို့ လိုအပ်ပါသေးတယ်။ နောက်ပိုင်း ဘယ်လို အိုက်တင်ပဲ ဖြစ်ပါစေ မျက်နှာအနေအထားက အရမ်းအရေးကြီးလို့ ညီမယူဆတယ်။ အဲဒါကြောင့် ညီမဘက်က အနုပညာတွေကို တင်ဆက်နိုင်အောင် အများကြီး ကြိုးစားနေပါတယ်။...

သရုပ်ဆောင်ပိုင်းကူးမယ့် နန်းစန္ဒာလှထွန်း

Miss Myanmar 2nd Runner Up ဆုရှင် နန်းစန္ဒာလှထွန်းက သူမအနေနဲ့ သရုပ်ဆောင်ပိုင်းကို ကူးဖို့အတွက် ပြင်ဆင်နေပါတယ်လို့ ပြောပြခဲ့ပါတယ်။ “ညီက အခုအချိန်မှာ ကင်မရာနဲ့လည်း မစိမ်းတော့ပါဘူး။ ထိုက်သင့်တဲ့ ပရိသတ်လည်း ရှိပြီဆိုတော့ သရုပ်ဆောင်ပိုင်းကူးဖို့ ကြိုးစားနေပါပြီ၊ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းတွေ မတက်ခဲ့ရပေမယ့် အိမ်မှာ လေ့ကျင့်တာမျိုးတွေ နောက်ပြီး MTV အတွေ့အကြုံလည်း ရှိပြီဆိုတော့ သရုပ်ဆောင်ပိုင်းကူးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ညီမအခွင့်အရေး ရခဲ့မယ်ဆိုရင်တော့...

စကိတ်စီးပြီး ကား( ၅၃) စီးအောက်ထဲ ဖြတ်သန်းပြခဲ့တဲ့ ကလေးငယ်

အသက်ရှစ်နှစ်သာ ရှိသေးသော်လည်း အံ့အားသင့်စရာ စွမ်းဆောင်ရည်ကြောင့် ဂင်းနစ်စံချိန်ဝင်ရန် မျှော်လင့်နိုင်တော့မည် ဖြစ်သည်။ အိန္ဒိယနိုင်ငံသား ပါရာဆက်သည် မြေကြီးနှင့် ( ၇) လက်မသာ ကွာသည့် ကား( ၅၃) စီးအောက်ကို စကိတ်စီးပြီး ဖြတ်သန်းပြခဲ့သည်။ Limbo စကိတ်စီး ကစားသမား ပါရာဆက်သည် တီယူပါတီ အရပ်ဒေသမှာ နေထိုင်ပြီး မီတာ (၁၀၀) အရှည်ရှိသည့် ကား( ၅၃)စီး တန်းစီရပ်ထားခြင်းကို ဖြတ်သန်းပြခဲ့ခြင်း ဖြစ်သည်။ ယခင်စံချိန်မှာ မီတာ(၃၀)သာ ဖြစ်သည်။ ပါရာဆက်သည် ယင်းသို့ ပြုလုပ်ရန်...

အာလူးကနေ စွမ်းအင်ထုတ်ယူတဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ် ဓါတ်အားပေးစက်

ဗြိတိန် နိုင်ငံက မုန့်နှစ် ကုမ္မဏီ တစ်ခုဟာ အာလူးကနေ စွမ်းအင်ထုတ်လုပ်ယူပြီး လျှပ်စစ်ဓါတ်အားပေးစက် လုပ်ဆောင်တဲ့ ကမ္ဘာ့ပထမဆုံး စက်ရုံ ဖြစ်လာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ၊ Carlisle မြို့မှာ အခြေစိုက်တဲ့ Cavaghan and Gray ဆိုတဲ့ ရယ်ဒီမိတ် အစားအစာ ထုတ်လုပ်ရေး စက်ရုံဟာ စွန့်ပစ်ထားတဲ့ အာလူးတွေနဲ့ အာလူးအခွံတွေကို လျှပ်စစ်စွမ်းအင် နဲ့ ရေနွေးငွေ့စွမ်းအင် အဖြစ် ပြောင်းလဲလိုက်တဲ့ Biorefinery စနစ်နဲ့ လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ သူတို့ စက်ရုံရဲ့ Green Generator...

တစ်တီတူး ငှက်ဆိုတာ ဘယ်လို ငှက်မျိုးလဲ

ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်တဲ့ တိရိစ္ဆာန်အမျိုးပေါင်း ၇ မျိုးရှိပါတယ်။ အဲ့ဒီထဲမှာ တောက်တဲ့၊ ဇီးကွက်၊ ရွှေပြည်စိုး၊ ယောက်ဖခွေးခေါ်ငှက်၊ တစ်တီတူး(တီတီတွတ်)၊ ဥသြငှက်၊ ဘုတ်ငှက် တို့ဖြစ်ကြပါတယ်။ အဲ့ဒီငှက် အမျိုးအစားတွေထဲက တစ်တီတူးငှက်ကလေးအကြောင်းကို ပြောပြချင်ပါတယ်။ တစ်တီတူးငှက်ဟာ ကယ်ရာဒရိုင်အီဒီး မျိုးရင်းမှာ ပါဝင်တဲ့ ငှက်အမျိုးအစားပါ။ အဲ့ဒီငှက်ကို သတ္တဗေဒ အလိုအားဖြင့် လိုဗီဗင်နဲလပ် အင်ဒီကပ် လို့ခေါ်ပါတယ်။ တစ်တီတူးလို့‌ခေါ်ခြင်းမှာ အဲ့ဒီငှက်ရဲ့...

မင်္ဂလာစုံတွဲတချို့အတွက် အကောင်းဆုံးဓာတ်ပုံတွေပေးခဲ့တဲ့ လေမုန်တိုင်း

Dujuan လေမုန်တိုင်း မနေ့က ၀င်ရောက်ခဲ့တဲ့ တရုတ်ပြည် ရှန်ဒေါင်းခရိုင် Rizhao ရှိ ပင်လယ်ကမ်းခြေဧရိယာတလျှောက်မှာ ကြီးမားတဲ့ လှိုင်းတွေ၊ လေပြင်းတွေ ဖြစ်ပေါ်တိုက်ခတ်ခဲ့ပါတယ်။ ရာနဲ့ချီတဲ့ မင်္ဂလာစုံတွဲတွေဟာ သူတို့ရဲ့ မင်္ဂလာဓာတ်ပုံများကို ကြီးမားပြင်းထန်တဲ့ လှိုင်းကြီးတွေ လာရောက် ရိုက်ခတ်တဲ့ ပင်လယ်ကမ်းခြေကို နောက်ခံထားရိုက်ကူးကြဖို့ ရွေးချယ်လာကြပါတော့တယ်။ ဒါကို ဘေးက ကြည့်ရှုနေကြတဲ့သူများက လှိုင်းတံပိုးဒဏ်ကို သူတို့ရဲ့ ချစ်မြင်းမေတ္တာတွေက ကြံ့ကြံ့ခံနိုင်တယ်ဆိုတာမျိုးကို...

မိမိရဲ့အလှအပကို သဘာဝအတိုင်း ထိန်းသိမ်းခဲ့တဲ့ ၅၉နှစ်အရွယ် နာမည်ကြီးမော်ဒယ်လ်

ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကြီးဟာ အသက် ၅၉ နှစ်အရွယ် ဖက်ရှင်မော်ဒယ်လ်တဦးဖြစ်တဲ့ Yasmina Rossi ဆိုသူပါ။ သူမဟာ Marks & Spencer ၊ Hermes နဲ့ Macy’s စတဲ့ နာမည်ကြီးထုတ်ကုန်ပစ္စည်း တော်တော်များများရဲ့ မော်ဒယ်လ်တဦးလည်းဖြစ်ပါတယ်။ Rossi ဟာ ၁၉၅၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့တယ်ဆိုပေမယ့် Corsica ဆိုတဲ့ကျွန်းမှာ ကြီးပြင်းလာခဲ့သူပါ။ သူမကိုမြင်တဲ့သူတိုင်းက သူမရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို သူမ ဘယ်လို ထိန်းသိမ်းပြု...

ခါးနာခြင်းနှင့် ဓာတ်စာ

ဆရာခင်ဗျာ။ ကျွန်တော် ခါးနာနေတာ ကြာပါပြီ။ အခန့်မသင့်ရင် လှေကား အတက်အဆင်း လုပ်တဲ့အခါ မှာလည်း နာပါတယ်။ အဲဒါ ဘယ်လို အစားအစာတွေ စားရမယ် ဆိုတာ ညွှန်ကြား ပေးပါဦး ဆရာ။ ဦးဝင်းမြင့် (ဘုရားကြီး) ခါးနာခြင်း ဆိုတာ ဖြစ်စမှာ အတော် နာကျင်ပြီး မကုန်းနိုင်၊ မဆန့်နိုင် ဖြစ်တတ်ပါတယ်။ ဒီထက် ပိုလာပါက ခါးကိုက်တဲ့ အဆင့် အထိ ရောက်သွား တတ်တယ်။ နာကျင်မှုက တစ်ရက်မှ နှစ်ပတ်ကြာ နာနေတတ်တယ်။ အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် သက်သာ ပျောက်ကင်း သွားနိုင်ပါတယ်။...

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ/ အခြားအဆင့် (အမျိုးသား /အမျိုးသမီး) ၀တ်စုံများ အသစ်ပြဌာန်းသတ်မှတ်လိုက်ပြီ

နေပြည်တော်၊ စက်တင်ဘာ ၂၉ မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊လေ) အရာရှိ/ အခြားအဆင့်(အမျိုးသား/အမျိုးသမီး) များ၏ လက်ရှိအသုံးပြုလျက်ရှိသည့် စစ်ဝတ်စုံများအား နိုင်ငံတကာတပ်မတော်များ၏ ၀တ်စုံများနှင့် အညီဖြစ်စေရေး၊ တပ်မတော်သားများ၏ စိတ်ဓာတ်ပိုမိုမြင့်မားတက်ကြွ စေရေး နှင့် ရာသီဥတုအခြေအနေများနှင့် လိုက်လျောညီထွေစွာ ၀တ်ဆင်နိုင်ရေး အသစ်ပြဌာန်းလိုက်သည်။ အသစ် ပြဌာန်း လိုက်သည့် ၀တ်စုံများအား ယှဉ်တွဲပါ ပုံများအတိုင်း သတ်မှတ် ထားကြောင်းနှင့်...

အစာအိမ် အချဉ်ပေါက်ခြင်း

အစာအိမ် အချဉ်ပေါက်ခြင်း (Gustro oesophageal reflux Disease) ဟာ အစာအိမ် ရေမျိုအောက်ပိုင်း ကြွက်သား အားနည်းတဲ့အခါ အစာအိမ် အတွင်းက အက်စစ်ချဉ်ရည်တွေ အပေါ်ကို လျှံတက်လို့ ဖြစ်ရတာပါ။ရောဂါလက္ခဏာများရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ ခံတွင်းချဉ်ခြင်း၊ အစာစားပြီးပါက ရင်ဝမှာ မီးစထိုးသကဲ့သို့ ပူခြင်း၊ အစာများ မကြာခဏ အပေါ်သို့တက်ခြင်း၊ တံတွေး အထွက်များခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။ တခြားရောဂါ လက္ခဏာများ ==================== ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊...

လက်ထပ်ခြင်း

လက်ထပ်တယ်ဆိုတဲ့အရာဟာ ကိုယ့်အတွက်မဟုတ်ဘူးလို့ ကျွန်တော် လက်ခံယုံကြည်တယ်… ဒါနဲ့ပတ်သက်ပြီး ခင်ဗျားစိတ်ထဲ ဘာမှလိုက်မတွေးခင်မှာ စာကို ဆက်ဖတ်လိုက်ပါဦး… ကျွန်တော့်ဇနီးနဲ့ ကျွန်တော်စတွေ့တုန်းက ကျွန်တော်တို့ ၁၅ နှစ်အရွယ် ကျောင်းသားကျောင်းသူလေးတွေ အဖြစ်ပဲရှိသေးတယ်…. အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့သူငယ်ချင်းဖြစ်လာတာ ဆယ်နှစ်တိုင်ခဲ့တာပေါ့ဗျာ… အဲ့ဒီနောက်တော့ သူငယ်ချင်းဘဝနဲ့ ဆက်မနေတော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်…. အချစ်ဆုံးသူငယ်ချင်းတွေကနေ...

ခေတ်သစ် ဇိမ်ခံမယ်

ရန်ကုန်မြို့ရှိ နာမည်ကျော် ဖက်ရှင်စတိုးဆိုင် တစ်ခု၏ နောက်ပိုင်း အခန်းလေးတစ်ခု အတွင်းမှ ကစားစရာ အရုပ် ရောင်းချနေသည့် မြင်ကွင်းဖြစ်သည်။ စိတ်ရှည်လက်ရှည် ရှင်းပြနေသော အသက်၂၅ ဝန်းကျင် စတိုးဆိုင် အရောင်းဝန်ထမ်း လူငယ်လေး ရှေ့တွင် ထုတ်ပြသည့် ကစားစရာအရုပ်များကို ကိုင်တွယ် ကြည့်ရှုနေကြသူများ ကတော့ အရုပ်ဖြင့် ဆော့ကစားသည့် ကလေးငယ်အရွယ်များ မဟုတ်။ အသက်(၃၀)အရွယ် လူလတ်ပိုင်း နှစ်ဦးသာ ဖြစ်သည်။ အဆိုပါလူလတ်ပိုင်းအရွယ် နှစ်ဦး လာရောက်ဝယ်ယူနေသည်မှာ ယခုနောက်ပိုင်း...

အလုပ်ကောင်းကောင်းရဖို့ မိမိကိုယ်ကို ချဲ့ထွင်ပါ…

အလုပ်ကောင်းကောင်းတစ်ခုကို ပိုင်ဆိုင်ပြီး ပြီဆိုရင်လည်းမိမိကိုယ်ကို ဖွံ့ဖြိုး တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ပြီး ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်၊ ရာထူးအဆင့်အတန်းများကိုတက်လှမ်းနိုင်အောင် ကြိုးစား အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ‘Nike’ ကုမ္ပဏီကြီးရဲ့ဆောင်ပုဒ် တစ်ခုရှိပါတယ်။ “There is no finish line” တဲ့။ ဟုတ်ပါတယ်။ လူတိုင်းလူတိုင်းမှာ အကန့်အသတ်မဲ့ချဲ့ထွင်ဖြစ်တည်နိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်နိုင်ခွင့်ရှိပါတယ်။ အဲ့ဒီထဲမှာ သင်လည်း...

ကိုယ်ပိုင်လုပ်ငန်း လုပ်တော့မှာလား၊ ဒါတွေကို သိထားပါ

ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ သိပ်ခက်ခဲတယ်ဆိုပေမယ့် တကယ် အာသီသပြင်းပြရင် တကယ်အောင်မြင်နိုင်ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်တဲ့လုပ်ငန်းတစ်ခု ဖြစ်လာဖို့အတွက် မသိမဖြစ်တဲ့အချက်တွေ ရှိပါတယ်။ လုပ်ငန်းလုပ်တော့မယ်စဉ်းစားရင် ဒါတွေကို သိပြီးပြီလား၊ ကျင့်သုံးနေပြီလားဆိုတာ ကိုယ့်ကိုယ်ကို အကဲဖြတ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ ၁. ပေါင်းသင်းဆက်ဆံရေး ကောင်းပါ။ ရှင်းရှင်းလင်းလင်းပြောဆိုတတ်ပါစေ။ ဒါမှ ကိုယ့်ဖောက်သည်နဲ့ ကိုယ့်ဝန်ထမ်းတွေက ဆိုလိုရင်းကို...

သင်ပိုင်ဆိုင်သမျှနှင့် ချမ်းသာစေသော နည်းလမ်း

” ဘာကြောင့် တပည့်တော် အလွန်ဆင်းရဲရတာပါလဲဘုရား” လို့  သူဆင်းရဲ တစ်ယောက်က မြတ်စွာဘုရားကိုမေးတယ်။ ထိုအခါ မြတ်ဘုရားက ” ဒါနမည်သော ပေးကမ်းခြင်းကို တတ်သိမှု ကင်းခဲ့လို့ပါပဲ” ဟု၍ ဖြေတော်မူတယ်။ “တပည့်တော်မှာ ပေးကမ်းလျူစရာ ဘာမှမရှိလို့ပါဘုရား” လို့ သူသိတဲ့  သူရဲ့ မရှိဆင်းရဲခြင်း အကြောင်းကို သူဆင်းရဲက ဖွင့်ဟပြန်ပါတယ် ။ ထိုအခါမြတ်ဗုဒ္ဓဘုရားရှင်က သင့်မှာ (က) ကြည်လင်အေးမြ ပြုံးလို့ ရတဲ့ ( မျက်နှာ )ရှိတယ် ။ **အပြုံးဖြင့်ကုသိုလ်ယူနိုင်တယ် (ခ)...

တက်စာကြိုက်တတ်သူတို့အတွက် သဘာဝဖြေဆေး

ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မ သွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ် တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။ ကျွန်မထုံးစံအတိုင်း မနက်စောစောထပြီး လမ်းလျှောက်ထွက်လိုက်ပါတယ်။ ရွာဆိုတော့လဲ ရွာလမ်းမကျယ်ကြီးတစ်ခု ရှိတာပေါ့။ တည်းအိမ်ကနေ လမ်းမကြီးအတိုင်း ကျွန်မလျှောက်သွား ကြည့်လိုက်ပါတယ်။ ပထမနေ့က နံနက်စောစော ၅နာရီထပြီး ကွင်းဆင်းသွားရတာကြောင့် ကျွန်မ ရွာထဲ လျှောက်မလေ့လာ ဖြစ်လိုက်ရပါဘူး။...

ရှမ်းပြည်နယ် ဒေသတချို့၌ မဲဆွယ်စည်းရုံးရေး ပြုလုပ်ရန် အဆင်မပြေမှုများ ရှိနေ

၂၀၁၅ ရွေးကောက်ပွဲ၌ ကွန်ဟိန်း မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် SNLD ပါတီ ရုံးဖွင့်ပွဲ အခမ်းအနား တခု (ဓာတ်ပုံ – SNLD / Facebook) ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပြုလုပ်ရန် အဆင်မပြေမှုများ ရှိနေကြောင်း ယင်းမြို့နယ် များတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က မြို့နယ်တချို့တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ...

သင့်ရဲ့ ဖုန်းကြောင့် ချစ်သူတွေ ကွဲသွားစေနိုင်တဲ့ အရာများ

လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။ သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။ ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း...

လမ်းဘေးက ဖိနတ်တိုက်တဲ့ကောင်ကလေးဘ၀ကနေ သမ္မတဖြစ်လာသူ

၁၉၄၅ ခုနှစ် အောက်တိုဘာ လ (၂၇) ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambuco ပြည်နယ် က ရွာေ လး တစ် ရွာမှာ ရှိတဲ့ လယ်သမား မိသားစု ကနေ ကောင်လေး တစ်ယောက် မွေးဖွား ခဲ့တယ်။ အဲဒီ မိသားစု ဟာ ဆင်းရဲ လွန်း တာကြောင့် ကောင်လေး ဟာ (၄) နှစ်သား အရွယ် ကတည်းက လမ်းေ ပါ် မှာ မြေပဲ ဆံ လိုက်ရောင်း ခဲ့ရတယ်။ ဒါတောင် အစား နပ် မှန်မှန် သူ မစားခဲ့ ရသလို အဝတ် လုံ လုံ လည်း မဝတ်ခဲ့ ရပါဘူး။ ကျောင်း စတက်တဲ့ အရွယ် မှာ ကောင်လေး ဟာ ကျောင်းအား ချိန်တိုင်း အဖော် သူငယ်ချင်း နှ စ်ေ ယာက်...

ရှေ့ဖြစ်ဟောကိန်းထုတ်သူတွေ၊ ဗေဒင်ဆရာတွေဆီ ဘာ့ကြောင့် မသွားသင့်သလဲဆိုတဲ့ အကြောင်းပြချက် (၅) မျိုး

လူတော်တော်များများဟာ သူတို့ရဲ့အနာဂတ်မှာ ဘာတွေဖြစ်မလဲ၊ ကြုံတွေ့ရမလဲဆိုတာကို ကြိုသိနေချင်တတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဗေဒင်ဆရာတွေဆီက အကြံဥာဏ်ကောင်းတွေ လိုချင်တတ်ကြပါတယ်။ ဒါပေမယ့် ခုလို သွားလိုက်လို့ ပြသနာတွေ ဖြေရှင်းနိုင်ကြမှာလား၊ ဒါမှမဟုတ် ရှေ့မှာဖြစ်လာမယ့်၊ ကြုံတွေ့မယ့်အရာတွေကို သိတော့ရော ဘယ်လိုအကျိုးကျေးဇူးတွေ ကြုံရမှာလဲဆိုတဲ့ မေးခွန်းတွေထပ်ပေါ်လာပါတယ်။ တစ်ခါတစ်လေ ဗေဒင်က ဟောလိုက်တော့မှ...

ချစ်သက်တမ်းရှည်ဖို့ လက်မခံလို့မဖြစ်တဲ့ အချက် ၂၀

အချစ်နဲ့ အရာရာအကောင်းအတိုင်း ဖြစ်စေမယ် တဲ့။ တကယ်တမ်းတော့ အချစ်တစ်ခုတည်းက ပျော်ရွှင်နားလည်မှုရှိတဲ့ ချစ်သက်တမ်းတစ်ခုကို ထူထောင်မပေးနိုင်ပါဘူး။ ချစ်သူဘ၀ဖြစ်ဖြစ် အိမ်ထောင်ရှင်ဘ၀ဖြစ်ဖြစ် စိတ်ချမ်းမြေ့စရာ နှစ်ယောက်ပေါင်းဘ၀တစ်ခုကို ပိုင်ဆိုင်ဖို့ လက်မခံလို့မဖြစ်တဲ့ အချက်ပေါင်း ၂၀ ရှိပါတယ်။ အဲဒါတွေကတော့ ၁. ကိုယ်ပြောင်းလဲလို့မရတာတွေကို လက်ခံပါ။ ၂. ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ကို ပြုပြင်လို့မရဘူးဆိုတာ လက်ခံပါ။ ၃. ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ဟာ စင်းလုံးချောပြည့်စုံမနေကြောင်း...