တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ/ အခြားအဆင့် (အမျိုးသား /အမျိုးသမီး) ၀တ်စုံများ အသစ်ပြဌာန်းသတ်မှတ်လိုက်ပြီ










နေပြည်တော်၊ စက်တင်ဘာ ၂၉

မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊လေ) အရာရှိ/ အခြားအဆင့်(အမျိုးသား/အမျိုးသမီး) များ၏ လက်ရှိအသုံးပြုလျက်ရှိသည့် စစ်ဝတ်စုံများအား နိုင်ငံတကာတပ်မတော်များ၏ ၀တ်စုံများနှင့် အညီဖြစ်စေရေး၊ တပ်မတော်သားများ၏ စိတ်ဓာတ်ပိုမိုမြင့်မားတက်ကြွ စေရေး နှင့် ရာသီဥတုအခြေအနေများနှင့် လိုက်လျောညီထွေစွာ ၀တ်ဆင်နိုင်ရေး အသစ်ပြဌာန်းလိုက်သည်။

အသစ် ပြဌာန်း လိုက်သည့် ၀တ်စုံများအား ယှဉ်တွဲပါ ပုံများအတိုင်း သတ်မှတ် ထားကြောင်းနှင့် အဆိုပါ စစ်ဝတ်စုံသစ် များအား အပတ်စဉ် တနလာင်္နေ့တိုင်းတွင် ၀တ်ဆင်ရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) တစ်ရပ်လုံး ပြောင်းလဲ ၀တ်ဆင် ကြရမည် ဖြစ်ကြောင်း၊ ပြောင်းလဲရန် ကျန်ရှိသော စစ်ဝတ်စုံ များကိုလည်း ဆက်လက် ထုတ်ပြန် သွားမည် ဖြစ်ကြောင်းနှင့် အချိန်မီ ၀တ်ဆင် နိုင်ရေး အတွက် တပ်များသို့ ပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ပြည်ချစ်သား

0 comments:

Post a Comment