ဟောင်ကောင်သို့ သွားရောက်မည့် ခရီးသွားအဖွဲ့၏ ဗီဇာများကို တရုတ်အစိုးရ ရပ်ဆိုင်း

ဟောင်ကောင်ကျောင်းသားများ၏ ဆန္ဒဖော်ထုတ်မှု မြင်ကွင်း

ဟောင်ကောင် ၊ ၃-၁၀-၂၀၁၄

ဒီမိုကရေစီစနစ် ကို ထောက်ခံသည့် ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသော ဟောင်ကောင် သို့ သွားရောက်မည့် ခရီးသွား အဖွဲ့တစ်ဖွဲ့ ၏ ဗီဇာများကို တရုတ်အစိုးရ က ရပ်ဆိုင်း ခဲ့ကြောင်း အဆိုပါ ခရီး သွားလာရေး အဖွဲ့အစည်းမှ အကြီးအကဲ တစ်ဦးက ထုတ်ဖော် ပြောကြား ချက်ကို Zee သတင်းဌာနက ကိုးကား၍ ဖော်ပြ ခဲ့သည်။

ဟောင်ကောင်သို့ သွားရောက်မည့် တရုတ် ခရီးသွား များ၏ ဗီဇာကို အောက်တိုဘာ ၂ ရက်က ရပ်ဆိုင်း ခဲ့ကြောင်း၊ ထိုကဲ့သို့ တားမြစ်ခြင်းသည် ဟောင်ကောင်၏ ခရီးသွား လုပ်ငန်းကို ဆိုးရွားစွာ ထိခိုက် စေနိုင်ကြောင်း ဟောင်ကောင် ခရီးသွား အဖွဲ့အစည်းမှ အမှုဆောင် ဒါရိုက်တာ ဂျိုးစပက်သန် က ပြောကြား ခဲ့သည်။

ဟောင်ကောင်၏ ခရီးသွား လုပ်ငန်းသည် တရုတ်ပြည် ပြည်မကြီးမှ လာရောက် လည်ပတ်ကြမည့် ခရီးသွား အဖွဲ့များ အပေါ်တွင် မှီခို နေရကြောင်း၊ ခရီးသွား များသည် ဟောင်ကောင် ၏ အဆင့်မြင့် ရှောပင်းမောလ် များကို အလွန် စိတ်ဝင်စား ကြကြောင်း၊ နှစ်စဉ် လာရောက် လည်ပတ် ကြသည့် ခရီးသွား ဧည့်သည် ၅၉ သန်းအနက် ၄၅ သန်းမှာ တရုတ် ပြည်မကြီး မှ ဧည့်သည်များ ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ 

ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြသူ ထောင်ပေါင်း များစွာသည် စက်တင်ဘာ ၂၈ ရက် ကတည်းက တရုတ် အစိုးရကို ဆန့်ကျင်သည့် အနေဖြင့် ဟောင်ကောင်မြို့ ရှိ လမ်းမများတွင် ဆန္ဒပြခဲ့ ကြကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment