ဓာတ်ပုံရိုက်ကူးသတင်းယူနေတဲ့ကင်မရာသမား တစ်ယောက်ကိုလက်သီးနဲ့ထိုးခဲ့တဲ့ Justin Bieber

ကောင်မလေးတို့ရဲ့ အသည်းစွဲ Justin Bieber
ဟာ ပါပါရာဇီတွေနဲ့ ထပ်မံ ပြသနာတက်ပြီး
ခါင်းစီး သတင်းမှာပါလာ ပြန်ပါပြီ။
အသက် ၂၀ အရွယ် အဆိုတော် ကောင်လေး
JB ဟာ ပဲရစ်မြို့မှာ မော်ဒယ်ကောင်မလေး 


Kendall Jenner နဲ့ ညစာစားပြီးတဲ့နောက် သူ့ရဲ့ ဟိုတယ်ကိုပြန်တဲ့အခါ ဓာတ်ပုံ ရိုက်ယူနေတဲ့ ကင်မရာ သမားတစ်ယောက်ကို သူ့ရှေ့က ဖယ်ဖို့ ပြောဆိုခဲ့ပြီး နောက်တစ်ယောက်ကိုတော့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တယ်လို့ TMZ သတင်းဌာန ရဲ့ဖော်ပြချက်အရသိရပါတယ်။

ပြောက်ကျား ၀တ်စုံကို ၀တ်ဆင်ထားတဲ့ Justin Bieber ဟာ သူ့ရဲ့ပရိတ်သတ်တွေအတွက် လက်မှတ်ထိုးပေးဖို့ ရပ်နားနေချိန်မှာ ထို ဓာတ်ပုံဆရာတွေက လာရောက် ဓါတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။

JB ဟာပဲရစ်မြို့ကို သူ့ကောင်မလေး Selena Gomez နဲ့အတူ Fashion Week အတွက် ရောက်ရှိနေတာဖြစ်ပြီး Kendall Jenner နဲ့ ညစာစားခဲ့တာကတော့ သူငယ်ချင်းကိစ္စ ပဲဖြစ်တယ်လို့ ဆိုပါတယ်။သူဟာ Kendall Jenner၊ Kim Kardashian၊ Ciara တို့နဲ့အတူ ဓာတ်ပုံရိုက်ကူးရမယ့် အလုပ်ကိစ္စလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။

Ref:starpulse.com
Treand Myanmar

0 comments:

Post a Comment