The Secret Service director Julia Pierson promised such an incident would "never happen again"
အမေရိကန် သမ္မတ၊ မိသားစုနှင့် အိမ်ဖြူတော် လုံခြုံရေးကို တာဝန်ယူ ရသော အထူးလျှို့ဝှက် အဖွဲ့အစည်း အကြီးအကဲ ဂျူလီယာပီယာဆန် သည် ကြီးမားသော လုံခြုံရေး လျော့ရဲမှုများ ဖြစ်ပွား ပြီးနောက် ယမန်နေ့က ပြည်ထဲရေးနှင့် လုံခြုံရေးဌာန အတွင်းရေးမှူး ထံ နုတ်ထွက်လွှာ တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက်က အိမ်ဖြူတော် လုံခြုံရေး ကျိုးပေါက်မှုကြီး ဖြစ်ပွား ခဲ့ခြင်းကြောင့် စက်တင်ဘာ ၃ဝ ရက်တွင် ကွန်ဂရက် က ဂျူလီယာ ကို ဒေါသတကြီး စစ်ဆေး မေးမြန်းခဲ့ရာ ဂျူလီယာ က အိမ်ဖြူတော် လုံခြုံရေး ကျိုးပေါက်မှုတွင် သူမတွင်သာ တာဝန် အပြည့်အဝ ရှိပါကြောင်း ပြောကြားခဲ့ပြီး နောက်တစ်နေ့ တွင် နုတ်ထွက်လွှာ တင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ အမေရိကန် သမ္မတ အိုဘားမား က ပီယာဆန် ၏ ကာလကြာမြင့် စွာ တာဝန်ကျေပွန် ခဲ့ခြင်းကို အသိအမှတ်ပြု ကျေးဇူး တင်ကြောင်း ပြောကြား လိုက်သည်။
ပြည်ထဲရေး နှင့် လုံခြုံရေးဌာန အတွင်းရေးမှူး ဂျေးဂျွန်ဆင် ကလည်း ''ဒီနေ့ အမေရိကန် ပြည်ထောင်စု လျှို့ဝှက် လုံခြုံရေးအဖွဲ့ ဒါရိုက်တာ ဂျူလီယာပီယာဆန် နုတ်ထွက်လွှာ တင်လာ ပါတယ်။ ဒီ နုတ်ထွက်လွှာ ကို ကျွန်တော် လက်ခံ ပါတယ်။ နိုင်ငံနဲ့ လျှို့ဝှက် လုံခြုံရေး အဖွဲ့အပေါ် အနှစ် ၃ဝ လုံးလုံး တာဝန် ကျေပွန် ခဲ့တာကို ကျွန်တော် အလေးပြု ပါတယ်'' ဟု ပြောသည်။
''ကွန်ဂရက် က ကျွန်မရဲ့ အစွမ်းအစ အပေါ် အယုံအကြည် မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်မ နုတ်ထွက် လိုက်တာဟာ လျှို့ဝှက် လုံခြုံရေး အဖွဲ့အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည်တဲ့ အတွက် အခုလို နုတ်ထွက်လိုက် ရတာပါ .. ''ဟု ဂျူလီယာ က သတင်းဌာန များကို ပြောပြသည်။
လျှို့ဝှက် လုံခြုံရေးအဖွဲ့ သမ္မတ ကာကွယ်ရေး ဌာနစိတ် တာဝန်ခံ ဂျိုးဇက်ကလင်စီ က ကြားဖြတ် ဒါရိုက်တာ အဖြစ် တာဝန်ယူ သွားမည်ဖြစ်ပြီး ဒါရိုက်တာ အသစ်ကို ရွေးချယ် တာဝန်ပေးခြင်း မရှိသေးကြောင်း သိရသည်။
၂ဝဝ၉ ခုနှစ် နိုဝင်ဘာ၌ ရုပ်သံဇာတ်လမ်း တစ်ခုကို ရိုက်ကူးနေသော စုံတွဲ တစ်တွဲသည် လျှို့ဝှက် လုံခြုံရေး အဖွဲ့၏ စစ်ဆေးရေး ဂိတ်များကို ကျော်ဖြတ်ပြီး ထိုစဉ်က အလည်အပတ် ရောက်ရှိနေသော အိန္ဒိယ ဝန်ကြီးချုပ် ကို ညစာဖြင့် တည်ခင်း ဧည့်ခံ နေသော ခန်းမထဲသို့ ရောက်သွား ခဲ့သည်။
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် လူတစ်ဦးက အိမ်ဖြူတော် တောင်ဘက်တွင် ကားကို ရပ်လိုက်ကာ အိမ်ဖြူတော်ကို သေနတ်ဖြင့် ခုနစ်ချက် ပစ်ခတ်ခဲ့သည်။ လျှို့ဝှက် လုံခြုံရေး အဖွဲ့က အိမ်ဖြူတော်ကို သေနတ်ဖြင့် ပစ်ခတ် ထားကြောင်း ကို လေးရက်ကြာမှ သိခဲ့သည်။
၂ဝ၁၂ ခုနှစ် ဧပြီလ၌ သမ္မတ၏ ကိုလံဘီယာ၊ ကာတာဂျီနာ ခရီးစဉ် အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် တာဝန်ရှိသော လျှို့ဝှက် လုံခြုံရေး အဖွဲ့ဝင် ၁၁ ဦးက ဟိုတယ်သို့ ပြည့်တန်ဆာများ ခေါ်ယူ ခဲ့သည်။
၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ တွင် အိမ်ဖြူတော် ကို အပေါ်စီးမှ မြင်ရသော ဟိုတယ်တစ်ခု၏ အမျိုးသမီး အိမ်သာကို ဝင်ကြည့်ရန် အထက်တန်း ကြီးကြပ်ရေးမှူး တစ်ဦးက အတင်းအကျပ် တောင်းဆို ခဲ့သည်။
၂ဝ၁၄ ခုနှစ် မတ်လတွင် နယ်သာလန် ရောက် လျှို့ဝှက် လုံခြုံရေး အေးဂျင့် တစ်ဦးသည် ခန်းမ လျှောက်လမ်း တစ်ခုတွင် အရက်မူးပြီး အိပ်ပျော် နေသည်ကို တွေ့ရှိခဲ့ပြီး ၄င်းနှင့်အတူ တာဝန်ကျသူ နှစ်ဦးကိုပါ ထုတ်ပယ် ခဲ့ရသည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် လက်နက်ကို လျှို့ဝှက် ကိုင်ဆောင် ထားသော ပြစ်မှုမှတ်တမ်း ရှိသူ တစ်ဦးသည် သမ္မတ အိုဘားမား နှင့် ဓာတ်လှေကား အတူ စီးခွင့် ရရှိခဲ့သည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် လူတစ်ဦးသည် အိမ်ဖြူတော် လုံခြုံရေး စည်းရိုးကို ဖြတ်ကျော်ပြီး သော့မခတ်၊ အရေးပေါ် ခေါင်းလောင်း တပ်မထားသော တံခါးကို တွန်းဖွင့်ကာ အိမ်ဖြူတော် ထဲအထိ ဝင်ရောက် နိုင်ခဲ့သည်ဟု သိရသည်။
PyiChitThar

Yangon
0 comments:
Post a Comment