နိုဝင်ဘာမှာ ဖြစ်လာမယ့် အူရီဒူးကွန်ရက်


ရန်ကုန်မြို့ နေရာတချို့မှာ တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက်များ ဒီလကုန်ရင် ထပ်မံတိုးချဲ့သွားမယ်လို့ အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ 
“နှစ်လခွဲအတွင်း ရန်ကုန်ကွန်ရက် ဖြန့်ကျက်မှုအခြေအနေက ၉၅ ရာခိုင်နှုန်းအထိ ရှိလာမှာ ဖြစ်ပါတယ်။ 
အခုဆို အင်းယားကန် ပတ်ဝန်းကျင်၊ ၉ မိုင် ပတ်ဝန်းကျင်၊ အင်းယားလိတ် အနီးက 
ပါရမီ လမ်းမကြီးတလျှောက်မှာ ကွန်ရက်ရရှိဖို့ ကြိုးစားနေပါတယ်။
နာက်ပြီး သာင်္ကေတ မြို့နယ်နေရာ တော်တော်များများမှာ ကွန်ရက်ရရှိဖို့ လိုပါသေးတယ်။
အဲဒီအခြေအနေကိုလည်း ဒီလကုန် ဆောင်ရွက် သွားမှာပါ။
နာက်ပြီး ဗဟန်းမြို့နယ်ဖြစ်တဲ့ ရွှေတောင်ကြားမှာလည်း တပတ်၊ နှစ်ပတ်အတွင်း ကွန်ရက် ရရှိတော့မှာ ဖြစ်ပါတယ်” လို့ အူရီဒူး မြန်မာရဲ့ အမှုဆောင် အရာရှိချုပ် Ross Cormack က သတင်းထောက်များကို ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၆ မြို့နယ်မှာ စက်တင်ဘာလကုန်အထိ အူရီဒူးကွန်ရက်ရှိနေပြီး အောက်တိုဘာအကုန်မှာတော့ နောက်ထပ် ၁၃ မြို့နယ်အထိ တိုးချဲ့နိုင်မယ်လို့ အူရီဒူးက ဆိုပါတယ်။

ဒါဆိုရင် မကြာခင် ရန်ကုန်မှာ အူရီဒူးကွန်ရက်ရှိမယ့် မြို့နယ်အရေအတွက် ၃၉ မြို့နယ် ဖြစ်လာပါတော့မယ်။

အောင်တိုဘာအလွန် ဒေသကြီး ၄ ခုအတွင်း အူရီဒူးဖုန်း သုံးနိုင်မယ့် အခြေအနေ




သူဇာ

0 comments:

Post a Comment