သုံးဘီးမောင်းသူများ၏ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် AA Family ယာဉ်မောင်းသေဆုံး

အောက်တိုဘာ ၂၇ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့သို့ မောင်းနှင်လာသော ခရီးသည်တင် Express ယာဉ်တစ်စီး၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးကို သုံးဘီး မောင်းသူများက ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာ ယာဉ်မောင်း တစ်ဦး နှင့် ယာဉ်နောက်လိုက် နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး လားရှိုး ပြည်သူ့ ဆေရုံကြီးသို့ တင်ပို့ ကုသမှု ခံယူနေစဉ် ယာဉ်မောင်း သေဆုံး သွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ ၂၇ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ် အချိန်ခန့်က AA Family ယာဉ်လိုင်းမှ မကွေး - လားရှိုး Express ယာဉ်သည် လားရှိုး မြို့တွင်းသို့ ဝင်ရောက် လာရာ ရပ်ကွက်(၁) တွင် ဆင်းသက်လိုသော ခရီးသည် များရှိသဖြင့် ခေတ္တရပ်တန့် ပေးခဲ့သည်။ Express ယာဉ် ရပ်တန့်လျှင် သုံးဘီးယာဉ်ငယ် များကလည်း ယင်း Express ကား ရပ်တန့်ရာသို့ ရောက်ရှိ လာကြပြီး ခရီးသည် များကို အပြိုင်အဆိုင် ခေါ်တင်ခဲ့ ကြသည်။

ထိုသို့ ခရီးသည် အပြိုင် ခေါ်ကြရင်း အမည်မသိ သုံးဘီးမောင်းသူ တစ်ဦးက Express ယာဉ်ပေါ် တက်ကာ ခရီးသည် ရရှိရန် အလို့ငှာ မေးမြန်းသည်ဟု ဆိုသည်။ Express ယာဉ်နောက်လိုက်များကလည်း ခရီးသည် ပစ္စည်း လုံခြုံရေး အတွက် ကားထဲထိ မတက်ရန် ဟန့်တားစဉ် ယင်း သုံးဘီးမောင်းသူ နှင့် ကတောက်ကဆ ဖြစ်ရာမှ Express ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးတို့အား သုံးဘီးယာဉ်မောင်း အဖွဲ့မှ တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရိုက်နှက်မှုကြောင့် ယာဉ်မောင်း ကိုဇော်ကြီး ၃၅ နှစ်၊ ယင်းစိတ်ရွာ၊ တောင်တွင်းကြီး မြို့နယ် နေသူတွင် ဦးခေါင်း ဝဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာဉ်နောက်လိုက် နိုင်နိုင်ဝင်း၂၆ နှစ်၊ ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမ ကျေးရွာနေသူ တွင် ဦးခေါင်း ယာချိုစောင်း နှင့် ဝဲလက်မောင်း တို့တွင် ပေါက်ပြဲဒဏ်ရာ၊ ယာဉ်နောက်လိုက် မောင်မောင် ၂၆ နှစ်၊ အမှတ်(၆) ရပ်ကွက်၊ေ ချာက်မြို့ နေသူတွင် ယာနဖူး ပေါက်ပြဲ ဒဏ်ရာ တစ်ချက်တို့ ရရှိပြီး လားရှိုး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာ မှ ယာဉ်မောင်း ကိုဇော်ကြီး မှာ ရရှိထားသော ဒဏ်ရာများ ကြောင့် သတိမေ့ နေရာမှ သတိပြန်လည် မလာတော့ဘဲ ယမန်နေ့ နေ့လယ် ၁၂ နာရီ ၁ဝ မိနစ် အချိန်တွင် သေဆုံး သွားကြောင်း သိရသည်။

စုံစမ်း စစ်ဆေးမှုအရ အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးအား ရိုက်နှက် ခဲ့သူများမှာ ပြိုင်မြင်းအသင်း မှ သုံးဘီးယာဉ် မောင်းများ ဖြစ်ကြသော လားရှိုးမြို့၊ ရပ်ကွက်(၉) နေသူ သန်းဇော် နှင့် ရပ်ကွက်(၁ဝ) နေသူ သားငယ် ပါ လူတစ်စု ဖြစ်ကြောင်း၊ ရိုက်နှက် ရာတွင် သစ်သားတုတ် နှင့် သံတုတ် များကို အသုံးပြု ခဲ့ကြောင်း၊ သို့ဖြစ်၍ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် နှစ်ဦးအား ဒဏ်ရာ ရရှိအောင် ဝိုင်းဝန်း ရိုက်နှက်သူ များအား အရေးယူပေးပါရန် AA Family မကွေး - လားရှိုး အဝေးပြေး ကားဂိတ် တာဝန်ခံ ဦးနေဝင်းမြင့် က တိုင်တန်းခဲ့ သဖြင့် လားရှိုး မြို့မရဲစခန်း က (ပ) ၃၃၃/ ၁၄ ပြစ်မှုပုဒ်မ ၃၂၅/ ၁၁၄ ရေးဖွင့် ပြီး ဒုတိယ ရဲအုပ် စိုင်းကိုကို မှ စစ်ဆေးလျက် ရှိရာမှ ယခုအခါ (ပ)၃၃၃/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂/ ၁၁၄ ဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment