ခြင်ကိုက်ခံရခြင်းကိုသက်သာစေမယ့်နည်းလမ်းလေးများ

ခြင်ကိုက်ခံလိုက်ရပြီဆိုတာနဲ့ ယားယံခြင်း အနီရောင် အဖုအပိန့်တွေနဲ့အတူ အရေပြားကို အရုပ်ဆိုးစေတော့တာပါပဲ။ ခြင်ဆိုသော အင်းဆက်က သွေးကိုမစုပ်မှီမှာ သွေးကိုကျဲစေရန် ဆလီဗာလို့ခေါ်တဲ့ အရည်တစ်မျိုးကို အရေပြားထဲအရင် ထုတ်လွှတ်မှုကြောင့် ယားယံခြင်းနှင့် ရောင်ယမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခြင်ကိုက်ခံရခြင်းနဲ့ ယားနာအတွက် အလွယ်တကူ ကုသနည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။


၁။ ဗန်နီဂါ
ခြင်ကိုက်ခံရတာကို သိသိခြင်း ဗန်နီဂါရေအနည်းငယ်ကို ခြင်ကိုက်သောနေရာတွင် လိမ်းပေးပါ။ ရေစိမ်ချိုးသူတွေအတွက် ဗန်နီဂါရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာကို ရေချိုးဇလုံထဲရောစပ်ပြီး ရေချိုးနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်က ခြင်ကိုက်ယားနာကို သက်သာစေရုံမက အနာတွေကိုပါ သက်သာစေပါတယ်။ ရှားစောင်းလက်ပက်အနှစ်ကို ခြင်ကိုက်သောနေရာတွင် လိမ်းပေးနိုင်ပါတယ်။

၃။ မုန့်ဖုတ်ဆိုဒါနှင့်ရေအေး
မုန့်ဖုတ်ဆိုဒါကို ရေအေးနှင့်ရောပြီး ခြင်ကိုက်နာပေါ်တွင် လိမ်းပေးခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း သက်သာစေမှာပါ။

၎။ ကြက်သွန်နီ
ကြက်သွန်နီကို ပါးပါးလှီးပြီး ခြင်ကိုက်သောနေရာကို ကပ်ထားပြီး မိနစ်အနည်းငယ်ထားပြီး ရေနဲ့ဆေးကြောပြီးပါက လျင်မြန်စွာ သက်သာစေမှာပါ။

၅။ သွားတိုက်ဆေး
ခြင်ကိုက်ခံရသောနေရာကို သုတ်လိမ်းပြီး ခြောက်သွေ့တဲ့အထိ ထားပေးပါက ယားယံမှုကို သက်သာစေတာ အသေအချာပါပဲ။

ခြင်ကိုက်ခံရပြီး ယားယံခြင်း အဖုအပိန့်ဖြစ်ပေါ်ခြင်းတွေအတွက် သဘာဝပျားရည်၊ သံပုရာရည် နဲ့ ကြက်သွန်ဖြူမှရသော အဆီတို့ကို အလားတူ လိမ်းပေးခြင်းဖြင့် သက်သာပြောက်ကင်းစေပါတယ်။
စာဖတ်သူများအနေနှင့် ခြင်ကိုက်ခံရခြင်းအတွက် သဘာဝ နည်းလမ်းကောင်းလေးများ ရှိပါက ကွန်မန့်ပေးပြီးဝေမျှဖို့ တိုက်တွန်းပါတယ်။

0 comments:

Post a Comment