အဓမ္မမှုကျူးလွန်ခြင်း သွေးသားရင်းကို ပါစပ်ယှက်ခဲ့သူ အဖွဲ့ခေါင်းဆောင်တစ်ဦးအား အစ္စရေးတရားရုံးမှ ပြစ်မှုများစွာဖြင့် ထောင်ဒဏ်နှစ် ၃ဝ ချမှတ်


အစ္စရေးတရားရုံးတစ်ခုက နိုင်ငံ တွင်းရှိ တစ်ချိန်တည်း ဇနီးမယားများ စွာယူခြင်းကို အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးအား အဓမ္မကျင့် ခြင်း၊ မတော် တရော်အကြမ်းဖက် ခြင်း၊ သွေးသားရင်းနှင့်စပ်ယှက်ခြင်း အပါအဝင် အခြားလိင်ပိုင်းဆိုင်ရာ ပြစ်မှုများစွာဖြင့် အင်္ဂါနေ့တွင် ထောင် ဒဏ်နှစ် ၃ဝ ချမှတ်လိုက်သည်ဟု သိရသည်။

ထိုပြစ်ဒဏ်အား အယူခံဝင်သင့် မဝင်သင့်ကိုစဉ်စားနေသည်ဟု တရား ခံ၏ရှေ့နေက ဆိုသည်။ 

ဂွဲလ်ရက်ဇွန် သည် အမျိုးသမီး ၂၁ဦးကိုလိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကျွန်ပြု ခြင်းတို့နှင့် ၂ဝ၁ဝပြည့်နှစ်တွင် တရားစွဲ ခံခဲ့ရသည်။ 

ရက်ဇွန်သည် ထိုအမျိုး သမီးများကို တရားဝင်လက်ထပ်ထား ခြင်းမရှိသော်လည်း ၄င်းတို့ကိုသူ၏ ဇနီးများဟု သက်မှတ်ခဲ့သူဖြစ်၍ ထို အမျိုးသမီးများနှင့်ကလေး ၃၈ဦးရရှိ ခဲ့သည်။ 

ရက်ဇွန်အား အမျိုးသမီး ခြောက်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှု၊ အဓမ္မမှုတို့ဖြင့် လွန်ခဲ့ သောလတွင် တရားရုံးများစွာက အ ပြစ်ရှိကြောင်း သတ်မှတ်ခဲ့သော်လည်း ၄င်းသည် ကျွန်ပြုခြင်းစွဲချက်မှ တရား သေလွတ်မြောက်ခဲ့သည်။

ရက်ဇွန် ပတ်သက်ခဲ့တဲ့အမျိုး သမီးများစွာက ထိုအချိန်တုန်းက ဆယ်ကျော်သက်အရွယ်များသာဖြစ် ကြောင်းနှင့် ၄င်းတို့မှအချို့သည် ရက်ဇွန်၏ သမီးအရင်းများဖြစ်ကြောင်း၊ အစ္စ ရေးသတင်းစာတစ်စောင်၌ ဖော်ပြ ထားသည်။ 

အသက်၆၄နှစ်အရွယ် ရက်ဇွန်အား မလှုပ်မရှက်အနေအ ထားဖြင့် တဲလ်အဗစ်တရားရုံးတွင်မြင် တွေ့ခဲ့ရပြီး တရားသူကြီးသုံးဦးပါအဖွဲ့ က ၄င်းကို ထောင်လေး နှစ်ဆိုင်းငံ့ ပြစ်ဒဏ်ပါချမှတ်ခဲ့သည်ဟု အစ္စရေး ရေ ဒီယိုတစ်ခုက ပြောသည်။ 

ရက်ဇွန်သည်သွေးသားရင်းခြာအချင်းချင်း စပ်ယှက်မှုများပြုလုပ်သည့် အယောင် အဆောင်မိသားစုအဖွဲ့အစည်းတစ်ခု ကိုဖန်တီးကာ ထိုအဖွဲ့အစည်းအတွင်း ရောက်ရှိလာသည့် အမျိုးသမီးကြီးငယ် များကို ထောင်ချောက်ဆင်ကာ အသုံး ချခဲ့သည်ဟု တရားသူကြီးတစ်ဦးက ပြောသည်။ 

ထို့အပြင်ရက်ဇွန်သည် ၄င်းကိုယ်၎င်း မှော်ပညာရှင်တစ်ဦး အဖြစ် ဓာတ်ပုံတစ်ပုံဖန်တီးကာ ယင်း ဖြင့် အမျိုးသမီးများကို အဓမ္မကျင့် ခြင်း၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှု များကို ကျူးလွန်ခဲ့သည်ဟုလည်း သိရ သည်။ 

ရက်ဇွန်သည် ၄င်းဖန်တီး ထားသည့် အဖွဲ့အစည်းထံရောက်ရှိ လာသည့် အမျိုးသမီးများသည် ၄င်းအ တွက်တာဝန်ထမ်းဆောင်ရန်နှင့် ၄င်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်သာ ဖြစ်သည်ဟုသဘောထားဆက်ဆံခဲ့ ကြောင်းလည်း တရားရုံးကြေညာချက် တွင် ပါရှိသည်။

Ref: AFP

Democracytoday

0 comments:

Post a Comment