ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်နိုင်တဲ့ ကောင်မလေး


ဗီယက်နမ်နိုင်ငံမှာ ရှိတဲ့ ကောင်မလေး တစ်ဦးဟာ ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ် နိုင်စွမ်းရှိ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရ ပါတယ်။ ကင်မ်လူအန်ဟာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ နေထိုင်တဲ့ မျိုးနွယ်စု တစ်ခုက မွေးဖွားလာသူ ဖြစ်ပါတယ်။ အဲဒီ မျိုးနွယ်စုကို M Nong လို့ ခေါ်ဆိုကြပါ တယ်။ ထူးခြားတာက အဲဒီ မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ဘယ်လို ပြုလုပ်မရလဲ ဆိုတာ ကောင်းစွာ သိရှိထား ပါတယ်။ ဒါကြောင့် ကင်မ်လူအန် ဟာ ငယ်ရွယ်တဲ့ သူဖြစ်ပေမယ့် ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင် နိုင်စွမ်းရှိ ပါတယ်။ ကင်မ်လူအန်မှာ ဆော့ကစားဖော် ဆင်နှစ်ကောင် ရှိပြီး လိမ္မာ ယဉ်ကျေးလာအောင် သင်ကြားပေးလေ့ ရှိပါတယ်။ အသက် ခြောက်နှစ်သာ ရှိသေးတဲ့ ကင်မ်လူအန်ဟာ သူတို့ မျိုးနွယ်စု အစဉ်အလာကို ဆက်ထိန်း နိုင်ခဲ့ပြီး ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်ပေးလေ့ရှိ ပါတယ်။ ကင်မ်လူအန် တို့ရဲ့မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ပြုလုပ်ပြီး၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ အိမ်ဆောက်ခြင်း စတာတွေမှာ အသုံးပြုလေ့ ရှိပါတယ်။ ကင်မ်လူအန်ရဲ့ ဆင်တွေနဲ့ ဆော့ကစား နေတဲ့ မြင်ကွင်းကို အသက်(၃၅)နှစ်အရွယ်ရှိ ပြင်သစ် ဓာတ်ပုံဆရာ ရီဟန်က မှတ်တမ်းတင် ရိုက်ကူးမှု ပြုလုပ်ခဲ့ ပါတယ်။ ရီဟန်က M Nong မျိုးနွယ်စုတွေ ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင်တဲ့ မြင်ကွင်းဟာ နိုင်ငံခြားသား တစ်ဦး အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဆင်တွေနဲ့ လူတွေအကြား အပြန်အလှန် လေးစားမှု ပြသခဲ့တာ ဖြစ်ပါတယ်။ ကင်မ်လူအန်ဟာ ဆင်တွေနဲ့ ပိုရင်းနှီးစွာ နေနိုင်ခဲ့ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ရီဟန်ဟာ ဗီယက်နမ်မှာ ခုနစ်နှစ် ကြာနေထိုင် ပြီး ဓာတ်ပုံပေါင်း (၄၅၀၀၀) ရိုက်ကူးခဲ့ပေမယ့် ဆင်တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ရိုက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Messenger

0 comments:

Post a Comment