မိုင်ယမ်မီအမှုကိစ္စပြေလည်နိုင်ရေးအတွက် Bieber က ဒေါ်လာ ၅သောင်းလှူဒါန်းမည်


ပေါ့ပ်အဆိုတော် Justin Bieber သည် ဇန်န၀ါရီ(၂၃)ရက်နေ့က အမေရိကန်နိုင်ငံ၊ မိုင်ယမ်မီမြို့ တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး ကားမဆင်မခြင်မောင်းနှင်ခြင်းကြောင့် ဖမ်းချုပ်စစ်ဆေးခံရကာ သြဂုတ်လ (၁၃) ရက် တွင်တရားရုံး၌ကြားနာပြီးသော် ၄င်း၏အပြစ်များကိုဝန်ခံလိုက်ပြီး ၄င်း၏ပြစ်ဒဏ်အဖြစ်တရားရုံးက ဘီဘာသည် စိတ်ထိန်းချုပ်ရေးသင်တန်းများ တက်ရောက်ရမည်ဖြစ်ပြီး ကြီးမားသည့်လှူဒါန်းမှုတစ်ရပ် လုပ်ဆောင်သွား၇မည် ဖြစ်ကြောင်း သိရသည်။


Justin Bieber (၂၀နှစ်) သည် တရားရုံးက မိန့်ကြားလိုက်သည့်အတိုင်း စိတ်ထိန်းချုပ်ရေးသင်တန်းကို ၁၂နာရီခန့် တက်ရောက်ရမည်ဖြစ်ကာ အလှူအဖွဲ့အစည်းတစ်ခုကို ဒေါ်လာ ၅သောင်းခန့် ပေးလှူရမည် ဖြစ် သည့်အပြင် ဘီဘာအနေဖြင့် ပစ်ဒဏ်ကိုလျှော့ချလိုပါက ကားမဆင်မခြင်မောင်းနင်သူများအတွက် ပညာပေးဗီဒီယိုများကို ကြည့်ရှုရမည်ဖြစ် ကြောင်းသိရသည်။ ဘီဘာသည် ဇန်န၀ါရီ ၂၃ရက်ညတွင် ငှားရမ်းထားသော လမ်ဘိုဂီနီကားဖြင့် မူးယစ်ကာကားပြိုင်မောင်းခြင်း နှင့် ၄င်းအား ရဲအရာရှိများကတား၍ စစ်ဆေးရာတွင် ရဲအရာရှိ၏ဖမ်းဆီးခြင်းကို ခုခံခဲ့ခြင်းအစရှိသည့် ပစ်မှုများဖြင့် မိုင်ယမ်မီ ရဲတပ်ဖွဲ့က ဘီဘာအားဖမ်းဆီးခေါ်ဆောင် ခဲ့ကြောင်းသိရသည်။ ယခင်နှစ် ဇန်န၀ါရီလကလည်း ဘီဘာက အိမ်နီးချင်းတစ်ဦး၏ အိမ်တံခါးအား ကြက်ဥများဖြင့်ပစ်ပေါက်ခဲ့သဖြင့် ဒေါ်လာ ၂သောင်းတန် ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ တရားရုံး၏မိန့်ကြားမှုဖြင့် ဘီဘာသည် ဒေါ်လာ ၈၀၉၀၀ ခန့် ကို အိမ်နီးချင်းဖြစ်သော Schwartz မိသားစုအား လျော်ကြေးငွေအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ဘီဘာ၏အိမ်နီးချင်း Suzie Schwartz သည် ဘီဘာက ၄င်း၏ပြသနာများကို အလေးထား၍ဖြေရှင်း သင့်ကြောင်း၊ ၄င်းကနာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း အများပြည်သူတို့၏ ပစ္စည်းဥစ္စာများကို ဖျက်စီးခြင်း၊ စည်းကမ်းမဲ့စွာကားမောင်းနင်ခြင်း တို့ကိုမိမိလုပ်ချင်တိုင်း လုပ်၍ရနိုင်မည်မဟုတ်ကြောင်း Daily News သတင်းစာကို ပြောပြခဲ့သည်။

0 comments:

Post a Comment