The Expendables 3 ကြိုတင်ပေါက်ကြားခဲ့ခြင်းကြောင့် ရောင်းအားနည်း


ဟောလိဝုဒ်မှ ဒိတ်ဒိတ်ကြဲ အက်ရှင်မင်းသားများ စုစည်းရိုက်ကူးသည့် The Expendables 3 သည် ဖြန့်ချိ သည့်နေ့ရက်မရောက်မှီ ၃ပတ်ကြိုတင်၍ အင်တာနက်ပေါ်ပေါက်ကြားခဲ့သဖြင့် သြဂုတ်လ ၁၅ရက်နေ့ ကဖြန့်ချိခဲ့ရာတွင် ထင်မှတ်သလောက် ရောင်းအားမကောင်း ခဲ့ကြောင်းသိရသည်။

Rambo မင်းသား (Sylvester Stallone), Arnold Schwarzenegger, Jet Li, Jason Statham အစရှိသည့် ဟောလိဝုဒ်၏ အကြီးဆုံးကြယ်ပွင့်များစုစည်း ရိုက်ကူးထားသည့် Expendables 3 သည် လွန်စွာအောင်မြင်မည့် ဟောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်မည်ဟု ပရိသတ်များက ယုံကြည်ထားရသော်လည်း ၄င်းပထမဆုံး ဖြန့်ချိသည့်နေ့တွင်ဒေါ်လာ ၅.၉သန်းခန့်သာရောင်းရကာ သီတင်းပတ်အတွင်း အရောင်းရဆုံးဟောလိဝုဒ် ဇာတ်ကားများစာရင်း၏ တတိယနေရာကိုသာ ချိတ်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆက်တွဲဇာတ်လမ်းများက မူလဇာတ်လမ်းကဲ့သို့ ရောင်းအားမကောင်းသည်မှာ ဟောလိဝုဒ်၏ ဓလေ့ထုံး စံကဲ့သို့ဖြစ်နေပြီး The Expendables အတွက် ဤနှစ်နွေရာသီတွင် Guardians of the Galaxy နှင့် Teenage Mutant Ninja Turtles ကဲ့သို့ ပြင်းထန်သော ပြိုင်ဆိုင်မှုများရှိနေသည်ကို တွေ့ရသည်။ Expendables 3 သည် လွန်ခဲ့သည့် ၃ပတ်ခန့်က အင်တာနက်ပေါ်တွင် The Pirate Bay ကဲ့သို့အွန်လိုင်းရုပ်ရှင် ကြည့်ဝက်ဆိုဒ်များ၌ ပေါက်ကြားခဲ့ပြီး ၄င်း၏ကုမ္ပဏီ Lionsgate က အဆိုပါဝက်ဆိုဒ်များကို တရားစွဲဆိုခဲ့သည်။ Expendables ဇာတ်ကားမျာသည် နိုင်ငံရပ်ခြားများ၌ အောင်မြင်လေ့ရှိခဲ့သဖြင့် ဖြန့်ချိသူများက နိုင်ငံခြားဝင်ငွေ ကိုလည်းစောင့် ကြည်လျက်ရှိကြောင်း သိရသည်။ 

The Expendables 3 တွင် ၀ါရင့်မင်းသားကြီး Mel Gibson က ဗီလိန်အဖြစ်သရုပ်ဆောင်သည်ကို တွေ့မြင် ရမည်ဖြစ်ပြီး Desperado မင်းသား Antonio Banderas ကိုလည်း ဇာတ်ကောင်သစ်အဖြစ်တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment