ဒုတိယစီးရီး ခြေလှမ်းသစ်ကို ပြင်ဆင်နေတဲ့ ထွန်းရတီ

” အချစ်များစွာယူ” စီးရီးနဲ့ အချစ်များစွာယူ သီချင်းကို ပရိသတ်လက်ခံမှုနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု ရယူလာနိုင်ခဲ့သူကတော့ အမျိုးသမီး တေးသံရှင် ထွန်းရတီပဲ ဖြစ်ပါတယ်။ ထွန်းရတီက အချစ်များစွာယူစီးရီးရဲ့ ဗီစီဒီ မှာ လူပိုသိလာခဲ့တဲ့ တေးသံရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ပထမစီးရီးရဲ့ စီဒီ၊ ဗီစီဒီ အားလုံးထွက်ရှိ အပြီးမှာတော့ ထွန်းရတီက ဒုတိယစီးရီး ခြေလှမ်းသစ်ကို ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

ပထမစီးရီးမှာတော့ လူငယ်ပရိသတ်နဲ့ အစပ်အဟပ် တည့်ခဲ့တာကြောင့် ဒုတိယ စီးရီးရဲ့ ပြင်ဆင်မှု အနေအထားကိုမေးတော့ ” ပထမစီးရီးမှာတော့ Pop နဲ့ Modern Rock နဲ့ ပိုသွားထားတယ်။ R & B ပုံစံမျိုးက အချစ်များစွာယူ သီချင်း လို ပုံစံမျိုးပဲပါတယ်။ ဒုတိယအခွေမှာတော့ လူငယ်နည်းနည်းပိုဆန်သွားအောင် Pop, R & B, Dance ပုံစံဘက်ကို ပိုသွားထားပါတယ်။


အခုဒုတိယ စီးရီးအခြေအနေကတော့ စတီးနေပါပြီ။ သီချင်းတွေကတော့ ရနေ ပြီ။ အသံသွင်းဖို့ပဲ လိုပါတော့တယ်” လို့ထွန်းရတီ ကပြောပါ တယ်။ ပထမစီးရီး ရဲ့ အမ်တီဗီမှာ ပရိသတ် စိတ်ဝင်စားမှု ပိုပြီးရရှိခဲ့တဲ့ အပေါ်မှာလည်း ထွန်းရတီ က

” အဲဒီအပေါ်မှာလည်း တအားဝမ်းသာပါတယ်။ ရတီက တစ်ကိုယ်တော်ခွေ မထွက်ခင်ကြားမှာ အနုပညာလှုပ်ရှားမှု မရှိခဲ့ဘူး။ စီဒီတုန်းက သိတော့သိပေ မယ့် လူနဲ့မတွဲမိဘူး ဖြစ်သွားတယ်။ အမ်တီဗီ ထွက်လာတော့မှ ထွန်းရတီဆိုတာ ဘယ်သူလဲဆိုပြီး စပြီးစိတ်ဝင်စားလာတယ်။ အချစ်များစွာယူ သီချင်းနဲ့ ထွန်းရတီ ဆိုပြီး သိသွားတဲ့အတွက် အနုပညာ လောကမှာ နေရာလေး တစ်နေရာစာ ရခဲ့တာပါ” လို့ ထွန်းရတီ က ပြောပြပါတယ်။ ထွန်းရတီရဲ့ ဒုတိယ စီးရီးသစ်ကိုတော့၂ဝ၁၄ နိုဝင်ဘာထဲမှာ ထွက်ရှိဖို့ရည်ရွယ် ထားတယ်လို့ သိရပါတယ်။

0 comments:

Post a Comment