Bad Boy 3 ဇာတ်ကား ၂ဝ၁၅ ဇူလိုင်တွင် ရုံတင်မည်


CBS သတင်းဌာန အရ Bad Boy 3 ဇာတ်ကားသည် ရိုက်ကူးလျက်ရှိပြီး ၂ဝ၁၅ ဇူလိုင်လတွင် ရုံတင် နိုင်ဖွယ်ရှိသည်။ ထိုကြေညာချက်ကို သြဂုတ်လ ၁၃ ရက်တွင် မာတင်လောရန်စ့် က Conan ရုပ်သံနှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Conan ရုပ်သံက မာတင် အား တတိယမြောက် Bad Boy 3 ဇာတ်ကား အကြောင်း မေးမြန်းရာတွင် "ဂျယ်ရီ ဘက်ခ် ဟိုင်းမာနဲ့ စကားပြောပြီးပါပြီ တကယ် ထွက်လာဖို့ ရှိပါတယ်။ သူတို့ အခု ဇာတ်ညွှန်း ရေးနေကြပြီ"ဟု ၎င်းက ဆိုသည်။


နောက်ဆုံးထွက် Bod Boy 3 ဇာတ်ကား၏ ဒါရိုက်တာ မိုက်ကယ်လ်ဘေးက ဖြစ်နိုင်ဖွယ်ရှိပြီး ဇာတ်ညွှန်းရေးသားသူမှာ ပီတာ ခရေး နှင့်ဒေးဗစ် ဂွင်းဂန်ဟိန်း တို့ ဖြစ်သည်။ သရုပ်ဆောင်များကိုမူ ရွေးချယ်ဆဲဖြစ်ပြီး အထူးသဖြင့် မာတင်လောရန်စ့်နှင့်ဝဲလ်စမစ် တို့က စုံထောက်မားစ်ကပ်ဘားနပ်နှင့် မိုက်လော်ရေးတို့ အဖြစ် သရုပ်ဆောင်နိုင်ဖွယ်ရှိသည်။ ယခုအချိန်တွင် ဇာတ်ညွှန်း ရေးသားဆဲ ဖြစ်ပြီး ပရိသတ်များကို ဖမ်းစားနိုင်မည်ဟု ယုံကြည်ကြသည်။

Bad Boys မူရင်း ဇာတ်ကားသည် ၁၉၅၅ ခုနှစ်တွင် ရုံတင်ခဲ့ပြီး Bad Boys 2 ကို မူ ၂ဝဝ၃ ခုနှစ်တွင် ထုတ်လုပ် ရုံတင်ခဲ့သည်။ ပရိသတ်များကို မေးမြန်းသည့်အခါ တွင် တစ်ချို့ က မူလ Bad Boys ဇာတ်ကားကို ပိုကြိုက်သူ များရှိသကဲ့သို့ Bad Boys 2 က အကောင်းဆုံးဟု ဆိုသူများလည်းရှိသည်။

ရဲစုံထောက် ဟာသကားမှာ ရယ်မောမှုများ စိတ်လှုပ်ရှားဖွယ်ရာများ သည်းထိတ်ရင်ဖိုမှုများ ပါဝင်နိုင်ပြီး ၂ဝ၁၅ ခုနှစ်ဇူလိုင်တွင် ထွက်ရှိလာနိုင်မည် ဖြစ်သည်။

Mizzima

0 comments:

Post a Comment