ကွမ်းလုံ ရက် ၄၀ ရိုက်ဖို့ တာဝန်ကြီးတယ်ဆိုတဲ့ မင်းမော်ကွန်း


‘ကွမ်းလုံ ရက် ၄၀ ’ ဇာတ်ကားသည် ယခင်ရိုက်ကူးဖူး သည့် တပ်မတော်ကားများနှင့် မတူဘဲ သမိုင်းအမှန်ကို ရိုက်ကူး ခြင်းဖြစ်သောကြောင့် တာဝန်ကြီး ကြောင်းမင်းမော်ကွန်းက ပြော သည်။

‘‘ကျွန်တော် အရှေ့မှာရိုက်ခဲ့ တဲ့ တပ်မတော်ကားတွေက ဇာတ် လမ်းဖန်တီးထားတဲ့ ဇာတ်ကား တွေ။ အခုကားက တကယ့်သမိုင်းကိုရိုက်ရမယ့် ကားဖြစ်တဲ့အတွက် တာဝန်ကြီးတယ်လို့ ခံစားရပါ တယ်’’ ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် ဗိုလ် ကြီးသူရအေးရွှေ၏ နေရာ၌ ပါဝင် သရုပ်ဆောင်ရမည်ဖြစ်ပြီး သူရဲ ကောင်းတစ်ယောက်၏ နေရာ တွင် ပါဝင်သရုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် ပြင်ဆင်မှုများ ပြုလုပ်သွားရမည်ဟု ၎င်းက ဆို သည်။

‘‘ဘောက်ထော်က မှတ် တမ်းရုံးထဲမှာ တပ်သားသစ်တွေ၊ အရာရှိတွေနဲ့အတူ PT ပြေးတာ၊ တန်းစီတာ၊ တပ်မတော်သားတွေ လုပ်ရတဲ့ စည်းကမ်းတွေ အကုန် လုံးကို မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် သွားပြီး လေ့ကျင့်နေ တယ်’’ ဟု ကွမ်းလုံရက် ၄၀ ဇာတ် ကားပြင်ဆင်မှုနှင့် ပတ်သက်၍ မင်းမော်ကွန်းကပြောသည်။

ယင်းဇာတ်ကားတွင် မင်း မော်ကွန်းနှင့်အတူ အခြားနာမည် ကြီး သရုပ်ဆောင်များစွာ ပါဝင် မည်ဖြစ်ပြီး ဒါရိုက်တာ ပန်းချီစိုး မိုးက ၂၀၁၅ တွင် ကျရောက်မည့် နှစ် (၇၀) ပြည့် တပ်မတော်နေ့အ ထိမ်းအမှတ် ဂုဏ်ပြုဇာတ်ကား အဖြစ် ရိုက်ကူးသွားမည်ဖြစ် သည်။

by 7day

ရိုဟင်ဂျာကိစ္စ ဗိုလ်ချုပ် ဂွမ်မော် ဗြောင်လိမ်နေသည်


ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နယ်မြေမှာ ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ အခြေချနေထိုင်ခွင့်ပြုဖို့ တောင်းဆို တဲ့ Vedio ရုပ်သံဖိုင် တက်လာမှုနဲ့ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တရားဝင် လာရောက် တောင်းဆိုတာ မရှိဘူးဆိုပြီး တုန့်ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေ အခြေချနေထိုင်ခွင့်ပြုဖို့ တရားဝင် တောင်းဆို စေချင်တာလား မပြောတတ်ပါ။ ဒါပေမယ့် သူဘယ်လိုပဲ ဖုံးဖိပြောနေပေမယ့် ရုပ်သံဖိုင်က တရားဝင်ဖြစ်ကြောင်း သက်သေပြနေပါတယ်။
RSO က ဦးမောင်ထွန်းနုနဲ့ ရိုဟင်ဂျာ ၃ ဦးကို လက်ခံတွေ့ဆုံခဲ့သူက KIO အဖွဲ့တွင် နိုင်ငံခြားဆက်ဆံရေးနှင့် မဟာမိတ်ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်ဖြစ်ပါတယ်။ အဲဒီလို KIO မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အရာရှိကြီးဆီမှာ တောင်းဆိုတာဟာ တရားမ၀င်ဘူးလားဗျာ။ ပါးစပ်က ပြောတာထက် ရုပ်သံဖိုင်ကိုကြည့်ရင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင် ကိုယ်တိုင် လိုလိုလားလား ရှိခဲ့တာကို ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ အဲဒီရုပ်သံဖိုင်ထဲကအတိုင်း သူနဲ့ရိုဟင်ဂျာတို့ တွေ့ဆုံခဲ့တယ်ဆိုပြီး ၀န်ခံထားပါတယ်။
ဖြစ်စဉ်အမှန်ကို ဗိုလ်ချုပ် ဂွမ်မော် ဘယ်လိုပဲ ငြင်းပေးနေပေမယ့် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က အဲဒီတွေ့ဆုံမှု ဟာ ကချင်အမျိုးသမီးတစ်ဦးရဲ့ အိမ်ထောင်ဖက် အမေရိကန်နိုင်ငံသားမိတ်ဆွေရဲ့ ညစာစားပွဲမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အချိန်ကာလကတော့၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကပါ။ မလေးရှားနဲ့ ရခိုင်ပြည်နယ်ဘက်က ရောက်ရှိ နေတဲ့ မွတ်စလင် ၇ ဦးနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး မျက်နှာစိမ်းတွေသာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင် က ဖြေရှင်းချက်ပေးပါတယ်။ ဒါပေမယ့် မိတ်ဆက်ပေးပြီးနောက် ရိုဟင်ဂျာခေါင်းဆောင်ဆိုသူက နယ်မြေခွင့်ပြု ဖို့ ထည့်သွင်းပြောဆိုတာဖြစ်ကြောင်း၊ ဒီကိစ္စကို ဟာသအဖြစ်သာ သဘောထားကြောင်း ပြောကြားထား ပါတယ်။
သူကလည်း ဗိုလ်ချုပ် ဂွမ်မော်နှင့် အတိုင်အဖောက်ညီစွာ တရားဝင်ပြောတာမဟုတ်ဘူးလို့ ပြောလိုက်ပြန်ပါ တယ်။
ဒီအကြောင်းပြချက်တွေဟာ ရုပ်သံဖိုင်ပေါ်လာမှသာ ပေးတဲ့ဆင်ခြေတွေဖြစ်ပါတယ်။ အစကတည်းက ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်နဲ့ ရိုဟင်ဂျာတွေ တွေ့ဆုံပြီး ကချင်မြေမှာ တပ်စခန်းချဖို့ နယ်မြေတောင်းဆိုတာ ဗိုလ်ချုပ် ဂွမ်မော် မသိမဟုတ်၊ သိသိကြီးနဲ့ ဗြောင်လိမ်နေခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ KIO ထိန်းချုပ်နယ်မြေထဲမှာ ၂၀၁၃ ခုနှစ် ဇွန်လတုန်းက အိန္ဒိယ - ပါကစ္စတန် နယ်စပ်က မွတ်စလင်ညီအစ်ကိုများ အဖွဲ့ ၀င်လာခဲ့ဖူးပါတယ်။ လိုင်ဇာကို ရောက်လာတဲ့ အဲဒီအဖွဲ့ကို သက်ဆိုင်ရာက သိမှာကြောက်လို့ ဗိုလ်ချုပ် ဂွမ်မော်ကိုယ်တိုင် ကားနဲ့ခေါ်ပြီး လိုင်စင်ပို့စ်ဘက်ကို ခေါ်သွားခဲ့တာပါ။ သူတို့ဝင်လာတာကတော့ KIA နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ပဲ ဖြစ်ပါတယ်။
ယခုတစ်ကြိမ် ရုပ်သံဖိုင်အထောက်အထားရှိနေတာတောင် ဗြောင်လိမ်နေတဲ့ ဗိုလ်ချုပ် ဂွမ်မော် စကားကို လေးနဲ့ စားရမလို ဖြစ်နေပါပြီ။ အရှင်းဆုံးပြောရရင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်ဟာ ဗိုလ်ချုပ် ဂွမ်မော်လက်အောက် ငယ်သားဖြစ်တဲ့အတွက် အဲဒီရုပ်သံဖိုင်ထဲက အပေးအယူကိစ္စ အချိန်မီ ဖြေရှင်းပေးဖို့ လိုပါတယ်။
လိမ်ရင်လည်း ကြည့်ပြီးလိမ်ပါလား ဗိုလ်ချုပ်ဂွမ်မော်။ အခုလို ရုပ်သံ ဗွီဒီယိုမှတ်တမ်း Online ပေါ်မှာ ပျံ့နေတာတောင် ဗြောင်လိမ်တာကတော့ မကြာမီကာလမှာ အစိုးရအဖွဲ့နဲ့ ဆွေးနွေးတော့မယ့် အပစ်ရပ်ရေးကိစ္စတွေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တွေအပေါ် အဖျက်သဘော သက်ရောက်သွားနိုင်သလို ပြည်သူမုန်းတဲ့ ပြည်သူ့ချဉ်ဖတ် KIA မဖြစ်စေဖို့ အချိန်မီ ဖြေရှင်းပေးသင့်တယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။
မောင်တိုးတက်
နေ့စဉ်သတင်း

VIRGINITY (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)



ဆရာရေးတဲ့ (လူပျိုဖြစ်ပြီ) မှာ ရေးထားတဲ့ နို့သီးဝိုင်းဟာ ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူး သေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အဲဒါ မိန်းကလေး အကုန်လုံးကို ပြောတာပါလား။ ထိပ်ဖျားမှာ ပန်းရောင်မရှိတဲ့ မိန်းမတိုင်းဟာ အပျို မစစ်တာလား ဆရာ။ အညိုဖြစ်နေရင် အပျိုမဟုတ်တော့ဘူးလား။ အဲဒါလေး သေချာအောင် သိချင်လို့ပါ။


ရင်သား အရောင်ကို ပြောရင် နှစ်နေရာမှာ ပြောဘို့ လိုတယ်။ Areola နို့အရောင်ရင့်အဝိုင်း နဲ့ Nipple နို့ထိပ်ဖျား။ နှစ်ခုလုံးက Virginity အပျိုရည်နဲ့ ဘယ်လို ဆက်စပ်သလဲ။ အပျိုစစ်တယ်ဆိုတာ ဘာလဲ။




ခန္ခာဗေဒက “In the virgin the areola is of a delicate rosy hue” လို့ ဆိုပါတယ်။ ဘာသာပြန်ရင် “အပျိုဘဝမှာ နို့အလည်ဝိုင်း (အေရီယိုလာ) ဟာ နှင်းဆီသွေး အရောင်ရှိတယ်” လို့ ပြောတာပါ။ ကိုယ်ဝန် ၂ လရှိတာနဲ့ အရောင်က ရင့်လာပြီး၊ Dark brown or even black color ညိုမဲမဲကနေ အနက်ရောင်အထိ ဖြစ်တယ်။ ကလေး နို့ဖြတ်ချိန် နောက်ပိုင်းမှာ အရောင် ပြန်လျှော့ ကျလာတယ်။ ဒီလို အရောင်အပြောင်း အလဲဟာ ပဌမဆုံး-ကိုယ်ဝန် ရှိတယ်-ရှိဘူးတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်ပါတယ်။


အပျိုစစ်စစ်ရော လူပျိုစစ်စစ်ပါ Virgin လို့ဘဲ ခေါ်တယ်။ အဓိပ္ပါယ် ဖွင့်တာ မတူကြပါ။ အများစုကတော့ “မိန်းကလေး တယောက် သူ့ဘဝမှာ ပဌမဆုံးအကြိမ် မိန်းမအင်္ဂါ (ဗဂျိုင်းနား) ထဲကို ကျားအင်္ဂါ (လိင်တံ) ထိုးသွင်းပြီး၊ လိင်ဆက်ဆံတာ တွေ့ကြုံဘူးလိုက်တာနဲ့၊ အပျို မစစ်တော့ဘူး။” “ယောက်ျားလည်း အဲလို အတွေ့ အကြုံရှိဘူးတာနဲ့ လူပျို မစစ်တော့ဘူး။” လို့ နားလည်၊ လက်ခံထားကြတယ်။ (လိင်တူ-ဆက်ဆံတာ ကို ဒီနေရာမှာ ချန်ထားပါရစေ။)




ဘယ်လို ခေါ်ခေါ်ပါ၊ အခြေအနေ အမျိုးပေါင်း များစွာ ဖြစ်နေနိုင်တယ်။ အပျိုစစ်စစ်၊ လိင်ဆက်ဆံဘူးပေမဲ့ အိမ်ထောင် မကျသေးသူ၊ လိင်ဆက်ဆံတာ များလှပေမဲ့ ကိုယ်ဝန်မရဘူးသူ၊ ကလေး မမွေးဘူးသူ၊ ကိုယ်ဝန်ရှိလို့ ပျက်-ဖျက်ဘူးပြီး၊ အိမ်ထောင်မရှိ၊ ကလေးမရှိသူ၊ ဗမာတွေက တခုလပ်၊ တလင်ကွာ၊ မုဆိုးမ ခေါ်ကြပေမဲ့ သူများဆီမှာ ယောက်ျား မရှိရင်လဲ (ဆင်ဂယ်လ်) ဘဲ၊ ယောက်ျား မယူဘဲ ကလေးရသူကို (ဆင်ဂယ်လ်-မားသား)။ ဦးစားပေးတောင် ခံရမယ်။ ရှိသေးပါတယ် အအိုပေမဲ့ ပျိုအောင် လုပ်ထားသူဆိုတာ ကလေးမွေးပြီး မ-အင်္ဂါကို ခွဲစိတ် ပြုပြင်ထားသူ၊ အပျိုမြှေး အသစ်ပြုပြင်ထားသူ၊ ဒါ့အပြင်လဲ ရှိချင် ရှိအုံးမှာ။


Virginity ပျက်ယွင်းတာကို ဆေးပညာအရ စစ်လို့ ရနိုင်ပါတယ်။ Rape အဓမ္မပြုကျင့်လို့ ရာဇဝတ်မှု ဖြစ်ရင် ဆရာဝန်ဆီ ခေါ်လာရတယ်။ ဆေးစစ်ရာမှာ (၁) Rape အထမြောက်-မမြောက်၊ ယောက်ျား သုတ်ပိုး ပေကျန်နေတာ လိုက်ရှာပြီး၊ ဓါတ်ခွဲအတည်ြ့ပုချက် ယူပေးရတယ်။ (၂) အသက်ငယ်ရင် အသက် ပြည့်-မပြည့်ပါ စစ်ရသေးတယ်။ (၃) ထိခိုက် ဒဏ်ရာတွေ ရှိ-မရှိ ကြည့်ရတယ်။ (၄) တကယ်လို့ ခံရသူဟာ အပျိုဖြစ်ခဲ့ရင် အပျိုရည် ပျက်တဲ့ အချက်ပါ ကြည့်ရတယ်။




လိင်ဆက်ဆံဘူးတာနဲ့ ရင်သားအရောင် မပြောင်းလဲသေးပါ။ ရာသီဖြစ်စဉ်က ရင်သားကို တစုံတရာ သက်ရောက်စေတယ်။ တင်းတာ၊ နာတာမျိုး ဖြစ်တတ်တယ်။ အသက်ရလာရင် အဝိုင်းရော ထိပ်ဖျားပါ အရောင် ရင့်လာတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပြောင်းလဲတာတွေ တလှေကြီးထဲမယ် ရင်သား ပြောင်းလဲတာလဲ ပါတယ်။ ရင်သား ထိပ်ဝိုင်း အရောင် ရင့်လာပြီး၊ နို့သီး-ထိပ်ဖျားက အရောင်လဲ ပြောင်းတယ်။ “အသားအရောင် ဖြူဖြူ၊ ညိုညို၊ နို့သီး-ထိပ်ဖျား အလည်လောက်မှာ ပန်းရောင် စက်ကလေး ရှိနေရင် ကိုယ်ဝန် မဆောင်ဘူးသေးသူ” လို့ ပြောနိုင်ပေမဲ့၊ ပန်းရောင် မတွေ့ရရင် အပျို မဟုတ်ဘူးလို့ အရင်ထုတ် ဆေးစာအုပ်တွေက ဆိုပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူးတဲ့။


ယောက်ျားတွေမှာ အသက်ကြီးလာလို့ ဟော်မုန်း အချိုးအစား ပြောင်းချိန်မှာ နို့အုံက မိန်းမတွေလို ကြီးလာ ရင် Gynecomastia လို့ ခေါ်တယ်။ Testosterone ဟော်မုန်း နည်းလာလို့ပါ။




“နို့” ဟာ Mammals နို့တိုက်သတ္တဝါ အထီးမှာ ပါတယ် ဆိုယုံသာ မြင်ရပြီး၊ အမမှာတော့ သိသိသာသာ၊ ထူးထူးခြားခြား၊ မရှိမဖြစ် အသုံးဝင်လှတဲ့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတခု ဖြစ်ပါတယ်။ Breasts ကို Mammary Gland လို့ခေါ်တာက Milk နို့ရည် ထုတ်ပေးတဲ့ အိတ်လို့ ပြောတာပါ။ ဘယ်လောက် လေးတယ်၊ တင်းတယ်၊ ပြော့တယ်၊ ဘယ်ပုံပန်း ရှိတယ်ဆိုတာ အတော်ကြီး မတူကြပါ။ အစက ကမ္ဘာလုံးခြမ်း လိုရှိရာကနေ ကြာရင် ခေါင်လောင်းပုံ ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင်ရင် သိသိသာသာ ပိုကြီးပြီး၊ ကလေး နို့တိုက်နေချိန်မှာ အကြီးဆုံး။ များသောအားဖြင့် ဘယ်ဘက်က ပိုကြီးတယ် ဆိုတာကို ဆေးပညာကရော အရပ်စကားပါ ထပ်တူကြတယ်။ နို့အင်္ဂါဟာ လုံးဝန်းတယ် ဆိုပေမဲ့ တိတိကျကျ ပြောရင် အထက်-ဘေးဘက်၊ ချိုင်းဘက်ဆီ နဲနဲ ပိုရှည်ထွက်နေတယ်။ ဆေးစာမှာ Tail of breast အမြီးလို့ ခေါ်တယ်။


Nipple နို့သီးမှာ ပြွန်ပေါက်လေးတွေ ၁၅-၂ဝ ရှိတယ်။ Nipple piercing လုပ်ရင် အဲဒါတွေ ပျက်စီး စေတယ်။ Nipple ဟာ ဆလင်ဒါပုံ၊ ကတော့ပုံနဲ့၊ ၁ဝ မီလီမီတာ မြင့်တယ်။ သူ့ကို ဆွပေးရင် သန်မာမှု Erection ဖြစ်နိုင်တယ်။ နို့သီးထိပ်ကို ဆွလို့ သန်မာမှု ဖြစ်ရတာက Erectile tissue ကြောင့် မဟုတ်ပါ။ ကြွက်သားနု Smooth muscle ကြောင့် ဖြစ်ရတာပါ။ ကြက်သီး-မွေးညင်းထတာမျိုး၊ ရာသီဥတု အေးရင် ဖြစ်ရတာမျိုးလိုပါဘဲ။ လိင်စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ မင်းသမီးကို အဲဒီ နေရာကို ရေခဲ အကပ်ခိုင်းပြီး ချစ်ခန်း-ကြိုက်ခန်း ရိုက်ရတယ်။ နို့စို့နေရင်လည်း ဖြစ်တယ်။ ဒီနှစ်မျိုးလုံးက Oxytocin ဟော်မုန်းကြောင့်ပါ။ တချို့မှာ ဒီလို ဆွပေးတာနဲ့ဘဲ Orgasm လိင်စိတ်ပြည့်ဝခြင်း ဖြစ်နိုင်တယ်လို့ ပြောတယ်။




နို့သီးအခြေ အရောင်အရင့် အဝိုင်းကို Areola ခေါ်တယ်။ သူ့အပေါ်မှာ တခြားနေရာက ချွေးထွက် အိတ်တွေထက် ပိုကြီးတဲ့ အိတ်လေးတွေ ရှိပြီး၊ အဆီထုတ်ပေးတာမို့ ကလေးနို့စိုနေတုံး အကာကွယ် ပေးရာကျတယ်။ Nipple က Pink ပန်းရောင် ဒါမှမဟုတ် Brownish hue ခပ်ညိုညို အရောင် ဖြစ်တယ်။ ပန်းရောင်က ပိုလှတယ် ပြောရင် "မဟူရာ" မလေးတွေက ကလောတယ်။ "ပန်းရောင်ဘဲ ကြိုက်ရင် ဝက်မကြီးဆီ သွားပါလား" တဲ့။


(အေရီယိုလာ) က အရောင် မတူကြသလို အရွယ်အစား သာမက ပုံပန်းလဲ မတူကြပါ။ အများဆုံးက စက်ဝိုင်းလို ရှိကြပေမဲ့ Elliptical ဘဲဥပုံလည်း ရှိသေးတယ်။ ယောက်ျားတွေမှာ အချင်း ၁ လက္မရှိကြပြီး၊ မိန်းမတွေက ၁့၂ ကနေ ၄ လက္မအထိ ရှိကြတယ်။ ဒီအဝိုင်းက ဘာလို့ပါတာလဲကို မှန်းပြောတခုရှိတယ်။ နို့ဆာတဲ့ကလေး ရှာရတာ လွယ်အောင်တဲ့။ မဟုတ်နိုင်ပါ။ ကလေးဆိုတာ မွေးကတည်းက သူ့ပါးကလေးကို တခုခုနဲ့ ထိလိုက်တာနဲ့ နို့မှတ်ပြီး၊ ခေါင်း လှည့်လာမယ်။ နို့ရှာရာမှာ မျက်စိ မလိုပါ။


ကိုယ်ဝန် မဆောင်ဘူးသူ တချို့မှာ Breast နဲ့ Areola အရောင် အတော်နီးစပ်အောင် တူနေတတ်တယ်။ အိမ်ထောင်ရှိပေမဲ့ ကိုယ်ဝန် မဆောင်ဘူးသူနဲ့ အပျိုဘဝမှာ အခန့်မသင့်လို့ မှားယွင်းမိတာမို့ ဖျက်ဆေးသောက်ရသူတို့ ရင်သား အရောင် မတူကြပါ။ သူငယ်ချင်းတွေ ပြောကြ-ငြင်းကြတာတခု ရှိတယ်။ မိန်းကလေး တယောက်မှာ နှုတ်ခမ်း အရောင်နဲ့ နို့သီးဖျား အရောင်က တူကြသတဲ့။ “မရွှေတိကျ” က လာသေးတယ်၊ အပေါ် နုတ်ခမ်း အရောင်နဲ့သာ တူတာပါတဲ့။


မွေးကာစ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နို့ရည်ထွတ်တာ မ-ဟော်မုန်း သတ္ထိအရ ဖြစ်တယ်။ နို့ဆိုတာ ၂ ခုထဲလို့ သိကြပေမဲ့၊ တချို့မှာ ၂ ခုမက ရှိတတ်တယ်။ ဗိုက်ထဲ နေတုံးကတည်းက ရှိခဲ့တာပါ။ မင်းသား Mark Wahlberg တို့ အဲလီဇဗက် (၁) ရဲ့မယ်တော် Anne Boleyn တို့မှာ တတိယနို့ ရှိကြတယ်။ ဂျမ်းစ်-ဘွန်း ရုပ်ရှင် “ရွှေသနတ်နဲ့လူ” ထဲက လူဆိုးဆရာကြီး Francisco Scaramanga မှာလည်း အဲလို အပိုရှိတာကို ပြသေးတယ်။


လမ်းလျှောက်ရင်း၊ ပြေးရင်းကနေဖြစ်တဲ့ အခြေအနေတခုကို Jogger's nipple လို့ ခေါ်တယ်။ နို့သီးအဖျား နာ၊ ခြောက်၊ အနေရခက်၊ သွေးထွက်တာမျိုး ပြောတာပါ။ ဝတ်ထားတဲ့ အဝတ်အစားနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်ရတယ်။ ဒါ့ကြောင့် အတွင်းခံ မပါဘဲ ပြေးပါတဲ့။ ရှက်တတ်ရင်တော့ တထပ်ထဲ ခပ်ချောင်ချောင်သာ ဝတ်ပါတဲ့။ မြင်ကြရင်လဲ ကျန်းမာရေးအရ ဝတ်ကြတာလို့ သိထားလိုက်ပေါ့။


ယဉ်ကျေးမှု မတူရင် တန်ဘိုးထားမှု ကွဲပြားတယ်။ အံ့သြရလောက်အောက် မတူတာတွေ ရှိတယ်။ ဟောလိဝုဒ် ရုပ်ရှင် တခုမှာ အသက် ၁၈ နှစ်လဲ ပြည့်ပြီ၊ ကောလိပ် သွားရတော့မယ်၊ Virgin ဘဝနဲ့ မသွားချင်ဘူးလို့ မင်းသမီးလေးကို အပြောခိုင်းတယ်။ သူ့စရိုက်နဲ့သူ ကိုက်ပါတယ်။ သတို့သမီးကို စစ်သလား ဘယ်သူကမှ မမေးဘူး။ တထောင့်တည ပုံပြင် တခုထဲမှာ သမီးရဲ့ မင်္ဂလာဦးမှာ ဖအေ လုပ်သူက အော်တဲ့အသံကို နားစွန့်နေသတဲ့။ မအေက မနက်ကျရင် အိပ်ရာခင်း သွေးစွန်းတာ လိုက်ရှာသတဲ့။ သူများတွေ လက်ညှိုး ထိုးမနေနဲ့ ပုဂံခေတ်မှာ ပန်းဦးလွှတ်ထာ မလုပ် မနေရတဲ့။


ယောက်ျားနဲ့ ပဌမဆုံး ဆက်ဆံချိန်မှာ သွေးထွက်တာဖြစ်ရင် အပျိုစစ်တယ်။ သွေးမထွက်ရင် အပျိုမဟုတ်ဘူးလို့ မပြောဘဲ အပျိုမြှေး မရှိသူဖြစ်တယ်လို့ ပြောလာကြတယ်။ အဲဒီသွေးက အပျိုမြှေး စုတ်ပြဲသွားလို့ ထွက်တာကိုး။ တခြားကြောင့် သွေးထွက်တာတွေလဲ ရှိပါတယ်။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea & other STDs ရောဂါတခုခု ရှိနေရင်လဲ သွေးထွက်နိုင်တယ်။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ အပျိုမြှေး စုတ်ပြဲစေနိုင်တဲ့ အကြောင်းတွေလဲ ရှိတယ်။ စက်ဘီးစီး၊ မြင်းစီး၊ ထိခိုက်ဒဏ်ရာရ၊ (မာစတာဘေးရှင်း) လုပ်၊ ဆေးစစ်တုံးက ကရိယာထည့်လို့။


အပျိုစစ် လက္ခဏာဆိုတာတွေကို ဆေးပညာအရ ပြောပါဆိုရင် -
• ရင်သား၊ တင်းနေမယ်၊ လုံးဝန်းပြီး ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နို့သီးထိပ်က မာတင်းတင်း၊ အောက်ခြေ အဝိုင်းက ပင်ကိုယ်အသားအရောင် လိုက်ပြီး ပန်းရောင်ကနေ ညိုမဲမဲနေမယ်၊ နိုးသီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်၊
• မိန်းမကိုယ် အပြင်နုတ်ခမ်းသား လုံးဝန်းပြီး၊ ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နုတ်ခမ်းသား နှစ်ဖက် ထိကပ်နေမယ်၊ အတွင်းနုတ်ခမ်းသား နဲ့ မ-အစိတွေကို လုံးဝ ဖုံးအုပ်နေမယ်၊
• မိန်းမကိုယ် အတွင်း-နုတ်ခမ်းသား ပန်းရောင်ရှိမယ်၊ ထိရင် သိလွန်းတယ်၊
• မ-အစိ Clitoris သေးငယ်တယ်၊
• အတွင်း-နုတ်ခမ်းသားနှစ်ခုကို ဘေးဖယ်ကား ကြည့်တဲ့အခါ မြင်နိုင်တဲ့နေရာ Vestibule ကျဉ်းတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာ Fourchette အကောင်းပကတိ ရှိနေတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာရဲ့ဆုံချက် Posterior commissure အကောင်းပကတိ ရှိနေတယ်၊
• ဗဂျိုင်းနား Vagina ကျဉ်းတယ်၊
• ဗဂျိုင်းနားကို ဖုံးထားတဲ့အလွှာ အရောင်က နီတယ်၊ ထိရင် သိလွန်းတယ်၊ ဘေးနှစ်ဖက် ထိကပ်နေတယ်၊
• အပျိုမြှေး Hymen အကောင်း ပကတိ ရှိနေတယ်၊ လက်ချောင်း တချောင်းစာထက် ပိုမဆံ့ဘူး၊ နုတ်ခမ်းသားက စုတ်ပြဲသလို မဟုတ်ရဘူး၊ တိတိကျကျ ဖြစ်နေရမယ်။


ဆရာဝန်ပြောတာထက် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ကြမှာပါ။


Dr. တင့်ဆွေ

အသည်းနုနုအမျိုးသမီးများနှင့် ယမကာယဉ်ကျေးမှု


မြန်မာနိုင်ငံအတွင်းသို့ ကိုရီးယားယဉ်ကျေးမှုများ လွှမ်းမိုးလာနေသည်နှင့်အမျှ ၎င်းတို့၏ ယဉ်ကျေးမှုသဖွယ်ဖြစ်နေသည့် ဆိုဂျူး။ တစ်နည်းအားဖြင့် အရက်သောက်သုံးသည့် ဓလေ့ထုံးစံများ ပြည်တွင်းရှိ အမျိုးသမီးများအပေါ် သက်ရောက်မှုရှိလာခဲ့သည်။

ယခင်က မြန်မာအမျိုးသမီးများသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုအရ အရက်သေစာသောက်စားမှုကို ပြဒါးတစ်လမ်းသံတစ်လမ်းအဖြစ် သဘောထားခဲ့ကြသော်လည်း ယခုမူ နိုင်ငံတကာယဉ်ကျေးမှုအရ ခေတ်မီချင်သည့်သဘောဖြင့် အမျိုးသားများနှင့် တန်းတူသောက်သုံးလာကြသည်။

သို့သော် အမျိုးသားများထက် ခန္ဓာကိုယ်ဖွဲ့စည်းပုံအချိုးအစားကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများကို ခံနိုင်ရည်ရှိမှု နည်းပါးပြီး အသည်းထိခိုက်မှုနှုန်းမှာ အမျိုးသားများထက် ပိုမိုမြန်ဆန်သည်ကို မသိရှိကြပေ။

‘‘ခုနောက်ပိုင်း အမျိုးသမီးတွေသောက်တာ ပိုများလာတယ်။ အမျိုးသားတွေထက် ခန္ဓာကိုယ်အချိုးအစားသေးလွန်းတာကြောင့် ရောဂါပိုဖြစ်တယ်။ အသည်းခြောက်တာ ပိုမြန်တယ်။ ဖြစ်နှုန်းပိုမြင့်တယ်။ နည်းနည်းလေးသောက်တာနဲ့ ခန္ဓာကိုယ်ကို ပိုထိခိုက်နိုင်ပါတယ်’’ဟု ရန်ကုန်ခုတင်ငါးရာဆံ့ အထူးကုဆေးရုံကြီး၊ အသည်းဌာနမှ အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ကောက်ယူထားသော စစ်တမ်းအရ အမျိုးသား ၃၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၅ ရာခိုင်နှုန်းမှာ အရက်သောက်သုံးနေကြပြီး အမျိုးသားများ၌ ၂၅ နှစ်မှ ၃၀ နှစ်အတွင်း၊ အမျိုးသမီးများ၌ ၃၅ နှစ်မှ ၄၄ နှစ်အတွင်းများမှာ သောက်သုံးမှု ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အရက်သောက်သုံးသူ လူတစ်ရာကို လေ့လာကြည့်ပါက အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီးဦးရေ ၅ ဦးခန့် တွေ့ရှိရကြောင်း ယင်းစစ်တမ်း၌ ဖော်ပြထားသည်။

‘‘အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အဆီပိုများတယ်။ အမျိုးသားနဲ့ အမျိုးသမီး အတူအရက်သောက်ရင် အမျိုးသမီးက အသည်းကိုပိုထိခိုက်တယ်။ ပြီးတော့ တခြားလူမှုရေးထိခိုက်မှုတွေပါ အမျိုးသမီးတွေက ပိုဖြစ်နိုင်တယ်’’ဟု အငြိမ်းစားပါမောက္ခ စိတ်ကျန်းမာရေးဆရာဝန်ကြီးတစ်ဦးကဆိုသည်။

အရက်ဘီယာသောက်သုံးခြင်းကြောင့် အသည်းရောဂါ ဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်း၊ ထိခိုက်ဒဏ်ရာရရှိမှု ၃၀ ရာခိုင်နှုန်း၊ ကင်ဆာရောဂါဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း၊ ဦးနှောက်နှင့်အာရုံကြောထိခိုက်မှု ၆ ရာခိုင်နှုန်းဖြစ်ပွား၍ ဆေးရုံတင်ကုသမှုများလည်း အများအပြားရှိလာခဲ့ကြောင်း မြန်မာနိုင်ငံ၏ ဆေးရုံနှင့် လူနာမှတ်တမ်းများအရ သိရသည်။

လူတစ်ဦးချင်းအနေဖြင့် အရက်အနည်းငယ် နေ့စဉ်သောက်ပါက လူအများကို မထိခိုက်နိုင်ပါဟုဆိုနိုင်သော်လည်း တစ်နိုင်ငံလုံးရှိ အဆိုပါလူတစ်ဦးချင်းဆီကို ပေါင်းလိုက်သည့်အခါ လူအများဖြစ်လာသည်။ ထို့ပြင် လွတ်လပ်သော စီးပွားရေးမူဝါဒများ ချမှတ်လာကြသည့်အခါ ပုဂ္ဂလိကလက်သို့ လွတ်လပ်စွာ ထုတ်လုပ်ခွင့်လွှဲအပ်လိုက်သည့်အချိန်မှစပြီး အရက်များဈေးကွက်တွင် ပိုမိုတွင်ကျယ်လာပြီး အရက်သုံးစွဲမှု ပိုမိုများပြားလာခဲ့သည်။

ယခင်က မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ဗုဒ္ဓဘာသာဝင်များပီပီ ငါးပါးသီလစောင့်ထိန်းကြသည့်သဘောဖြင့် အရက်ဘီယာသောက်သုံးမှုများ မရှိခဲ့ပေ။ ယခုအခါတွင်တော့ အရက်၊ ဘီယာ သောက်သုံးခြင်း၌ အပြစ်ရှိသည်ဟု မထင်မှတ်ကြတော့ပေ။

‘‘အခုက အမျိုးသမီးတစ်ယောက် အရက်ဘီယာသောက်ရင် ငါးပါးသီလမလုံဘူးလို့ မထင်ကြတော့ဘူး။ သောက်ရင်ပဲ စတိုင်ကျသလိုလိုနဲ့ ပိုသောက်လာကြတယ်။ ဒါကြောင့် သောက်သူတွေ ပိုများလာတယ်။ မကောင်းတဲ့ဓလေ့တစ်ခုလို ဖြစ်လာတယ်’’ဟု အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်ကဆိုသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရက်မျိုးစုံသောက်သုံးမှုမှာ ၅၀ ရာခိုင်နှုန်း၊ ဝိုင်သောက်သုံးမှုမှာ ၈ ရာခိုင်နှုန်းရှိပြီး ဘီယာမျိုးစုံသောက်သုံးမှုမှာ ၃၅ ရာခိုင်နှုန်းရှိကာ တစ်သက်လုံး အရက်မသောက်သုံးမှုမှာ ၅၀ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာ့ကျန်းမာရေး၏ စစ်တမ်းများအရ ယနေ့ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင်ကျော်သည် အရက်ကို စွဲမြဲစွာသောက်သုံးနေကြကာ သန်း ၈၀ နီးပါးသည် အရက်ကြောင့်ဖြစ်ပေါ်သော ရောဂါဝေဒနာများ ခံစားနေရသည်ဟု သိရသည်။

‘‘ယောက်ျားလေးတွေသောက်ရင် ပြဿနာမရှိဘူး။ မိန်းကလေးသောက်ရင် သူတို့က ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းနိုင်ကြတာမဟုတ်ဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေလည်း အများကြီးဖြစ်သွားနိုင်တယ်။ သူများနိုင်ငံမှာသောက်လို့ ကိုယ့်နိုင်ငံမှာ လိုက်သောက်တယ်ဆိုတာမျိုးက မဖြစ်သင့်ဘူး။ ပြီးတော့ ဒါကမြန်မာနိုင်ငံလေ။ ဒါမျိုးတွေက မသင့်တော်ဘူးလို့ ထင်ပါတယ်’’ဟု ကမာရွတ်မြို့နယ် လှည်းတန်းဈေးနား၌နေထိုင်သူ အသက်(၆၀)ကျော်အရွယ် အမျိုးသားကြီးတစ်ဦးကဆိုသည်။ ။

credit to 7day

POLYCYSTIC OVARIAN SYNDROME (PCOS) ရာသီ မမှန်ရင် ဖတ်ပါ

(၁) သမီးအသက်က ၂၀ ပါ။ အိမ်ထောင်ရှိပါတယ်။ ၁၈ နှစ်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်စကျအချိန်က ကလေးမယူချင်သေးလို့ ၃ လဆေးတစ်ခါ ထိုးဖူးပါတယ်။ အိမ်ထောင်ကျပြီး ၂ လအကြာမှာဘဲ အမျိုးသားကတာဝန်နဲ့ နိုင်ငံခြားထွက်သွားခဲ့လို့ ဆေးဆက်မထိုးဖြစ်ခဲ့ပါဘူး။ အပျိုတုန်းကရာသီမှန်ပါတယ်။ ၃ လဆေးထိုးပြီးနောက်ပိုင်း ရာသီလာရင် ရက်တော်တော်ကြာအောင် နည်းနည်းဆင်းနေလို့ OG နဲ့ပြတော့ PRIMOLUTE N ဆေး ၃ လလောက် သောက်လိုက်တော့ ကောင်းသွားပါတယ်။ ဆေးရပ်ပြီး ၂ လလောက်နေတော့ ရာသီကမလာမလာနဲ့ OGနဲ့ပြန်ပြတော့ သွေးစစ်ကြည့်ပြီး T4, TSH ကတော့ normal ဖြစ်ပြီး PROLACTIN များနေလို့ ရာသီမမှန်တာဆိုပြီး Carbargolin ၃ ရက် သောက်ခိုင်းပါတယ်။ ရာသီပုံမှန်ဖြစ်အောင် PRIMOLUTE N ပြန်သောက်ခိုင်းပါတယ်။ OG တစ်ယောက်နဲ့ပြောင်းပြတော့ TVS ရိုက်ခိုင်းတော့ သားဥအိမ်နှစ်ခုစလုံးမှာ ရေအိတ်သေးသေးရှိတယ်။ PCOS ဆိုပြီး Metformin denk 500 ကို မနက်ကို တစ်ခြမ်း ညတစ်ခြမ်း ၃ လသောက်ခိုင်းပါတယ်။ နို့အုံကနေလည်း ညှစ်လိုက်ရင် နို့ရည်ကြည်နည်းနည်း ထွက်ပါတယ်။ ၃ လပြီးTVS ပြန်ရိုက်ပြီး ပြန်ကြည့်တော့လည်း မပျောက်သေးလို့ ၃ လသောက်လိုက် TVS ရိုက်နဲ့ ၉ လလောက်ကြာပါတယ်။ PROLACTIN ပြန်စစ်ကြည့်တော့လည်း normal ဖြစ်နေပါတယ်။ OG က Diane35 (Cyproterone acetate 2mg, Ethinylestradiol 0.035mg) ဆိုတဲ့ဆေးပြောင်းပေးပြီး ၄ လသောက်ခိုင်းပြီး TVS ပြန် ရိုက်တော့လည်း PCOS က မပျောက်ပါဘူး။ Brain ကို MRI ရိုက်ကြည့်တော့လည်း NORMAL ဘဲလို့ပြောပါတယ်။ နို့ရည်ထွက်တာကလည်း PCOS ကြောင့်လို့ပြောပါတယ်။ အခု Diane35 ရပ်လိုက်တာနဲ့ ရာသီမမှန်တော့ပြန်ပါဘူး။ ဆေးကုနေတာ ၂ နှစ်ကျော်နေပါပြီ။ နောက်လအနည်းငယ်ကြာရင် အမျိုးသားအခြေကျတဲ့နိုင်ငံကိုလည်း လိုက်သွားရတော့မယ်။ အခုအခြေတကျဖြစ်ပြီမို့ ကလေးလည်းလိုချင်ပါတယ်။ ကလေးကော ရနိုင်ပါ့မလား။ ၂ နှစ်လောက် ဆေးကုနေ တာတောင်မကောင်းလာတော့ ဘာဆက်လုပ်ရမှန်းကို မသိတာပါ။ သမီးဖြစ်နေတဲ့ရောဂါက ဘာလဲဆိုတာ ဘာကြောင့်ဖြစ်တာလဲဆိုတာ ရှင်းပြပေးပါ။ ဘာဆက်လုပ်သင့်တယ်ဆိုတာလဲ အကြံပေးပေးပါဆရာ။ နောက်ဆုံး result နဲ့ သွေးအဖြေများနဲ့ MRI reault ကို attach လုပ်ပေးလိုက်ပါတယ်။

(၂) သမီး အသက်က အခု ၂၇ နှစ်ပါ။ ကိုယ်အလေးချိန်ကတော့ 48 KG လောက်မှာပဲ ရှိပါတယ်။ အပျိုပေါ်ဝင်စ ၁၅ နှစ် လောက်ကတည်းက ရာသီသွေး မမှန်တတ်ပါ။ အခုထိ တခါတလေ ၂ လ ၃ လ ခြားပါတယ်။ ကြာချိန် ၃ ရက် လောက်ဘဲ ရှိတတ်ပြီး၊ အရမ်း ဗိုက်နာခြင်းတော့ မရှိသလောက်ပါ။ အသက် ၁၉ နှစ်တုန်းကတော့ ၆ လ အထိ ထိန်ဖူးပြီး၊ နုတ်ခမ်းမွှေး ရေးရေးလဲ သတိထားမိပါတယ်။

ပြီးတော့ အမွေး (ခြေသလုံး၊ ဂျိုင်း) လဲ နည်းနည်း ကြမ်းသလို၊ Areola နို့အရောင်ရင့် အဝိုင်း ပတ်ပတ်လည်မှာလဲ အမွေးလေးတွေက ခပ်ကြမ်းကြမ်းနဲ့ ရှည်ပါတယ်။ ကျား-ဟော်မုန်းသတ္တိ ကဲတာပါလားရှင်။ အဲ့လိုတွေရှိလို့ ကလေးမရမှာ အရမ်း စိုးရိမ်မိပါတယ်။ ၆ လ လောက်နေရင် ကလေး ယူချင်လို့ ဘယ်လို တားဆေးက အဆင်ပြေမလဲ။ သုံးလခံထိုးဆေး ဆိုရင်လဲ ကလေးပြန်ရဖို့ ကြာမှာ စိုးရိမ်လို့ပါ။

PCOS ရောဂါဆိုတာ အမျိုးသမီး မီးယပ်ရောဂါတခု ဖြစ်တယ်။ အမျိုးသမီး ၅-၁ဝ% မှာ ဖြစ်နိုင်တယ်။ ကလေးမရဖြစ်ရတဲ့ အဓိက အကြောင်းတရားလဲ ဖြစ်တယ်။ ရောဂါလက္ခဏာက ဆယ်ကျော်သက်ကတည်းက စတယ်။

ရာသီမမှန်တာ၊ ရာသီမလာတာ၊ ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန်များတာ၊ အမွှေးပေါက်များတာ၊ လူအဝလွန်လာတာ၊ ဆီးချို-သွေးတိုး-နှလုံးရောဂါတွေ ဖြစ်လာနိုင်တယ်။ ဆေးကုသမှု သေသေခြာခြာလုပ်ရင် အများကြီး သက်သာစေတယ်။ ရောဂါလက္ခဏာ တခုချင်းကို ကုသရတယ်။

PCOS ရောဂါကို Stein-Leventhal syndrome လို့လဲ ခေါ်တယ်။ မျိုးဥအိမ်တွေမှာ အကျိတ်လေးတွေ အများကြီး ဖြစ်နေတယ်။ ဘာလို့ဖြစ်သလဲ၊ အကြောင်းအမျိုးမျိုး ရှိနိုင်တယ်။ တခါတလေ မသိနိုင်ဘူး။ မျိုးရိုးနဲ့ ပါတ်ဝန်းကျင်ကနေလဲ ဖြစ်နိုင်တယ်။ တချို့ ဒီရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ဦးနှောက်ထဲက Pituitary gland ကနေ ထုတ်ပေးတဲ့ LH ဟော်မုန်း လဲများနေတာ တွေ့ရသေးတယ်။

ဒီရောဂါရဲ့ ပင်မလက္ခဏာကတော့ -
1. Menstrual disturbances ရာသီမမှန်တာ နဲ့
2. Androgens ကျား-ဟော်မုန်းများနေတာ ၂ ခု ဖြစ်တယ်။

ရာသီမမှန်ဘူးဆိုတာ -
1. Primary amenorrhea မွေးကတည်းက ရာသီတခါမှ မလာတာ၊
2. Oligomenorrhea ရာသီအလာနည်းတာ၊
3. Secondary amenorrhea ရာသီထိန်တာ၊
4. Anovulatory cycles ရာသီလာပေမဲ့ မျိုးဥ မထွက်တာ နဲ့
5. Heavy bleeding သွေးအများကြီး ဆင်းတာ၊ ဖြစ်နိုင်တယ်။

ကျား-ဟော်မုန်းများနေလို့ ဖြစ်လာမဲ့ လက္ခဏာကတော့ -
1. Acne ဝက်ခြံပေါက်တာ၊
2. Hirsutism အမွှေးပေါက်များတာ၊
3. Male-pattern hair loss ယောက်ျားတွေလို ဆံပင်ကျွတ်တာ (ထိပ်ပြောင်တာ) တွေ ဖြစ်တယ်။

တခြား လက္ခဏာကတော့ -
• Obesity and weight gain ကိုယ်လေး-လူဝမယ်၊
• Elevated insulin levels and insulin resistance ဆီးချိုထိန်းတဲ့ (အင်စူလင်) ဟော်မုန်း များနေမယ်၊
• Oily skin အရေပြား အဆီပြန်မယ်၊
• Dandruff ခေါင်းမှာ ဘောက် ပေါက်မယ်၊
• Infertility ကလေးမရဖြစ်မယ်၊
• Skin discolorations အရေပြား အရောင်ပြောင်းတာ တချို့နေရာတွေမှာ ဖြစ်မယ်၊
• High cholesterol levels (ကိုလက်စထော) များနေမယ်၊
• Elevated blood pressure သွေးဖိအားများနေမယ်၊
• Multiple, small cysts in the ovaries မျိုးဥအိမ်မှာ အကျိတ်တွေ ဖြစ်နေတာတွေ ဖြစ်တယ်။

ရောဂါလက္ခဏာတွေကသာ ရောဂါ နာမယ် တပ်တာနဲ့ ကုသတာအတွက် အရေးကြီးတယ်။ မျိုးဥအိမ်မှာ အကျိတ်လေးတွေ တွေ့တာနဲ့တော့ ရောဂါမဟုတ်သေးဘူး။ ရောဂါ ဟုတ်-မဟုတ်ကို ရောဂါလက္ခဏာတွေ ကြည့်ရမယ်။
• Androgen ကျား-ဟော်မုန်း (အင်ဒရိုဂျင်) စစ်ရတယ်။ DHEA နဲ့ Testosterone တွေ ကဲနေတတ်တယ်။ ကျား-ဟော်မုန်း (တက်စတိုစတီရုံး) များနေတာ တခုထဲနဲ့တော့ PCOS ရောဂါလို့ မပြောပါ။
• Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းတာ စစ်ရတယ်။
• Prolactin ခေါ်တဲ့ နို့ထွက်-ဟော်မုန်း စစ်ရတယ်။
• မျိုးဥအိမ် Ovary နဲ့ Adrenal glands ကျောက်ကပ်အထက်က (အဒြီနယ်လ်) အိတ်တွေ Tumor အလုံး ဖြစ်နေသလား စစ်ရတယ်။

Ultrasound ရိုက်ရင် Ovary မျိုးဥအိမ်မှာ အရည်အောင်းနေတဲ့ Cysts အိတ်လေးတွေ တွေ့မယ်။ Computed Tomography (CT scan) နဲ့ Magnetic Resonance Imaging (MRI) တွေရိုက်ရင်လဲ တွေ့မယ်။ CT scans ရိုက်တာက X-rays နဲ့ Dyes သုံးရလို့ လူတိုင်းကို မလုပ်ပါ။

PCOS ကို ဘယ်လို ကုသမလဲ -
1. အမျိုးသမီး အသက်ကိုကြည့် ကုရတယ်။ ငယ်သူတွေကို ကိုယ်ဝန်တားဆေး ပေးနိုင်တယ်။ ရာသီမှန်စေမယ်၊ သားအိမ်ကင်ဆာ အဖြစ်နည်းစေမယ်။
2. နောက်တနည်းကတော့ Progesterone ဟော်မုန်းကို ပေးလိုက်-ရပ်လိုက် လုပ်တယ်။ ကိုယ်ဝန်ကိုတော့ တားပေးမှာ မဟုတ်ဘူး။
3. Acne ဝက်ခြံပေါက်နေသူ၊ အမွှေးများနေသူတွေကို ဆီးသွားဆေး Spironolactone (Aldactone) ပေးနိုင်တယ်။ သူတေို့ကို ဒီဆေးပေးရင် (ပိုတက်ဆီယမ်) စစ်နေရမယ်၊ ကျောက်ကပ် စစ်နေရမယ်။
4. မျက်နှာ အမွှေးပေါက်သူတွေက Eflornithine (Vaniqa) (ခရင်) လိမ်းရတယ်။
5. ကလေးရချင်သူတွေဆိုရင် Clomiphene (Clomid) ဆေးပေးရင် Ovulation မျိုးဥထွက်စေနိုင်တယ်။ လိုအပ်ရင် Gonadotropin ဟော်မုန်း ပေးမယ်။ တခြား ကလေးရစေနည်းတွေ သုံးနိုင်တယ်။
6. ကိုယ်အလေးချိန် ချရမယ်။
7. ဆီးချို အမျိုးအစား (၂) ရှိနေရင် Metformin (Glucophage) ဆေးပေးမယ်။
8. ခွဲစိတ်ကုသဘို့လိုရင် Ovarian drilling နည်း လုပ်ရမယ်။

Hyperprolactinaemia နို့ထွက်-ဟော်မုန်းများခြင်း
http://dts-medicaleducation.blogspot.com/2011/04/hyperprolactinaemia.html

Dr. တင့်ဆွေ

ယောကျာ်းလေး အပြာသရုပ်ဆောင်များ အသဲအသန်လိုအပ်နေ

ရှီမီကန်ဟာ ဂျပန်လူကြီးဇာတ်ကားလောကတွင် ဘုရင်တပါးလို့ လူသိများသူဖြစ်တယ်။ သူဟာ ယနေ့အချိန်အထိ ၁၆နှစ်တာကာလအတွင်း အပြာကားပေါင်း ၇၀၀၀ ကျော်မှာ သရုပ်ဆောင်စွမ်း ပြသခဲ့ပြီး ဖြစ်ပါတယ်။ ကြားသိတဲ့သူအနေနဲ့ သူ့ကို အလုပ် လုပ်လွန်းသူတယောက်လို့ ထင်မိမယ်။ ဘာလို့ဒီလိုဖြစ်ရသလဲဆိုတော့ သူတို့အလုပ်လောကမှာ ယောင်္ကျားရှားပါမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့်လို့ သူက ပြောပါတယ်။

“လူကြီးဇတ်ကားလောကမှာ ယောင်္ကျာသရုပ်ဆောင်အရေအတွက် 
အားလုံးပေါင်းမှ အယောက် ၇၀ ကျော်လောက်ပဲ ရှိတယ်၊ အဲဒီအရေအတွက်က ဘန်ဂေါကျားအရေအတွက်ထက် နဲပါတယ်” လို့ ရှီမီကန်က 
သူ့ Twitter ပေါ်မှာ ရေးတယ်။

“အဲဒီအထဲမှာမှ ပုံမှန်သရုပ်ဆောင်နေတဲ့ ယောင်္ကျားအရေအတွက်ဆို အရမ်းနဲပါတယ်၊ အမျိုးသမီးတွေကျတော့ တစ်သောင်းလောက်ရှိတယ်၊ တလကို ကားပေါင်း လေးထောင်လောက်ထွက်နေတယ်၊ ယောင်္ကျားလုံးဝမလောက်ဘူးဗျာ” …
အဆိုပါကိန်းဂဏန်းများရဲ့ တိကျမှုကို အာမ မခံနိုင်ပေမယ့် ၂၀၁၂ခုနှစ်တုန်းက Livedoor News သတင်းဖော်ပြချက်အရ ဂျပန်နိုင်ငံရဲ့ အပြာကားလောကမှာ 
နှစ်စဉ် အမျိုးသမီးသရုပ်ဆောင်သစ် ၆၀၀၀ ရှိတယ်လို့ သိရတယ်။ အဲဒီသတင်းအချက်အလက်တွေကိုလည်း မျက်စိစုံမှိတ် ယုံကြည်၍လို့မရနိုင်သော်ငြား ဂျပန်နိုင်ငံမှာတော့ ယောင်္ကျားရှားပါမှုပြဿနာက တော်တော်ကြီးပါတယ်။ ဒီသရုပ်ဆာင်တွေပဲ ကားပေါင်းများစွာမှာ ပါဝင်ဖျော်ဖြေနေရတာပါ။ အခြားအပြားကား လောကထွန်းကားတဲ့ နိုင်ငံတွေမှာလဲ ဒီပြဿနာမျိုး ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ရှီမီကန်က အမျိုးသားတွေကို သူတို့လောကထဲ ၀င်လာဖို့ twitter 
ကတဆင့် တိုက်တွန်းရတာ ဖြစ်တယ်။
သူ့ရဲ့ (တွိ)ပို့စ်ကို လက်ဆင့်ကမ်းလိုက်ကြတာ အကြိမ် ၃၀၀၀ ကျော်ရှိပြီး ဂျပန်နိုင်ငံရဲ့ အကြီးဆုံးသော အွန်လိုင်းဖိုရမ် 2ch ပေါ်မှာလည်း အင်တာနက်အသုံးပြုသူတွေ ၀င်ရောက်ဆွေးနွေးကြတယ်။
“လုပ်ခကတော့ ကားရိုက်သွားတဲ့ လမ်းစရိတ်လောက်ပဲရမှာပါ”
“ရှီမီကန်လို ကြွက်သားထောင်းထောင်းနေတဲ့သူထက် အသက်ကြီးကြီး 
ခပ်ဖိုင့်ဖိုင့်မျိုးကို ကြိုက်တာ”
“အမလေး၊ ဒီအလုပ်မျိုးက ငယ်ပါ အတော်နာမယ့်ပုံပဲ”
“ကင်မရာအဖွဲ့ ပတ်လည်ဝိုင်းနေတဲ့ကြားထဲက သရုပ်ဆောင်နိုင်တာ တော်လိုက်တာ”
“လူကြီးရုပ်ရှင်လောကမှာ မင်းသမီးတွေက ဘုရင်မ၊ အမျိုးသားတွေဟာ အရံလောက်ပါဗျာ”
“ယောင်္ကျားသရုပ်ဆောင်တွေဘ၀က တော်တော်ခက်ခဲမှာပဲ၊ သူတို့ကို လေစားရမယ်”
….. စသဖြင့် ဆွေးနွေးခန်း ဖွင့်ကြလေတယ်။
Brian Ashcraft ရဲ့ Japanese Porn Needs More Male Porn Star ကို ပြန်ဆိုသည်။

From: စောင့်ကြည့်ဂျာနယ်

စစ်တွေမြိုမှာ လျှပ်စစ်မီး ဖြန့်ဝေပေးနေတဲ့ မီးစက်ကြီးဟာ စက်တင်ဘာ ၁၂ရက်နေ့ ညက မီးလောင်မှုတခု ဖြစ်ပွား


စစ်တွေမြိုမှာ လျှပ်စစ်မီး ဖြန့်ဝေပေးနေတဲ့ မီးစက်ကြီးဟာ စက်တင်ဘာ ၁၂ရက်နေ့ ညက မီးလောင်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ မီးစက်ကြီးဟာ ဒိုင်နမိုနဲ့မော်တာ အပူချိန်လွန်ကဲရာက မီးလောင်ခဲ့တာဖြစ်ပြီး ည ၈ နာရီ ကျော်က စလောင်ကျွမ်းခဲ့တာ ည ၉နာရီခန့်မှာ ငြိမ်းသွားခဲ့ပါတယ်။ စစ်တွေမြို့ လျှပ်စစ်မီးကို ပုဂ္ဂလိက ကုမ္မဏီဖြစ်တဲ့ ဖိုးသီချိုကုမ္မဏီက လုပ်ကိုင်တာဖြစ်ပြီး မီးလောင်မှုကြောင့် သိန်း၃၀ခန့် ပျက်စီးသွားတယ်လို့ သိရပါတယ်။

DVB TV News

အာဏာသိမ်း ထိုင်းစစ်ခေါင်းဆောင် မြန်မာနိုင်ငံကို လာရောက်မည်


ထိုင်းနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ၀န်ကြီးချုပ် ပရာယု ချန်အိုချာဟာ သူ့ရဲ့ပထမဆုံး တရားဝင် နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်လည်ပတ် မယ်လို့ ထိုင်းအစိုးရအရာရှိ တစ်ဦးက ဒီကနေ့ ပြောပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဟာ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ရှိပြီး၊ ခရီးစဉ်ကို အခုလကုန် ဒါမှမဟုတ် အောက်တိုဘာလဆန်းမှာ စတင်နိုင်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုတိယ၀န်ကြီးက ပြောပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံခြားခရီးစဉ်တွေထဲမှာ မြန်မာနိုင်ငံကို ပထမဆုံးရွေးချယ် ရတာကတော့ မြန်မာဟာ အာဆီယံဥက္ကဌဖြစ်နေတဲ့အတွက်ကြောင့်လို့ အဲဒီအရာရှိက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ဗိုလ်ချုပ်ကြီး ပရာယု ဦးဆောင်တဲ့ စစ်အစိုးရက ကြေညာထားသလို၊ မြန်မာနိုင်ငံမှာလည်း ၂၀၁၅ ခုနှစ် နှောင်းပိုင်း မှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိပါတယ်။


ထိုင်းစစ်တပ်ဟာ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ အရပ်သားအစိုးရထံကနေ ပြီးခဲ့တဲ့ မေလအတွင်း အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လအရောက်မှာ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုနဲ့ ဘန်ကောက်မြို့မှာ သွားရောက်တွေ့ဆုံပြီး၊ အာဏာသိမ်းမှုကို ထောက်ခံကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

RFA Burmese

ကြိုတင်ငွေဖြည့်ကတ် ဖြည့်တိုင်း အပိုဆောင်းငွေ ဘောနပ်စ် ၂ ဆ ပေးမည့် အစီအစဉ်


ချစ်ခင်လေးစားရပါသော MPT သုံးစွဲသူ မိဘပြည်သူများအတွက် MPT ၏
ပြုပြင်ပြောင်းလဲမှုပြုခြင်း အထိမ်းအမှတ်အနေနှင့် အပိုဆောင်းငွေ ဘောနပ်စ် ကို ၂ဆ ပေးသည့် အစီအစဉ်ကို စက်တင်ဘာလ ၁၃ရက် နှင့် ၁၄ရက်နေ့ များတွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဖုန်းကြိုတင်ငွေဖြည့်ကတ် ဖြည့်သွင်းတိုင်း
ဘောနပ်စ် ၄၀% မှ ၆၀% အထိ ရယူလိုက်ပါ။


ကြိုတင်ငွေ ၅၀၀၀ကျပ် လျှင် ဘောနပ်စ် ၂၀၀၀ကျပ် ရရှိမည် ဖြစ်ပါသည်။
ကြိုတင်ငွေ ၁၀၀၀၀ကျပ် လျှင် ဘောနပ်စ် ၆၀၀၀ကျပ် ရရှိမည် ဖြစ်ပါသည်။
ကြိုတင်ငွေ ၂၀၀၀၀ကျပ် လျှင် ဘောနပ်စ် ၁၂၀၀၀ကျပ် ရရှိမည် ဖြစ်ပါသည်။
ကြိုတင်ငွေ ၃၀၀၀၀ကျပ် လျှင် ဘောနပ်စ် ၁၈၀၀၀ကျပ် ရရှိမည် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက http://www.mpt.com.mm/my/promotions/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

DOUBLE TOP UP BONUS PROMOTION

Dear MPT customer,

On September 13th and 14th, as a celebration of our new brand launch, we are doubling your bonuses. Enjoy 40% to 60% bonus on all your recharges!

Top-up 5,000 Ks and receive 2,000 Ks bonus credit!
Top-up 10,000 Ks and receive 6,000 Ks bonus credit!
Top-up 20,000 Ks and receive 12,000 Ks bonus credit!
Top-up 30,000 Ks and receive 18,000 Ks bonus credit!

For more details please access our website:
http://www.mpt.com.mm/en/promotions/

ပန်ကာထိန်းခလုတ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်


မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် အကွက် ၈ဝ၆၊ ၆၂ လမ်း ၂၇ လမ်း နှင့် ၂၈ လမ်းကြား အိမ်အမှတ် ၂၉၆ ရှိTHE BEST INTERNA- TIONAL Co., Ltd. ဓာတ်မြေသြဇာ ကုမ္ပဏီအောက်ထပ်တွင် ယနေ့နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်က လျှပ်စစ်မီး ကို ပေါ့ဆစွာ အသုံးပြုခဲ့ခြင်း ကြောင့် မီးလောင်မှုတစ်ရပ် ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီ အောက်ထပ်အတွင်း လယ်ယာ လုပ်ငန်းသုံး ဓာတ်မြေသြဇာပစ္စည်း များထားရှိသည့် စတိုခန်း၌ ယနေ့ နံနက်မိုးရွာနေချိန် လျှပ်စစ်ပန်ကာ ထိန်းခလုတ် အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ရာမှတစ်ဆင့် မီးခိုး များ အူထွက်ကာ လျှပ်စစ်မီးကြိုးနှင့်THE BEST တံဆိပ်Nano သဘာဝဓာတ်မြေသြဇာအထုပ်များ၊ အခန်းတွင်းပစ္စည်းများကို မီးကူးစက် လောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်သည်။ မီးလောင်ရာသို့ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးလှမင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် ၂၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၂ဝ၊ မီးသတ်ရေယာဉ် အစီး ၂ဝ တို့ ရောက်ရှိကာ မီးလောင်မှုဖြစ်ပွားခဲ့ သည့် ဓာတ်မြေသြဇာကုမ္ပဏီ အောက်ထပ် စတိုခန်းကို ဒေသခံ ပြည်သူများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ နံနက် ၉နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရ သည်။ အဆိုပါလောင်ကျွမ်းမှု၌ လျှပ် စစ်မီးအား ပေါ့လျော့စွာ အသုံးပြု၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် THE BEST INTERNATIONAL Co., Ltd. ဓာတ်မြေသြဇာကုမ္ပဏီ တာဝန်ခံ ဦးမျိုးခန့် (၃၇နှစ်) ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




Myanmaalinn

သမ္မတ ဦးသိန်းစိန်၏ နောက်သက်တမ်း အရွေးခံမည့်ကိစ္စအတွက် မန္တလေးမြို့တွင် ဆန္ဒပြ

စက်တင်ဘာ ၁၂ ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဓမ္မသာလာခန်းမအနီးတွင် ဆန္ဒပြနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

သတင်းဆောင်းပါး

သမ္မတ ဦးသိန်းစိန် နောက်သက်တမ်း အရွေးခံမည့် ကိစ္စနှင့်ဆက်စပ်ပြီး ဆန္ဒပြပွဲတစ်ခုကို စက်တင်ဘာ ၁၂ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ဓမ္မသာလာခန်းမအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် မိုးရွာသွန်းမှုများကြားက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြမှုတွင် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီစဉ်ဆက်မပြတ် ဖော်ဆောင်ရေးအဖွဲ့(MDCF)၊ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူများအဖွဲ့ (FNI) တို့မှ အဖွဲ့ဝင်များပါဝင်သည့် ၁၅ ဦးကျော်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်က သမ္မတကြီး ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိတဲ့အခါ ၂ဝ၁၅ ရွေးကောက်ပွဲမှာ တိုင်းပြည်နဲ့ လူမျိုးက သူ့ကိုရွေးချယ်မယ်ဆိုရင် စဉ်းစားပေးမယ်လို့ ပြောခဲ့တာကို ကျွန်တော်တို့က လက်ခံပေးလို့မရဘူး” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးသိန်းအောင်မြင့်က ပြောကြားသည်။

ယင်းဆန္ဒပြမှုမှာ ဥရောပသုံးနိုင်ငံ ခရီးစဉ်မှ သမ္မတဦးသိန်းစိန် ပြန်ရောက်လာပြီး နောက်တစ်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ နောက်ထပ် သမ္မတသက်တမ်းအတွက် မစဉ်းစားမီ ယခုသက်တမ်း အတွင်းမှာပင် သမ္မတဦးသိန်းစိန် ဖြေရှင်းဆောင်ရွက်ရမည့် အချက်များကို ထုတ်ဖော်ခဲ့သည်။

သမ္မတဦးသိန်းစိန် ဖြေရှင်းရန် ဆန္ဒပြသူများ တောင်းဆိုခဲ့သည့် အချက်များမှာ (၁) ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်ပေး၊ (၂)ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆောင်ရွက်ပေး၊ (၃) ပြည်သူများ၏ စားဝတ်နေရေး ပြေလည်အောင် ဆောင်ရွက်ပေး၊ (၄) အဂတိလိုက်စားမှု ပပျောက်အောင် ဆောင်ရွက်ပေး၊ (၅) တရားရေးမဏ္ဍိုင် တည့်မတ်အောင် ဆောင်ရွက်ပေး၊ (၆) မြေယာပြဿနာများကို ဖြေရှင်းပေး၊ (၇) အလုပ်သမားများ၏ အခွင့်အရေးများကို ဖြေရှင်းပေး၊ (၈) တောင်သူလယ်သမားများကို ဖမ်းဆီးထောင်ချခြင်းမှ ကာကွယ်ပေး၊ (၉) သတင်းမီဒီယာသမားများကို ဖမ်းဆီး၊ ထောင်ချ၊ ဖိနှိပ်မှုများကို ကာကွယ်ပေး၊ (၁ဝ) နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းလွှတ်၊ (၁၁) ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်အောင် ဖြေရှင်းရေး စသည်တို့ဖြစ်ကြပြီး ထိုကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ပြီးမှသာ နောက်သက်တမ်းအတွက် စဉ်းစားပါဟု ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံများသို့ သွားရောက်ခဲ့သည်။

စက်တင်ဘာ ၅ ရက်တွင် ဆွစ်ဇာလန်သတင်းဌာန NNZ News နှင့် တွေ့ဆုံချိန်၌ သမ္မတဦးသိန်းစိန်က နောက်ထပ်သမ္မတသက်တမ်း ဝင်ရောက်အရွေးခံမည်၊ မခံမည် ဆိုခြင်းနှင့် ပတ်သက်၍ ၎င်းအနေဖြင့် အနားယူလိုသော်လည်း ပြည်သူများ၏ ဆန္ဒနှင့် တိုင်းပြည်၏ အခြေအနေကို ကြည့်ရဦးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

NNZ News နှင့် တွေ့ဆုံမှုမှာပင် မြန်မာနိုင်ငံ၏ တည်ငြိမ်နေမှုသည် တပ်မတော်ကျေးဇူးကြောင့် ဖြစ်ကြောင်း၊ နှစ်ပေါင်း ၆ဝ နီးပါး ကြာမြင့်ခဲ့သည့် ပဋိပက္ခများ အဆုံးသတ်ရန် တိုင်းရင်းသားလက်နက်ကိုင် တပ်အမျိုးမျိုးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ဟန့်တားနေသည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်မည် ဆိုပါက “တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ဖွဲ့ဖွဲ့၏ အကျိုးစီးပွားထက် နိုင်ငံ၏အကျိုးစီးပွားကို ကြည့်၍ စဉ်းစားပြီး” မဲထည့်မည်ဖြစ်ကြောင်း၊ နှစ် ၂ဝ ကျော်ကြာ ပိတ်ဆို့အရေးယူမှုများကြောင့် ဆင်းရဲနွမ်းပါးမှု မြင့်တက်ခဲ့ကြောင်း အစရှိသည့် အချက်များကိုလည်း ပြောကြားခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲ၌ အငြင်းပွားဖွယ် ကြိုတင်ရလဒ်များဖြင့် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအနေဖြင့် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သော သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့သည် တာဝန်ထမ်းဆောင်ရန် သက်တမ်း ၁၅ လခန့်သာ ကျန်ရှိတော့သည်။

သမ္မတအဖြစ် ခန့်အပ်ခံရပြီးနောက် သမ္မတဦးသိန်းစိန် ပထမဆုံးပြောကြားခဲ့သည့် မိန့်ခွန်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ စာရွက်ပေါ်မှာတင်မက လက်တွေ့အားဖြင့် အမှန်တကယ် အကောင်အထည်ပေါ်မှု ရှိ၊ မရှိ ဆိုသည်မှာ ပြည်သူများအကြား မေးခွန်းထုတ်စရာများ ရှိနေသည်။ ထို့အတူ ဒုတိယမိန့်ခွန်းအဖြစ် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များကို ပြောကြားခဲ့သည့် မိန့်ခွန်း၌ ပါရှိခဲ့သည်များ ဖြစ်သော ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Goverment) ပေါ်ပေါက်ရေး၊ အစိုးရအဖွဲ့အတွင်း ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေအရ ကန့်သတ်ချက်များမှလွဲ၍ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေး အပါအဝင် တရားစီရင်ရေး အဖွဲ့များ၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ သန့်ရှင်းသောအစိုးရ (Clean Goverment) ဖြစ်ရန် အဂတိလိုက်စားမှု ကင်းရှင်းရေး စသည့်အချက်များ လက်တွေ့ဖြစ်ပေါ်လာခြင်း ရှိ၊ မရှိမှာလည်း မေးခွန်းထုတ်စရာများ ဖြစ်နေပြန်သည်။


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဓမ္မသာလာခန်းမ အနီးတွင် ဆန္ဒပြနေကြစဉ်

ထို့ပြင် ပြည်သူများသို့ အလျဉ်းသင့်သလို ပြောကြားခဲ့သည့် မိန့်ခွန်းများနှင့် လစဉ်ရေဒီယိုမိန့်ခွန်းများ၌ “တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသား အားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး” ဆိုသည့် ကိစ္စမှာလည်း လက်တွေ့ကျကျ ဖြစ်ပေါ်ခဲ့ခြင်း မရှိသေးသည့်အပြင် ကျေးလက်မြို့ပြမကျန် ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုသည့် အဓိကကျသော အချက်သည်လည်း ပီပြင်သော အနေအထားသို့ ရောက်ရှိလာခြင်း မရှိသေးပေ။

လက်တွေ့အားဖြင့်မူ သမ္မတဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်း မြင့်တက်မှုမှာ သိသာစွာကြီးမြင့်လာခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်းမှာပင် ပြည်သူများ၏ ဝင်ငွေမြင့်တက်ခြင်းမရှိဘဲ ကုန်ဈေးနှုန်းသာ ကြီးမြင့်ခဲ့သည့်အတွက် ပိုမိုကျပ်တည်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။၂ဝ၁၄ ခုနှစ်အတွင်း မီတာခတိုးမြှင့်မှု အပါအဝင် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်မှုဆိုသည့် ကိစ္စများကြောင့် တဖြည်းဖြည်းမြင့်တက်ခဲ့သည့် အခြေခံကုန်ဈေးနှုန်းများသည် ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်း အထိ ဆက်လက်မြင့်တက်ခဲ့သည်။

အစိုးရသက်တမ်း သုံးနှစ်တာကာလနှင့် ဘဏ္ဍာရေးနှစ် လေးနှစ်တာကာလအတွင်း ဘတ်ဂျက်လိုငွေပေါင်း ကျပ်ဘီလျံ ၉၈ဝဝ ခန့်ရှိခဲ့ပြီး ထိုပမာဏ၏ အကျိုးဆက်များက ငွေဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ဖြစ်ပေါ်စေသည့် အန္တရာယ်ဖြစ်ခဲ့သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂ဝ၁၃ ခုနှစ်က ဖြစ်ပေါ်သော ပမာဏ၏ အမြင့်ဆုံးတွင် ဆက်ရှိနေမည်ဟု ခန့်မှန်းထားသည်။ ၂ဝ၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သည်။

ငွေကြေးဖောင်းပွမှု၊ ဆင်းရဲမွဲတေမှုနှုန်း အစရှိသည်တို့ သိသာစွာ ကျဆင်းခြင်း မရှိသည့်နည်းတူ မြန်မာနိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း သမ္မဦးသိန်းစိန် လက်ထက်တွင် ကြီးမားစွာပေါ်ပေါက်နေပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများအကြား အခွန်တိမ်းရှောင်မှုများရှိနေကာ သမ္မတနှင့် နီးစပ်သော ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးများကိုယ်တိုင် အခွန်တိမ်းရှောင်မှုများလည်း ရှိနေသည်။

အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု ပပျောက်အောင် ဆောင်ရွက်နိုင်ရေး ကိစ္စမှာလည်း သမ္မတ ဦးသိန်းစိန် အစိုးရအတွက် လက်တွေ့ကျကျ အကောင်အထည်မပေါ်သည့် ကိစ္စဖြစ်ခဲ့သည်။ ဝန်ကြီးဌာနများအနက် လာဘ်စားမှု အနည်းဆုံး ဖြစ်နိုင်သည့် သာသနာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ကျပ်သိန်း ၁ဝဝ အ လွဲသုံးစားပြုမှုမှ အစပြု၍ အရေးယူမှု ပြုလုပ်ခဲ့သော်လည်း အခြားကိစ္စရပ်များတွင်မူ ထိရောက်သော အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပေ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလက ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေနှင့်အညီ အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ရန်အတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို ၂ဝ၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်၏ ဆောင်ရွက်မှုမှာ လက်ရှိအချိန်အထိ ပီပြင်စွာ ဖြစ်ပေါ်လာခြင်း မရှိသေးသည့်အပြင် ထိုကော်မရှင် မတိုင်မီက ဖွဲ့စည်းခဲ့သော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ၏ ဆောင်ရွက်ချက်များမှာလည်း ပီပြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ ညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ခြစားမှုအများဆုံး နိုင်ငံများစာရင်းတွင် ဆက်လက် ပါဝင်နေဆဲဖြစ်ပြီး အဆင့် ၁၇၇ ဆင့်ရှိသည့် အနက် ၁၅၇ အဆင့်တွင် ရှိနေသည်။

အခြားသော ပြဿနာများဖြစ်သည့် တရားရေးမဏ္ဍိုင်၏ အားနည်းချက်များ၊ ပြစ်မှုပြစ်ဒဏ် မျှတခြင်းမရှိသော စီရင်မှုများ၊ မြေယာပြဿနာ၊ အလုပ်သမား အခွင့်အရေး၊ မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု၊ နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်တွင်း ဆက်ရှိနေပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ဝဝ ကျော် တရားရင်ဆိုင်နေရခြင်း အစရှိသည်တို့မှာလည်း လက်ရှိအချိန်အထိ ဆက်လက်ဖြစ်ပေါ်နေသည်။

အထူးသဖြင့် ကာလရှည်ကြာလာသည့်တိုင် နောက်ကွယ်မှ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် လူမျိုးရေးအကြောင်းပြု ပဋိပက္ခများ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းများမှာလည်း ဖြစ်ပျက်ခဲ့သည်များနှင့် နှိုင်းယှဉ်ပါက သိသာစွာလျော့ပါးသွားခြင်း မရှိသေးပေ။

ထို့အတူ သမ္မတဦးသိန်းစိန်၏ အောင်မြင်သော ဆောင်ရွက်ချက်ဟု သက်သေပြရန် Show Business အနေဖြင့် ကြိုးပမ်းနေသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးမှာ လက်ရှိအချိန်အထိ လုံးဝဖြစ်ပေါ်လာခြင်း မရှိသေးဘဲ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ခြင်းမရှိသေးသော စသည့်အချက်များမှာ လက်တွေ့ကျသော အရာများအဖြစ် ရှိနေသည်။
EMG

လားရှိုးမြို့ တွင် သုံးဘီး ယာဉ်မောင်း အချို့ အုပ်စု ဖွဲ့ ရမ်းကား ခြိမ်းချောက် နှောက်ယှက် မှု ကြောင့် မိဘ ပြည်သူ စိတ်ဆင်း ရဲနေ



လားရှိုးမြို့ ၊ မြို့ မဈေးအနီး၊ လမ်းမတော်လမ်း၊ ပြည်သူ့ ဆေးရုံကြီး ၀င်ပေါက်နှင့် ကပ်လျက် ဖွင့်လှစ်ထားသော ရွှေကြိုးကြာ သုံးဘီးဂိတ်မှ သုံးဘီးယာဉ်မောင်း အချို့ သည် ဈေးဝယ်ကားများကို စိတ်အနှောက် အယှက်ပေးခြင်း၊ ခြိမ်းချောက်ခြင်း၊ ကားဘီးများ လေလျော့ပစ်ခြင်း၊ ထွက်မရ ၀င်မရအောင်ပိတ်ဆို့ ရပ်တန့် ခြင်းတို့ ကိုပြုမူနေသည့် အတွက် မိဘပြည်သူများ စိတ်ဆင်းရဲ နေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၁၂) ရက်နေ့  နံနက် ၇နာရီခန့် တွင် လားရှိုးမြို့ ၊ ရပ်ကွက် (၁) တွင်နေထိုင်သူ ဒေါ်နန်းခမ်းသည် ဈေးဝယ်ရန်အလို့ ငှာ မိမိ၏ အသက် (၁၀)နှစ်အရွယ် သားငယ်နှင့်အတူ ကိုယ်ပိုင် CRV ယာဉ်ငယ်အားမောင်းနှင်လာကာ လားရှိုးမြို့ မဈေးကြီးအနီး၊ ပြည်သူ့ ဆေးရုံကြီးဝင်ပေါက်နှင့် သူနာပြုသင်တန်း ကျောင်းအကြား မျဉ်းအ၀ါကြားတွင် ကားကိုရပ်တန့် ကာ ဈေးဝယ်သွားခဲ့သည်။

နံနက် ၈နာရီခွဲခန့် တွင် ဈေးဝယ်ပြီးပြန်လာရာ ရွှေကြိုးကြာသုံးဘီးယာဉ်များက ကား၏အရှေ့ နှင့်အနောက်တို့ တွင် နေရာချန်လှပ်မထားဘဲ ပိတ်ဆို့ ရပ်တန့် ထားသည်ကိုတွေ့ ရပြီး ကားတံခါးများဖွင့်မရအောင် ထပ်ဆင့်ရပ်တန့် ထား သည်ကိုတွေ့ ရသည်။ ထို့ ကြောင့် သုံးဘီးများအနည်းငယ်ရွှေ့ ပေးရန်ပြောသောအခါ သုံးဘီးယာဉ်မောင်းများက မသိကျိုးကျွန်ပြုနေပြီး အကြိမ်ကြိမ်ပြောသောအခါ ‘ရွှေ့ ပေးလို့ မရဘူး’ ဟု ဖြေဆိုသည့်အတွက် အနည်းငယ်သာ ဖွင့်၍ရသောကားတံခါးမှတစ်ဆင့် သားအမိနှစ်ဦး ခက်ခက်ခဲခဲဝင်ခဲ့ရသည်။

ထို့ နောက် ရှေ့ နောက်ပိတ်ဆို့ ရပ်တန့် ထားပြီး ဖယ်မပေးသောသုံးဘီးယာဉ်များအကြားမှ ၁၀ မိနစ်ခန့်  ကြာ အောင် ရှေ့ တိုးနောက်ငင်ပြုလုပ်ခဲ့ရရာ သုံးဘီးယာဉ်မောင်းများက အုပ်စုလိုက် အော်ဟစ်လှောင်ပြောင်နေခဲ့သည်။ ထို့ နောက် ကားကိုခက်ခဲစွာထုတ်လာပြီး ဆက်လက်ထွက်ခွာလာရာ မိမိကား ညာဖက်ရှေ့ ဘီးမှာ လေလုံးဝ မရှိ တော့သည်ကို သိရှိရပြီး ညာဖက်နောက်ဘီးသည်လည်း လေမရှိဘဲပြားချပ်နေသည်ကို တွေ့ ရသည်။

မိန်းမသားတစ်ဦးဖြစ်နေပြီး လူမမယ်ကလေးသည်လည်း ကားပေါ်ပါရှိနေကာ သုံးဘီးယာဉ်မောင်းများ ၀ိုင်းဝန်း အော်ဟစ်နေသည့်အတွက် ဘီးလေမရှိတော့သည့်ကားကို အိမ်အရောက်ဆက်လက်မောင်းနှင်လာခဲ့ရကြောင်း ဒေါ် နန်းခမ်းက ပြောပြသည်။

ဒေါ်နန်းခမ်း၏ အမျိုးသားဖြစ်သူက ရွှေကြိုးကြာသုံးဘီးဂိတ်၊ ဂိတ်မှူးအားတွေ့ ဆုံမေးမြန်းကြည့်ရာ ယင်းနေရာသည် ရွှေကြိုးကြာဂိတ်ပိုင်နေရာဖြစ် ကြောင်း၊ မိမိတို့ ဂိတ်နေရာသည် ဆေးရုံဝင်ပေါက်မှ သူနာပြုသင်တန်းကျောင်း ၀င်ပေါက်အထိဖြစ်ကြောင်း၊ ဂိတ်ပိုင် နေရာဖြစ်သည့်အတွက် အခြားယာဉ်များရပ်နားခြင်းကို ခွင့်မပြုနိုင်ကြောင်း အခြားသုံးဘီးယာဉ်မောင်းများနှင့် အုပ်စု ဖွဲ့ ကာ ရိုင်းပျစွာပြန်လည်ဖြေကြားသည်။

အမျိုးသားဖြစ်သူကလည်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကြီးကြပ်ရေးကော်မတီ (ယလက) အား တိုင်ကြားခဲ့ရာ ယလကမှ ရွှေကြိုးကြာဂိတ်မှူးနှင့်ဂိတ်အုပ်ချုပ်သူတို့ အား ဖုန်းဖြင့်ဆက်သွယ်ခေါ်ယူခဲ့သော်လည်း လာရောက်ဖြေ ရှင်း အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ယင်းကိစ္စကို လားရှိုးမြို့ မရဲစခန်းတွင် တိုင်ချက်ဖွင့်လှစ်ထား ကာ လားရှိုးမြို့ နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားပြီး ဥပဒေအရ ဆောင်ရွက်သွားမည်ဟု သိရသည်။

ရွှေကြိုးကြာသုံးဘီးယာဉ်အသင်းသည် လားရှိုးမြို့ မဈေးပတ်ဝန်းကျင် ယာဉ်သွားယာဉ်လာအန္တရယ်ကင်းချောမွေ့  စေရေးကို ဆောက်ရွက်ခဲ့စဉ်ကလည်း တာဝန်ရှိသူများကို အုပ်စုဖွဲ့ ဝိုင်းထားခြင်း၊ ယာဉ်မ၀င်ရ၊မရပ်ရသတ်မှတ်နေ ရာများတွင် အုပ်စုဖွဲ့ ရပ်တန့် ဆန္ဒပြခြင်းတို့ ကိုပြုလုပ်ခဲ့ဖူးပြီး ၄င်းတို့ ဂိတ်နေရာတွင် ခေတ္တရပ်တန့် မိသော အိမ်စီး ကားများကို ဘီးလေလျော့ခြင်း၊ ထွက်မရ၀င်မရအောင်ပိတ်ဆို့ ရပ်တန့် ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ဖူးကြောင်း အနီးဝန်းကျင်မှ နီးစပ်သူများက ပြောပြသည်။

ခရိုင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှတာဝန်ရှိသူများ ကိုဆက်သွယ်မေးမြန်းကြည့်သောအခါ ရွှေကြိုးကြာသုံးဘီးဂိတ်တွင် သုံးဘီး (၃)စီးသာရပ်တန့် ရန်ခွင့်ပြုထား ကြောင်း သိရပြီး လက်တွေ့ တွင် (၁၀)စီးထက်မနဲရပ်တန့် ထားခြင်း၊ ယာဉ်နှစ်ထပ်ရပ်နားခြင်း၊ မိဘပြည်သူက မျဉ်း အ၀ါနှင့်အနက်ဆွဲထားသည့်နေရာဖြစ်သဖြင့် အမှတ်တမဲ့ ကားရပ်နားမိသောအခါ ကားရှေ့ နောက်ပိတ်ရပ်ကာ ထွက်မရ၊၀င်မရအောင်ပြုလုပ်ခြင်း၊ တုန်လှုပ်ခြောက်ခြားအောင် ပြောဆိုအော်ဟစ်နှောက်ယှက်ခြင်း၊ ကားဘီး နှစ်ဘီးလုံးကိုလေလျှော့ပစ်သည့်အတွက် မိန်းမသားများမောင်းနှင်လာ သောကားများ အတိဒုက္ခရောက်ရခြင်းတို့  ကြောင့် မိဘပြည်သူ စိတ်ဆင်းရဲအောင်ပြုမူနေသော ရွှေကြိုးကြာသုံးဘီးဂိတ်မှ တာဝန်ရှိသူများကို ဖော်ထုတ်အရေး ယူပေးနိုင်ရန် မိဘပြည်သူများက ဆန္ဒရှိနေကြောင်း သိရသည်။

သမန်းကျား

Lashio News Diary

သန္တိသုခကျောင်းတိုက်ရှိ ဆရာတော်များအနေဖြင့် လက်နက်များ ကိုင်ဆောင်ထားခြင်းကြောင့် အင်အားသုံးဖယ်ရှားရန် မဟန အထူးအစည်းအဝေးမှ ဆုံးဖြတ်ချက်ကို သက်သေခံစာအဖြစ် တင်သွင်းရန် လျှောက်ထားမှု တာမွေတရားရုံးက ပယ်ချ

လန်ဒန်ဆရာတော် ဦးဥတ္တရကို တာမွေတရားရုံးမှ အထွက်တွင် တွေ့ရစဉ်

သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ပီနန်ဆရာတော်ကြီး၏ တပည့်သံဃာများအား ဖယ်ရှားပြီး တရားစွဲဆိုရန် ဇွန် ၁ဝ ရက်က အစည်းအဝေးပြုလုပ်ကာ ထုတ်ပြန်သည့် မဟနအစည်းဝေးမှတ်တမ်းကို သက်သေခံစာအဖြစ် တင်သွင်းရန် ဆရာတော်များ၏ ရှေ့နေက လျှောက်ထားမှုကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၂ ရက် ရုံးချိန်းတွင် တာမွေတရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။

“ဇွန် ၁ဝ ရက်မှာ မဟနဘက်က အထူးအစည်းအဝေးပွဲ ခေါ်တယ်။ အဲဒီ အထူးအစည်းဝေးပွဲမှာ သန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဖယ်ရှားဖို့ ဆုံးဖြတ်ချက် စာရွက်ကို အမှတ် (၃) ဘုန်းကြီးရဲ့ရှေ့နေက တင်ပြခွင့်တောင်းတယ်။ အဲဒီစာမှာ အချက်သုံးချက်ပါတယ်။ အဲဒီစာကို သက်သေခံအဖြစ် တင်ပြခွင့်လျှောက်ထားတာကို တာမွေတရားရုံးက လက်မခံဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့အနေနဲ့ ခရိုင်တရားရုံးအထိ ဆက်လက်ပြီး တင်ပြသွားမှာပါ” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယင်းသက်သေခံစာအဖြစ် တင်သွင်းရန် လျှောက်ထားသည့်စာပါ အချက်သုံးချက်မှာ မဟန သဘာပတိ ဆရာတော်ကိုယ်တိုင်က သန္တိသုခကျောင်းတိုက်တွင် သံဃာအပါး ၃ဝ မှာ လက်နက်များဖြင့် ရှိနေသဖြင့် အရေးယူဖို့လိုသည်ဟု ဒကာတစ်ယောက်နှင့် သီတဂူက လာရောက်လျှောက်ထားကြောင်း၊ သမ္မတအကြံပေး ဦးအံ့မောင်ကလည်း ၂ဝ/ ၉ဝ ဖြင့် ဆရာတော်များကို အရေးယူမည်ဟု ဆိုထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်တိုင်ကလည်း ၂ဝ၁၄ ခုနှစ် ဇွန် ၁၁ ရက် နောက်ဆုံးထားကာ အရေးယူဆောင်ရွက်ပေးမည်ဟု မဟနသို့ လျှောက်ထားခဲ့သည်ဟု ယင်းစာတွင် ပါဝင်ကြောင်း ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

“မဟနရဲ့ ဆုံးဖြတ်ချက်တွေ ပါဝင်တဲ့ အမှုသက်သေခံစာကို ရန်ကုန်အပါအဝင် တိုင်းသံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာ သံသယဖြစ်စရာ ကိစ္စတွေကို တရားရုံးမှာ ဘာလို့မတင်ပြရဲရတာလဲ။ ၄၅ မိနစ်လောက် စောင့်ဆိုင်းပြီးမှ ဒါကိုလက်မခံဘူးဆိုပြီး အမိန့်ချတာက အထက်အမိန့်ကြောင့်လား။ တစ်စုံတစ်ယောက်ရဲ့ ဖိအားပေးမှုကြောင့်လားဆိုတာ စဉ်းစားစရာဖြစ်စေတယ်။ လွတ်လပ်တဲ့တရားစီရင်ရေး ဖြစ်စေချင်ပါတယ်” ဟု ဦးဥတ္တရက ဆက်လက်မိန့်သည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက် တွင် တာမွေတရားရုံးမှ ရုံးချိန်းပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

ထို့အပြင် လန်ဒန်ဆရာတော်များဘက်မှ တင်သွင်းခဲ့သည့် ပီနန်ဆရာတော်၏ သက်သေခံစာနှစ်စောင်ကို တင်သွင်းရာတွင် တာမွေတရားရုံးမှ ငါးကြိမ်မြောက် ရုံးချိန်းတွင် တရားလို ဦးစိန်မော်၏ ရှေ့နေက ပီနန်ဆရာတော်ကိုယ်တိုင် မလာရောက်သည့်အတွက် စာအနေဖြင့်သာ လက်ခံခဲ့ပြီး ပီနန်ဆရာတော်ကိုယ်တိုင် တရားရုံးတွင် သက်သေထွက်ဆိုမှသာ လက်ခံမည်ဟုဆိုကာ ပယ်ချခဲ့သောကြောင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်တင်သွင်းခဲ့သည်။ အဆိုပါ အရှေ့ပိုင်းခရိုင် တရားရုံးမှလည်း သမ္မတထံသို့ ပေးပို့သည့်စာကို လက်မခံဘဲ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ထံသို့ ပေးပို့သည့်စာကိုသာ သက်သေခံစာအဖြစ် လက်ခံကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးမှ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
EMG

သင်္ဃန်းကျွန်း၊ ၁၆/၁ ရပ်ကွက်တွင် ဓာတ်တိုင်မှ ၀ိုင်ယာရှော့ဖြစ်ပြီး ရေစိုနေသည့်လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ကာ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး

လူနှစ်ဦးဓာတ်လိုက် သေဆုံးခဲ့ရသည့် အခင်းဖြစ်ပွားရာနေရာကို စက်တင်ဘာ ၁၂ ရက် ည ၉ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

သင်္ဃန်းကျွန်းမြို့နယ်တွင် ဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ ရေစိုနေသည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ပြီး အနီးတွင်ရှိနေသည့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာမှာ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက်၊ ဇဋိလလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ ဓာတ်တိုင်အနီးတွင်ဖြစ်ပြီး ယင်းနေ့ ည ၈ နာရီခွဲခန့်က အဆိုပါဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားကာ အနီးတွင်ရှိနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁ဝ နှစ်အရွယ် ကလေးတို့ ဓာတ်လိုက်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့များက ပြောကြားသည်။

ဖြစ်စဉ်အနီးတွင် ရှိနေသည့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမျိုးလွင်က “ဖြစ်တဲ့အချိန်က မိုးလည်းရွာနေတယ်။ သေသွားတဲ့ကလေးမလေးတွေက အခွေငှားပြီးပြန်လာလို့ မိုးရွာနေတော့ အဲဒီဓာတ်တိုင်နားမှာရှိတဲ့ ကားမှတ်တိုင်နားမှာ မိုးခိုရင်းထိုင်နေတာ။ ဓာတ်တိုင်က မီးပန်းတွေပွင့်ပြီး တဖြောင်းဖြောင်းနဲ့ဆိုတော့ သူတို့လည်း လန့်ပြီးထွက်ပြေးရင်း လမ်းပေါ်မှာတင် ဓာတ်လိုက်သေရှာတာပါပဲ။ ဓာတ်ကြိုးက ပြတ်ကျတာဟုတ်ဘူး။ လမ်းပေါ်မှာ ရေတွေကစီးနေတော့ ဓာတ်တိုင်က လျှပ်စစ်စီးဝင်တယ်လို့ပဲ ထင်ရတယ်။ မီးပြတ်သွားလို့ တော်သေးတယ်။ နို့မို့ ဒီမှာရှိတဲ့လူတွေက ဘုမသိဘမသိနဲ့ ရေထဲဖြတ်လျှောက်မိရင် သေကုန်မှာ” ဟု The Daily Eleven သတင်းစာသို့ အခင်းဖြစ်ပွားရာ နေရာတွင် ပြောကြားသည်။

ထိုကဲ့သို့ ရှော့ဖြစ်ခဲ့သည့်ဓာတ်တိုင်မှာ ယခင်ကလည်း မကြာခဏဆိုသလို ရှော့ဖြစ်လေ့ရှိပြီး ထိုကဲ့သို့ လျှပ်စစ်အန္တရာယ်များ ရှိနေသဖြင့် နေထိုင်သွားလာရသည်မှာ မလုံခြုံတော့သကဲ့သို့ ခံစားရကြောင်း အဆိုပါ ရပ်ကွက်ရှိ ပြည်သူများက ပြောကြားကြသည်။

ရပ်ကွက်နေသူတစ်ဦးက “လျှပ်စစ်ဝန်ကြီးဌာနကို ပြောချင်တာက ဒီလိုစုတ်ပြတ်နေတဲ့ ဓာတ်ကြိုးတွေကို အသစ်ပြန်လဲပေးပါလို့ ပြောချင်တယ်။ အခုနောက်ပိုင်း သတင်းစာတွေထဲမှာလည်း ဖတ်နေရတယ်။ လမ်းသွားရင်း၊ ဈေးဝယ်ရင်း လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျပြီးသေတဲ့ ဖြစ်စဉ်တွေ များလာပြီ။ ကိုယ်တွေလည်း ဒီလိုဘယ်အချိန်ဖြစ်မလဲ ဆိုတာ မပြောတတ်တော့ဘူး။ လမ်းပေါ်မှာ သွားလာရတာ အသက်အန္တရာယ် မလုံခြုံတော့ဘူး ခံစားရတယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးက “ဘာကြောင့် ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ ဓာတ်ကြိုးက ပြတ်မကျဘဲဘာလို့ လျှပ်စစ်စီးဝင်ရတာလဲဆိုတာ အခုစစ်ဆေးမှ သိရမှာပါ။ လောလောဆယ်တော့ မပြောနိုင်သေးပါဘူး” ဟု ဖြေကြားခဲ့သည်။

ယခုဖြစ်စဉ်တွင် အသက်သေဆုံးခဲ့ရသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး၏ အစ်မဖြစ်သူက “ကျွန်မညီမလေးပါ။ ညနေက အခွေသွားအပ်မယ်ဆိုပြီး ထွက်သွားပြီး အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာပဲ။ သူနဲ့အတူ သေဆုံးသွားတဲ့ ကလေးမလေးကလည်း အိမ်နားက။ အတူတူ အဖော်လိုက်သွားတာ။ နှစ်တန်းတက်နေတာ။ အသက်က ၁ဝ နှစ်ပဲ ရှိသေးတယ်” ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုများကြောင့် ဓာတ်လိုက်ကာ လူရှစ်ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။
EMG

မာလာလာကို ပစ်ခဲ့သူတွေ ဖမ်းမိပြီလို့ ဆို


မိန်းကလေး တွေ ပညာသင်ခွင့် ကို တောင်းဆိုတဲ့ အတွက် တာလီဘန်တို့ ရဲ့ ပစ်မှတ်ထား ခံခဲ့ရတဲ့ Yusufzai ကို၊ လွန်ခဲ့တဲ့ ၂ နှစ်က သေနတ်နဲ့ ပစ်ခတ် ခဲ့သူတွေ အဖြစ် သံသယရှိရ သူတွေကို ဖမ်းဆီး ထားလိုက်ပြီ လို့ ပါကစ္စတန် စစ်တပ် က ပြောပါတယ်။
အခု ဖမ်းဆီးခံရတဲ့ ၁၀ ဦး ဟာ၊ ပါကစ္စတန် တာလီဘန် အဖွဲ့ရဲ့ လက်ရှိ ခေါင်းဆောင် Mullah Fazlullah အတွက် အလုပ် လုပ် ပေးနေသူ တွေ ဖြစ်တယ် ဆိုပြီး ၊ ပါကစ္စတန် စစ်တပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှုးချူပ် Asim Salim Bajwa က ပြောပါတယ်။
အခုလို ဖမ်းဆီး မိနိုင်ဖို့ အချိန် ၁ နှစ် ယူခဲ့ရတယ် လို့လည်း ဆိုပါတယ်။

တာလီဘန်တို့ဘက် က ပြောခွင့်ရ Jamaat ul Ahrar က တော့၊ အခု ဖမ်းဆီး ခံရသူတွေဟာ မာလာလာ ကို ပစ်ခတ် ခဲ့သူတွေ ဆိုတာ၊ စစ်တပ်ရဲ့ လိမ်ညာ ပြောဆိုမှုသာ ဖြစ်ကြောင်း တုန့်ပြန် လိုက်ပြီး၊ တကယ် ပစ်ခတ်ခဲ့သူ ၂ ဦး လွတ်မြောက်နေ ဆဲ ဖြစ်ကြောင်း ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)