သီတဂူဆရာတော်ကြီးက ဦးဝီရသူကို လူဝတ်လဲခိုင်းသည့်သတင်း မဟုတ်ဟုဆို


လူမှုကွန်ရက် စာမျက်နှာတစ်ခု၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖော်ပြထားသည့် မန္တလေးမြို့တော် မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူကို သီတဂူ ဆရာတော်ကြီးက လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားခဲ့သည်ဟု ဖော်ပြမှုမှာ လွဲမှားစွာ ဖော်ပြထားခြင်းသာ ဖြစ်ကြောင်း အရှင်ဝီရသူက The Voice သို့ မိန့်ကြားသည်။ 

“လတ်တလောမှာ သီတဂူဆရာတော်ကြီးက ဘုန်းဘုန်းကို ဘာမှ မမိန့်ထားပါဘူး။ ဖေ့ဘုတ်မှာ ဖော်ပြတာ လုံးဝ မှားပါတယ်။ ဘုန်းကြီးအနေနဲ့ ကိုယ့်လမ်းကြောင်းကို ကိုယ်သွားနေတာပါ။ ခရီးမတွင်မှာ စိုးတဲ့အတွက် ဖော်ပြတဲ့ မီဒီယာကိုလည်း ဘာမှမတုံ့ပြန်ပါဘူး။ ဘက်ပေါင်းစုံကနေ ဘုန်းကြီးကို ထိုးနှက်နေကြတာပါ။ ဘုန်းကြီးမှာ ဘာအားနည်းချက်မှ မရှိပါဘူး” ဟု ၎င်းက ဆက်လက်မိန့်ဆိုသည်။ 

လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သည့် Myanmar News Update တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် အရှင်ဉာဏိဿရက မန္တလေးမြို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူအား လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားလိုက်ကြောင်း ဖော်ပြထားသည်။ မစိုးရိမ်တိုက်သစ်တွင် ကိုရင်ယောင် ဆောင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရှိပြီးနောက် သီတဂူဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဖော်ပြချက်တွင် ပါရှိသည်။ 
The Voice Weekly

" ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ " ဖြစ်ရပ်မှန်ဇာတ်ကား



၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သော သမိုင်းဖြစ်စဉ် တစ်ခု ဖြစ်သည့် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ အကြောင်းကို ပရိသတ် ကြိုက်မည့် စစ်ကား ပုံစံဖြင့် ရိုက်ကူးရန် ရှိကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုး က ပြောကြားသည်။ 
အဆိုပါ ဖြစ်ရပ်မှန် ရုပ်ရှင်တွင် သမိုင်းဖြစ်စဉ် တိုက်ပွဲပေါင်း ၂၀ ခန့် ပါဝင်မည် ဖြစ်ပြီး ယင်း အချိန်က တပ်မတော် အင်အား အနည်းငယ်ဖြင့် အင်အားများသည့် ဗကပ ( ဗမာပြည် ကွန်မြူနစ် ပါတီ ) ကို ကျားကုတ် ကျားခဲ တိုက်ခိုက် ခဲ့ရသော တိုက်ပွဲများ အကြောင်းကို ပရိသတ် အကြိုက် စစ်ကားကြီး အဖြစ် ပုံဖော် ရိုက်ကူးမည် ဖြစ်ကြောင်း ၊ နာမည်ကျော် သရုပ်ဆောင် များစွာအပြင် သရုပ်ဆောင် အသစ် များလည်း ပါဝင်မည် ဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီ စိုးမိုး က ပြောကြားသည်။ 
ယင်း ဇာတ်ကားကို ယခုလတွင် စတင် ရိုက်ကူးရန် ရည်မှန်း ထားကြောင်း ၊ ဖြစ်စဉ် အမှန်တကယ် ဖြစ်ပွား ခဲ့သည့် ကြိုးတံတား သို့ သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး တိုက်ပွဲ ၂၀ စလုံးကို ထည့်သွင်း ရိုက်ကူး သွားမည် ဖြစ်ကြောင်း လည်း သိရသည်။ 
" ဇာတ်လမ်း making ကတော့ လုပ်မှာပါ ၊ ဒါပေမဲ့ တကယ် ပါခဲ့တဲ့ အထင်ကရ ဇာတ်ကောင် တွေကိုတော့ ဇာတ်လမ်း လုပ်လို့ မရဘူး ၊ သူတို့ ဇာတ်လမ်း တွေကိုတော့ အမှန်အတိုင်း ပဲ ရိုက်ရမယ် ၊ ဒီအထဲက ရဲဘော်လေး တစ်ယောက် ဒါမှမဟုတ် တပ်ကြပ် တစ်ယောက် အကြောင်းကို ဇာတ်လမ်း ဆင်ပြီး ရိုက်မယ် ... " ဟု ပန်းချီ စိုးမိုး က ပြောသည်။ 
မြန်မာ့ တပ်မတော် ၏ သမိုင်းကြောင်း ကို ရိုက်ကူး ပုံဖော်ထားသော ကြယ်စင်မော်ကွန်း ဇာတ်ကားသည် ဒါရိုက်တာ ပန်းချီ စိုးမိုး ရိုက်ကူး ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆု ပထမ အဆင့် ရွေးချယ်ရေး အဖွဲ့က ဆန်ခါတင် ရွေးချယ် ခဲ့ကာ ရုပ်ရှင် ၆ ကားတွင်လည်း ပါဝင်လျက် ရှိကြောင်း သိရှိရသည်။ 
ဇာညီသစ္စာ
TheMyawadyDaily

တယ်လီနောဆင်းမ်ကတ်များ ယခုရက်ပိုင်းအတွင်း ရောင်းချတော့မည်


ကျပ် ၁၅ဝဝတန် တယ်လီနောဆင်းမ်ကတ် များ အများပြည်သူဝယ်ယူနိုင်ရန် ရက်ပိုင်းအတွင်း ရောင်းချပေးမည် ဖြစ်ကြောင်း အော်ပရေတာတစ်ခု ဖြစ်သည့် တယ်လီနော(မြန်မာ)မှ သိရသည်။

ကနဦးအနေဖြင့် ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အစရှိသည့်မြို့ ကြီးများတွင် ဆင်းမ်ကတ်စတင်ဖြန့် ဖြူးရောင်းချမည်ဖြစ်ပြီး 2G, 3G ကွန်ရက်ဖြင့် ဖြန့်ကြက်သွားမည်ဖြစ် သည်ဟု သိရသည်။

တယ်လီနော(မြန်မာ)မှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ''ရောင်းပေး မယ့်ရက်အတိအကျကို တယ်လီနော ဘက်က မပြောလိုသေးပါဘူး။ ဒါပေ မဲ့ ရက်ပိုင်းအတွင်းပဲ ကတ်တွေရောင်း တော့မှာပါ။ ကတ်ဝယ်ပြီးတာနဲ့ အ သုံးပြုလို့ရအောင် ပြင်ဆင်ဆောင် ရွက်နေပါတယ်'' ဟု ပြောသည်။

တယ်လီနော(မြန်မာ)မှ 2G, 3G ကွန်ရက်ဖြင့် မည်သည့် ဟန်း ဆက်အမျိုးအစားဖြင့်မဆို အသုံးပြု နိုင်မည်ဖြစ်ပြီး ဆမ်ဆောင်းနှင့် ပူး ပေါင်း၍ ဟန်းဆက်နှင့် ဆင်းမ်ကတ် ပါ ပူးတွဲရောင်းချရန် ပြင်ဆင်ထား သည်ဟုဆိုသည်။

ဆင်းမ်ကတ်များရောင်းချချိန် တွင် အရောင်းဆိုင်များမှ ဈေးနှုန်း မြှင့်၍ရောင်းချခြင်း မပြုနိုင်ရန် တယ် လီနောအနေဖြင့် စည်းမျဉ်းများထုတ် သွားမည်ဖြစ်ကာ ဈေးနှုန်းပိုမိုရောင်း ချပါက ဆင်းမ်ကတ်ဖြန့်ဖြူးခြင်းရပ် ဆိုင်းသည်အထိ အရေးယူသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆင်းမ်ကတ်အပါ အဝင် ဆက်သွယ်ရေးဆက်စပ်ပစ္စည်း များကို တယ်လီနော(မြန်မာ)နှင့် ချိတ်ဆက်ထားသည့် အရောင်းဆိုင် ပေါင်း ၂၅ဝဝဝ ခန့် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားပြီး မြို့ကြီးနှင့် ဒေသ အသီးသီးတွင် တယ်လီနောအမှတ် တံဆိပ်ဖြင့် ဆိုင်ပေါင်း ၂ဝဝနီးပါး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

''နောက်ပိုင်း ကွန်ရက်များများ ဖြန့်ကြက်နိုင်တဲ့အချိန်ကျရင် ဖုန်း ဆိုင်တွေမှာသာမက Point of Sale (POS) အရောင်းဆိုင်လိုနေရာတွေ မှာပါ ကတ်ရောင်းနိုင်ဖို့စီစဉ်ထားပါ တယ်''ဟု အဆိုပါပြောရေးဆိုခွင့်ရှိ သူက ထပ်မံပြောသည်။

ယင်းအော်ပရေတာမှရောင်းချ မည့် ဆင်းမ်ကတ်တွင် အင်တာနက် လိုင်း၊ ဗွီဒီယိုကောလ် အစရှိသည် တို့ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းအသုံးပြုမည့်သူ ဒေါ်သင်းညွန့်က ''အော်ရီဒူးတုန်းက လဲ ဝယ်သုံးဖြစ်တယ်။ ကတ်ဝယ်ပြီး ပြောလို့ဆိုလို့ မရတော့အဆင်မပြေ ဘူး။ ပြည်သူတွေကလိုအပ်တာ လိုင်း ကောင်းကောင်းသုံးဖို့ပါပဲ'' ဟု ပြော သည်။

တယ်လီနောမှ မြန်မာနိုင်ငံ တွင် အော်ပရေတာလုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ကို ၂ဝ၁၄ ခုနှစ် ဖေဖော် ဝါရီ ၅ရက်က ရရှိခဲ့ခြင်းဖြစ်ပြီး လိုင် စင်ရပြီး ရှစ်လအကြာတွင် ဆင်းမ် ကတ်များ ဖြန့်ဖြူးနိုင်ရန် ဆောင် ရွက်ခဲ့သည်ဟု သိရသည်။

PPT
Democracytoday

ယူကရိန်းထဲ ရုရှားစစ်သည် တထောင်ရှိနေဆဲဟု NATO ပြောဆို

ယူကရိန်းနိုင်ငံထဲမှာ ရုရှားတပ်ဖွဲ့ဝင် ၁၀၀၀ လောက် ရှိနေကြောင်း နေတိုး ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေကို ကူညီပေးနေတဲ့ ရုရှားတပ်ဖွဲ့ဝင် အတော်များများ ရုရှားကို ပြန်သွားကြပြီလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောဆိုအပြီး နောက်တနေ့မှာ နေတိုးက အခုလို ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ယူကရိန်းအတွင်းမှာ ရှိနေခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင် ၇၀ ရာခိုင်နှုန်းလောက် ရုရှားထဲကို ပြန်ဝင်သွားကြပြီလို့ မစ္စတာ ပိုရိုရှန်းကိုးက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆက်လက် တည်မြဲနေမလားဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာပါတယ်။

အပစ်အခတ်ရပ်စဲရေး ရေရှည် ခံမခံဆိုတဲ့တာကိုတော့ သူတို့အနေနဲ့ အတိအကျ မပြောနိုင်ကြောင်း နေတိုးအဖွဲ့ အရာရှိက ကြာသပတေးနေ့မှာ ပြောပါတယ်။ အဲဒီလိုသာ ဖြစ်ခဲ့ရင် ကောင်းမွန်တဲ့ တိုးတက်မှုဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အဲဒီ အရာရှိက ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွင်းမှာ များပြားတဲ့ ရုရှားစစ်လက်နက်တွေ ရှိနေသေးပြီး တပ်ဖွဲ့အင်အား ၂ သောင်းလောက်ဟာလည်း ရုရှားဘက်အခြမ်း နပ်စပ်မှာ ရှိနေကြကြောင်း အဲဒီ အရာရှိကပဲ ပြောပါတယ်။

ယူကရိန်းကို တပ်ဖွဲ့ အင်အားတွေနဲ့ စစ်လက်နက် ပစ္စည်းတွေပို့ပေးခဲ့ခြင်းမရှိကြောင်း ရုရှားအစိုးရက ငြင်းဆိုထားပေမယ့် ခွဲထွက်ရေး သူပုန်ခေါင်းဆောင်တွေကတော့ ရုရှားတပ်ဖွဲ့တွေဟာ သူတို့အားလပ်ရက်အတွင်း သူတို့နဲ့အတူ ယူကရိန်းတပ်ဖွဲ့တွေကို ကူညီ တိုက်ခိုက်ပေးခဲ့ကြောင်း ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရုရှားထောက်ခံတဲ့ ယူကရိန်းသူပုန်တပ်တွေနဲ့ ရုရှားတပ်သားများ ယူကရိန်း- ရုရှ နယ်စပ် လုံခြုံရေးယူ။


အစ္စလာမ်မစ် လူသစ်စုဆောင်းသူကို ဖမ်းဆီး

ဆီးရီးယား နိုင်ငံထဲ က အစ္စလာမ်မစ် လက်နက်ကိုင်တွေ ထဲ ပါဝင်ဖို့ လူသစ် စုဆောင်း နေသူ လို့ သံသယ ရှိခံရသူ တစ်ဦး ကို၊ ပြင်သစ် အာဏာပိုင်တွေ က ပါရီမြို့တော် လေဆိပ်မှာ၊ ဖမ်းဆီး လိုက် ပါတယ်။

အခု ဖမ်းဆီးခံလိုက်ရတဲ့ Mourad Fares ဆိုသူဟာ၊ အလွန် အန္တရာယ် ကြီးမားသူ တစ်ဦး ဖြစ်တယ် လို့ ပြင်သစ် ပြည်ထဲရေး ဌာနက ပြောပါတယ်။

ပြင်သစ် အာဏာပိုင်တွေ ရဲ ခန့်မှန်းချက် အရ၊ ပြင်သစ် နိုင်ငံသား ၉၀ဝ လောက်၊ ဆီးရီးယားနဲ့ ပတ်ဝန်းကျင် ဒေသတွေရဲ့ ပြည်တွင်းစစ်တွေ ထဲ ပါဝင် နေကြတယ် လို့ သိရပါတယ်။

အနောက် ဥရောပ နိုင်ငံတွေထဲ မှာ၊ ပြင်သစ် ဟာ မွတ်ဆလင်ဦးရေ အများဆုံး ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဆီးရီးယားထဲက အစ္စလာမ် နိုင်ငံ အစွန်းရောက် အဖွဲ့


ကြိုတင်ခွင့်ပြုချက်မယူပဲ စစ်ဆင်ရေးလုပ်ရင် တုန့်ပြန်မယ်လို့ ဆီးရီးယားပြော

ဆီးရီးယားနိုင်ငံအတွင်းက ​IS ​အကြမ်းဖက် ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေ တဆင့် ​နှိမ်နင်းမယ်လို့ ​အမေရိကန် ​သမ္မတက ​ကြေညာ ပြီးတဲ့နောက် ​ဆီးရီးယား ​အစိုးရက ​သူ့ရဲ့ ​ခွင့်ပြုချက်အရင်မယူပဲ ​ဆီးရီးယားနယ်အတွင်း ​စစ်ဆင်ရေး လုပ်မယ်ဆိုရင် ​ပြင်းထန်စွာ ​တုန့်ပြန်မယ်လို့ ​ပြောလိုက်ပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ ​ဆီးရီးယား ​ပြည်တွင်းက ​အကြမ်းဖက် ​စစ်သွေးကြွတွေကို ​နှိမ်နင်းလိုပြီး ​ပူးပေါင်းမှုတွေ ​လုပ်လိုပေမယ့် ​ဆီးရီးယားရဲ့ ​ခွင့်ပြုချက် ​မယူပဲ ​စစ်သွေးကြွတွေကို ​ဝင်တိုက်မယ်ဆိုရင် ​တုန့်ပြန်မှု ​လုပ်မယ်လို့ ​ပြောခဲ့တာပါ။

အမေရိကန်ကတော့ ​ဆီးရီးယား ​အစိုးရနဲ့ ​ပူးပေါင်းဖို့ ​ဆန္ဒမရှိပဲ ​ဆီးရီးယား ​သမ္မတကို ​ဆန့်ကျင်နေတဲ့ ​တခြား ​သူပုန်အဖွဲ့ကိုသာ ​စစ်လက်နက် ​တပ်ဆင်ပေးပြီး ​IS ​စစ်သွေးကြွအဖွဲ့ကို ​ချေမှုန်းဖို့ ​လုပ်ဆောင်နေပါတယ်။

အဲဒီလို ​သူပုန်တပ်ဖွဲ့တွေကို ​သင်တန်းတွေ ​ပေးနိုင်ရေးအတွက် ​ဒေါ်လာ ​သန်း ​၅၀၀ ​ချမှတ်ပေးဖို့လည်း ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ကွန်ဂရက်လွှတ်တော်ကို ​တောင်းဆိုထားပါတယ်။

ဒါ့အပြင် ​အီရတ်နိုင်ငံက ​​စစ်သွေးကြွတွေကို ​​ဝေဟင်ကနေ ​​တိုးချဲ့ ​​တိုက်ခိုက်မှု ​​လုပ်သွားမယ်လို့လည်း ​ပြောပါတယ်။

စစ်သွေးကြွအဖွဲ့ကို ​​တိုက်ဖို့ ​​စစ်သားစေလွတ်မှာမဟုတ်ပဲ ​​နိုင်ငံတကာနဲ့ ​​ပူးပေါင်းပြီး ​​ဝေဟင်ကနေသာ ​​တိုက်ခိုက်မှု ​​လုပ်မယ်လို့ ​​ပြောပါတယ်။

အမေရိကန်နိုင်ငံကို ​​ခြိမ်းခြောက်မှု ​​လုပ်တဲ့ ​​ဘယ် ​​အကြမ်းဖက်သမားကိုမဆို ​​မြေလှန်ရှာဖွေပြီး ​​ခြေမှုန်းသွားမယ်ဆိုတာကို ​​အတိအလင်းပြောလိုကြောင်းလည်း ​​အိုဘားမားက ​​ဆိုပါတယ်။

အမေရိကန်သမ္မတရဲ့ ​​အဓိက ​​မူအတိုင်းပဲ ​​အမေရိကန်ကို ​​ခြိမ်းခြောက်ရင် ​​နေစရာနေရာ ​​ရှိမှာ ​​မဟုတ်ဘူးဆိုတာကို ​​ပြောချင်တယ်လို့ ​​သမ္မတ ​​အိုဘားမားက ​​ပြောပါတယ်။

အမေရိကန် ​​သမ္မတ ​​ချပြတဲ့ ​​မဟာဗျူဟာအရ ​​ဝေဟင်ကနေ ​​စနစ်တကျ ​​တိုက်ခိုက်မှုတွေ ​​လုပ်မယ့်အကြောင်း၊ ​​IS ​​အဖွဲ့ကို ​​တိုက်ခိုက်နေတဲ့ ​​တခြားအဖွဲ့တွေကို ​​စစ်သင်တန်း၊ ​​ထောက်လှမ်းရေးအချက်အလက်နဲ့ ​​စစ်သုံးပစ္စည်းတွေ ​​ပိုမိုပေးဆောင်မယ့်အကြောင်း၊ ​​IS ​​ရဲ့ ​​အကြမ်းဖက်မှုကို ​​ကြိုတင်ကာကွယ်တဲ့အနေနဲ့ ​​IS ​​အဖွဲ့ရရှိနိုင်တဲ့ ​​ဝင်ငွေတွေ ​​ဖြတ်တောက်ပြီး ​​အရှေ့အလယ်ပိုင်းက ​​ပြည်သူတွေ ​​အကြမ်းဖက်အဖွဲ့နဲ့ ​​မပူးပေါင်းအောင် ​​အတွေးအခေါ် ​​ပြောင်းလဲတာမျိုးတွေ ​​လုပ်ဆောင်မယ့်အကြောင်းနဲ့ ​​ပြည်သူတွေကို ​​လူသားခြင်း ​​စာနာရေးအထောက်အပံ့တွေ ​​ဆက်လက်ပေးသွားမယ့်အကြောင်းတွေ ​​ပါဝင်ပါတယ်။

ABC Radio Australia

ISIS စစ်သွေးကြွအလံ နှင့် အဖွဲ့ဝင်တချို့ (Credit: Reuters) 


ဆီးရီးယားသူပုန် ဖမ်းဆီးတဲ့ ငြိမ်းချမ်းရေး စစ်သားတွေ ပြန်လွတ်လာ

ဆီးရီးယား ​သူပုန်တွေရဲ့ ​ဖမ်းဆီးထိန်းသိမ်းမှု ​ခံခဲ့ရတဲ့ ​ကုလသမဂ္ဂ ​ငြိမ်းချမ်းရေး ​စစ်သား ​၄၅ ​ယောက်စလုံး ​လွတ်မြောက်လာပြီလို့ ​သိရပါတယ်။

သူပုန်တွေရဲ့ ​ထိန်းသိမ်းမှုကို ​ခံခဲ့ရတဲ့ ​ကုလသမဂ္ဂ ​ငြိမ်းချမ်းရေး ​စစ်သားတွေဟာ ​ဖီဂျီနိုင်ငံက ​စစ်သားတွေ ​ဖြစ်ပြီး ​အစ္စရေးနိုင်ငံ ​နယ်စပ် ​Golan ​Heights ​ဒေသမှာ ​Al ​Nusra ​Front ​လို့ ​ခေါ်တဲ့ ​ဆီးရီးယား ​သူပုန်တွေရဲ့ ​ဖမ်းဆီးမှုကို ​နှစ်ပတ်ကြာ ​ခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူတွေ ​အားလုံး ​လွတ်မြောက်လာပြီး ​သူတို့ ​အခြေစိုက်ရာ ​စ ​ခန်း ​ဆီ ​ကို ​ပြန် ​သွား ​နေကြတယ်လို့ ​အေဘီစီ ​သတင်းထောက်က ​ပြောပါတယ်။

အဲဒီလူတွေဟာ ​အသင့်စောင့်နေတဲ့ ​ကင်မရာရိုက်ကူးသူတွေကို ​ကားပေါ်ကနေ ​လက်ဝေ့ယမ်းပြ ​နှုတ်ဆက်နေတဲ့ ​ပုံကို ​တွေ့ခဲ့ရပြီး ​ဖမ်းဆီးခံရသူ ​အားလုံးရဲ့ ​အခြေအနေက ​ကောင်းမွန်ကြောင်း ​ကုလသမဂ္ဂက ​ပြောပါတယ်။

ဆီးရီးယားအစိုးရတပ်နဲ့ ​ဆီးရီးယားသူပုန်တွေအကြား ​ဖြစ်ပွားတဲ့ ​တိုက်ပွဲအတွင်း ​ပိတ်မိနေတဲ့ ​ဖီဂျီငြိမ်းချမ်းရေး ​စစ်သားတွေကို ​ဆီးရီးယား ​သူပုန်တွေက ​ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ​အေဘီစီ ​သတင်းထောက် ​Hayden ​Cooper ​က ​ဂျေရုဆလင် ​မြို့ကနေ ​သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia


Nusra Front သူပုန် တပ်ဖွဲ့ လွတ်ပေးလိုက်တဲ့ ဖီဂျီနိုင်ငံက ငြိမ်းချမ်းရေးစစ်သားများ (Credit: Reuters)

အိုဇုန်းလွှာ ပြန်ကောင်းလာသော လက္ခဏာများ တွေ့ရကြောင်း ကုလသမဂ္ဂ သုတေသန ဆို

ကင်ဆာဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များဒဏ်မှ ကမ္ဘာကို ကာကွယ်ပေးနေသည့် အိုဇုန်းလွှာသည် နှစ်ပေါင်းများစွာ ပါးလွှာသွား ခဲ့ပြီးနောက် ပြန်လည်ထူထဲလာသည့် ကနဦးလက္ခဏာများကို ပြသနေကြောင်း ကုလသမဂ္ဂ လေ့လာမှု တစ်ခုက ဆိုသည်ဟု စက်တင်ဘာ ၁၁ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။



အန္တာတိက အပေါ်တွင် နှစ်စဉ်ပေါ်လာလေ့ရှိသည့် အိုဇုန်းလွှာအပေါက်မှာလည်း ယခင်က နှစ်စဉ် ကြီးလာခဲ့ရာမှ ယခုအခါ ထပ်ကြီးလာခြင်း မရှိတော့ပေ။

အိုဇုန်းလွှာအပေါက် စတင်သေးငယ်လာမည့် အချိန်ရောက်ရန်မှာမူ နောက်ထပ် ဆယ်စုနှစ်တစ်ခုခန့် အချိန်ယူရလိမ့်ဦးမည် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အိုဇုန်းလွှာကို ပျက်စီးစေသော လူလုပ်ဓာတ်ငွေ့ဖြစ်သည့် ကလိုရိုဖလူရိုကာဗွန် CFC ဓာတ်ငွေ့များ တဖြည်းဖြည်းလျှော့ချရေး နိုင်ငံရေး သန္နိဋ္ဌာန် များကြောင့် အိုဇုန်းလွှာ ပြန်ကောင်းလာခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုကြသည်။

ထိုသုတေသန စာတမ်းအား ကမ္ဘာ့ မိုးလေဝသ အဖွဲ့ WMOနှင့် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် UNEP မှ သုတေသီများက ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

“အိုဇုန်းလွှာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လုပ်ဆောင်ချက်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အောင်မြင် မှု ဖြစ်စဉ်ကြီး တစ်ခု ဖြစ်ပါတယ်။ ဥတုရာသီ ပြောင်းလဲလာမှု တိုက်ဖျက်ရေးဆိုင်ရာ ပိုမိုကြီးမားတဲ့ စိန်ခေါ်ချက်တွေနဲ့ပတ်သက်ပြီး အလားတူ အရေးတကြီးနဲ့ စည်းစည်းလုံးလုံး ကိုင်တွယ်ဆောင်ရွက်မှုမျိုး ပြသဖို့ ဒီအောင်မြင်မှုကနေ ကျွန်တော်တို့ စေ့ဆော်မှုတွေ ရယူသင့်ပါတယ်” ဟု WMO ညွှန်ကြားရေးမှူးချုပ် မိုက်ကယ်ဂျရတ်ဂ်က ဆိုသည်။

အမေရိကန် အာကာသ အေဂျင်စီ နာဆာ မှ ဒေါက်တာ ကန်ဂျက်စ် က “စက်မှုတော်လှန်ရေး မစခင်အချိန်က ရှိခဲ့တဲ့ ကမ္ဘာ့လေထု အခြေအနေမျိုး ပြန်ဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့အတွက် လူသားတွေဟာ မှန်ကန်တဲ့အရာကို စပြီး လုပ်နေကြပါတယ်” ဟု ပြောပြခဲ့သည်။
Ref:BBC
by Mizzima News

၂၀၁၃ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်၂၀၀ ကျော် ပိတ်ခဲ့ရ

၂၀၁၃ ခုနှစ် ဧပြီလအတွင်းက ရာနာပလာဇာပြိုကျပြီး လူ ၁၁၃၈ ဦး သေဆုံးခဲ့သည့် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပိတ်ပစ်ခဲ့ရသည့် အထည်ချုပ်စက်ရုံ ၂၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ပြိုကျမှုဖြစ်စဉ်ကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်းရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင်စည်းကမ်းပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလည်းမှု အများအပြား လုပ်ဆောင်ခဲ့သည်။



အထည်ချုပ်စက်ရုံများ ပိတ်ပစ်ရမှုကြောင့် လူပေါင်းသောင်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး နိုင်ငံ၏ ပို့ကုန်လုပ်ငန်းများ ကျဆင်းသွားသောကြောင့် အမေရိကန်ဒေါ် လာ ၂၄ ဒသမ ၅ ဘီလျံခန့် ရင်းနှီးမြှုပ်နှံ မှုရှိသည့် ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

လူဦးရေ ၁၅၅ သန်းရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အ၀တ်အထည်ထုတ်လုပ်တင်ပို့သူ လုပ်ငန်းရှင်များ အသင်း (BGMEA) တွင် အထည်ချုပ်စက်ရုံပေါင်း ၄၅၀၀ ခန့် ပါဝင်သည်။

BGMEA ၏ ဒုတိယဥက္ကဌ ရှာဟီဒူလာအာဇင်က “ကျွန်တော်တို့ ကောက်ယူထားတဲ့ စာရင်းတွေအရ ရာနာပလာဇာပြိုကျပြီးနောက်ပိုင်း အထည်ချုပ်စက်ရုံ ၂၁၈ ရုံပိတ်ပစ်ခဲ့ရပါတယ်။ အများစုဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဖြစ်ပြီး တစ်ရုံကို ၀န်ထမ်း ၃၀၀ ကနေ ၈၀၀ အထိ ရှိပါ တယ်။ ပိတ်ပစ်ခဲ့တဲ့ စက်ရုံတွေ ထဲက ၂၁ ရုံဟာ အနောက်နိုင်ငံက လက်လီအရောင်းအုပ်စုကြီးနှစ်ခုက တောင်းဆိုလာလို့ ပိတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ စက်ရုံတွေကတော့ သူတို့ဘာသာသူတို့ ပိတ်ပစ်ခဲ့ရတာ ပါ” ဟု ပြောကြားသည်။
Ref:AFP
Mizzima

ဘတ်စ်ကားယာဉ်မောင်းများ အလုပ်ထုတ်ခံရသည့် အတွက် လက်ဝါးကပ်တိုင်တွင် လက်များကိုသံဖြင့် ရိုက်ကာ ဆန္ဒပြ

ပါရာဂွေးလူမျိုး ဘတ်စ်ကားယာဉ်မောင်း သုံးဦးသည်အလုပ်ထုတ်ခံရသည့် အတွက်ကြောင့် လက်ဝါးကပ်တိုင်တွင် လက်များကိုသံဖြင့် ရိုက်ကာ ဆန္ဒပြခဲ့ကြသည်ဟု စက်တင်ဘာလ ၁၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



၎င်းတို့အနက်မှ တစ်ဦးသည် ပါးစပ်ကိုလည်း ၀ါယာများဖြင့်ချုပ်ထားခဲ့ပြီး အလုပ်ပြန်လည်ရရှိရန် တောင်းဆိုခဲ့သည်။

ကုမ္ပဏီမှ ဘတ်စ်ကားလမ်းကြောင်းများကို ဖြတ်တောက်ခဲ့ပြီးနောက် ၎င်းတို့ သုံးဦးကို အလုပ်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့၏ ဘတ်စ်ကား vလမ်းကြောင်းကို အခြားကုမ္ပဏီများနှင့် ပြန်လည်ချိတ်ဆက်ပေးရန် ၎င်းတို့က အစိုးရကို တောင်းဆိုခဲ့သည်။

လွန်ခဲ့သည့်နှစ်ကလည်း ယာဉ်မောင်းများသည် အလားတူဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး လက်ဝါးကပ်တိုင်တွင် လက်များကို သံဖြင့်စွဲရိုက်ခဲ့ကာ ဆန္ဒပြခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် အလုပ်အကိုင်များ ပြန်လည်ရရှိခဲ့သည်။

ယာဉ်မောင်းတစ်ဦးဖြစ်သူ အယ်လ်ဗီယို ကရစ်တယ်လ်ဒိုသည် လွန်ခဲ့သော ကိုးရက်ကစတင်၍ လက်ဝါးကပ်တိုင်တွင် လက်များကိုသံဖြင့်စွဲကာ ဆန္ဒပြခဲ့သည်။

"ကျွန်တော်ဝေဒနာကို ကြိတ်မှတ်ခံစားနေပေမယ့်လည်း၊ အရမ်းနာကျင်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်း၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးဖြစ်သူ အီလီဂျီယို မာတီနက်ဇ်နှင့် ကလယ်လ်မန်တေး လိုဗီယာတို့က နောက်ပိုင်းတွင် ၎င်းနှင့်အတူပူးပေါင်းပါဝင် ဆန္ဒပြခဲ့သည်။
Ref:BBC
Mizzima

Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်း




Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်းထားပါတယ်။

ပရိသတ်တွေအထင်လွဲမှာဆိုးလို့ ရှင်းပြပါ ရစေရှင်....Patricia ဘက်က camp သွင်းထားတဲ့ နေ့ ရက်တွေမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ပါရှင်..ပရိသတ်တွေ Voting လုပ်ဖို့ photo shoot ရိုက်ကူးတဲ့နေ့ မှာ တောင်အဖျား တွေအရမ်းတက်ပြီး ဘယ်လိုမှ နေလို့ မရတော့တဲ့ အခြေအနေမှာတောင်အားမွေးပြီးသေသေချာချာဓာတ် ပုံရော၊ဗွီဒီယိုပါရိုက်ကူးပေးခဲ့ပါတယ်...

အခု Miss Myanmar World page ကတင်ထားတဲ့ status က Patricia ကိုပြိုင်ပွဲတစ်လျှောက် အားပေးနေတဲ့ပ ရိသတ်တွေနဲ့ Patricia ကြားမှာအထင်လွဲစေပါတယ်...Patricia ဟာဒီပြိုင်ပွဲကိုမပြိုင်ခင် ကတည်းကပရိသတ်ရဲ့ အားပေးမှုနဲ့ အနုပညာလုပ်ငန်း တွေကိုကျောင်းတစ်ဖက်နဲ့ ကြိုးစားလုပ် ဆောင်နေသူပါ...

အခုလည်းပဲပြိုင်ပွဲတစ်ဖက် နဲ့ ကြေငြာတွေ music video တွေနဲ့ တခြား မဂ္ဂဇင်းတွေလည်းမပျက်ကွက်ရိုက် ကူးနေရပါ တယ်.နားရက်ပေးရင်လည်းတခြားပြိုင်ပွဲဝင် အမတွေအနားယူနေရတဲ့အချိန်မှာ Patricia ကအ လုပ်တွေဆက်တိုက်လုပ်ရပါတယ်.. Camp ကနေပြန်တဲ့အချိန်ဟာဘယ်လောက် ပဲမိုးချုပ်နေပါစေ..Patricia မှာအိမ်ကို တည့်တည့်မတ်မတ်မပြန်ရပဲ Shooting တွေနေ့ တိုင်းရိုက်ရပါတယ်...

အခုဆိုရင် ကျောင်းလည်းဆက်မတက်ရပဲပြိုင်ပွဲနဲ့  အနုပညာလုပ်ငန်းတွေကိုလုပ်နေရပါတယ်... Patricia ကိုယ်တိုင်အထက်ကလူကြီးကိုတင် ပြပြီးဘယ်နေ့ဘယ်ရက်မှာကြေငြာရိုက်ဖို့ ခွင့် ရက်ရမလဲဆိုတာသေချာ ခွင့်တောင်းပြီးမှသာ လျှင်ကြေငြာတွေကိုလက်ခံရိုက်ကူးရတာပါ ရှင်.အထက်ကလူကြီးက(၉)ရက်နဲ့ (၁၀)ရက် ၂ရက်ခွင့်ပေးပါတယ်..အထက်ကခွင့်ပြုတဲ့ ရက်ကိုသာ Patricia တို့ ကအလုပ်လုပ်ခွင့် ရှိတာပါရှင်.. Miss Myanmar World အထက်ကလူကြီးကခွင့်မပေးပဲ Patricia ဘက်ကကြေငြာတွေလက်ခံလို့ မရပါ..

ဘယ်အလုပ်မဆိုနှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့်နေ့ ရက်မျိုးကိုကြိုတင်ညှိနှိုင်းပြီးမှသာ လုပ်ဆောင်ရတာပါ. Patricia မနေ့ က training ဆင်းတဲ့နေ့ မှာပျက်ကွက်တာ မဟုတ်ပါ.Miss Myanmar World ကဒိုင်လူကြီးတစ် ဦးရဲ့ခွင့်ပေးတဲ့ရက် မှသာကြေငြာရိုက်တာပါ.. ပြီးကျတော့ Patricia ကြေငြာရိုက်နေတဲ့အချိန်မှာ Patricia ကို "ဒီနေ့ ဘာကြောင့်မလာတာလဲ" ဆိုပြီး ဂယက်တွေရိုက်ပါတယ်. Patricia မနေ့ က ရိုက်ကူးနေတဲ့ကြေငြာ မှာလည်း professional တွေ အားလုံးနဲ့ အလုပ်လုပ် နေရတာပါ..Patricia စိတ်တွေအရမ်းညစ် လာပြီးအာရုံ
နောက်လို့ ဆက်မပြိုင်ဖြစ်တော့ကြောင်းအသိပေးခဲ့တာပါ..

Patricia ဘက်က ပျက်ကွက်လို့ ထုတ်ပယ်တယ်ဆိုတဲ့စကားကို လုံးဝလက်မခံနိုင်ပါ..ဒီပြိုင်ပွဲဆိုတာလည်း Patricia ရဲ့ ပရိသတ်တွေရဲ့ အားပေးတိုက် တွန်းမှုကြောင့်ဝင်ပြိုင်ဖြစ်ခဲ့တာပါ..ပြိုင်ပွဲ တစ်လျှောက် Patricia ကိုအားပေးနေတဲ့ ပရိသတ်တွေအားလုံးကိုကျေးဇူးလည်းတင် တယ်..အခုလိုတွေဖြစ်ရတော့အားလည်း အရမ်းနာတယ်....Patricia နဲ့ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့ပြိုင်ပွဲကိုမပြိုင်ဖြစ် တော့ပေမယ့်အားပေးနေ တဲ့ပရိသတ်တွေအတွက် Patricia ဝါသနာပါတဲ့အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ဆောင် သွား ပြီးကြိုးစားသွားမှာပါရှင်....








Ooredooကို အလဲထိုးလိုက်တဲ့ မြန်မာ့ဆက်သွယ်ရေး


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM နှင့် CDMA တယ်လီဖုန်း ဆင်းကတ်များကို မြန်မာနိုင်ငံ အနှံ့တွင် တစ်ခုလျှင် ကျပ် ၁၅၀၀ဖြင့် ကတ်ပေါင်း သန်းနှင့်ချီ၍ အများပြည်သူသို့ လွတ်လပ်စွာ ရောင်းချပေးခဲ့ရာ Ooredoo တယ်လီဖုန်း ဆင်းကတ်ကို ၀ယ်ယူသူ လုံးဝမရှိတော့ဟု တယ်လီဖုန်း အရောင်းဆိုင်များက
ပြောဆိုလာကြသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဆင်းကဒ်များအား ပြည်သူများ ကြိတ်ကြိတ်တိုး ၀ယ်ယူကြပြီး ပြင် ပဈေးကွက်တွင် ကတ်တစ်ခုလျှင် ကျပ်နှစ်သောင်း အထိပင် ဈေးတက်သွားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် တယ်လီဖုန်း အသစ်တစ်လုံး ၀ယ်သူတိုင်းကို Ooredoo ဆင်းကတ် လက်ဆောင် ထည့် ပေးသည်ကိုပင် မယူသော မထည့်ခိုင်းသောသူများ ရှိလာသည်အထိ အချိန်တို အတွင်း Ooredooကို သုံးစွဲသူများ လျှော့ကျသွားခဲ့ကာ တယ်လီဖုန်း သုံးစွဲသူ တစ်ဦးကလည်း တယ်လီနော ဆိုရင် အဆင်သင့် မဖြစ်သေးတော့ ဈေးကွက်ထဲကို လုံးဝမထည့်သေးဘူး။

Ooredoo ကတော့ ရောင်းရသမျှ အမြတ်ဆိုပြီး သူ့စနစ်ကို ပြီးပြည့်စုံအောင် မစမ်းသပ်ဘဲနဲ့ ဈေးကွက်ထဲကို ထည့်လိုက်တယ်။ သုံးစွဲသူတွေ အတွက် ခေါ်ဆိုမှုတွေကို လုံးဝ အဆင်မပြေသလို အင်တာနက် သုံးစွဲခက လည်း ခေါင်ခိုက်နေတာပဲ။ မီဒီယာတွေက ၀ိုင်းရေးမှ အင်တာနက် သုံးစွဲခကို ဈေးချပေးသည်။

၂၅ကျပ်ကနေ ၁၀ကျပ်ကို ချပေးတယ်ဆိုတော့ သူတို့ရဲ့ ရရင်ရသလောက် ယူမယ်ဆိုတဲ့ ညံ့ဖျင်းတဲ့ စိတ် ဓာတ်ကို အတိုင်းသား မြင်လိုက်ရတယ်ဟု အင်တာနက်သုံးစွဲသူ တစ်ဦးက ပြောသည်။ နောက်တစ်ဦးကမူ သူတို့ Ooredooကတ်ကိုသုံးဖို့ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းကို တစ်သိန်းနီးပါးပေးပြီး ၀ယ်ရဦးမယ်။
မြန်မာနိုင်ငံက ပြည်သူတွေဆီကနေ ရသလောက် အကုန်လှီး ထုတ်မယ်ဆိုတဲ့ Ooredooရဲ့ အကျင့်စရိုက်ကို ထင်းထင်းကြီး မြင်လိုက်ရတာပဲဟု ပြောပြခဲ့သည်။

ပြည်သူတစ်ဦးကမူ “ဆက်သွယ်ရေးက အစကတည်းက ဒီလို နိုင်ငံခြားကုမ္ပဏီနဲ့ ပေါင်းပြီး ပြည်သူတွေကို ၀န်ဆောင်မှု ကောင်းကောင်းပေးရင် ရတာပဲ။ အခုလို Ooredooလို ခပ်ပဲ့ပဲ့ကုမ္ပဏီကို ဘာလို့ ပြည်တွင်းက လုပ်ကိုင်ခွင့် ပေးလိုက်သလဲဆိုတာ နားမလည်ဘူး။ ကျွန်မကတော့ ဆက်သွယ်ရေးကိုပဲ ယုံတယ်။

ဆက်သွယ်ရေး ဖုန်းကိုပဲ သုံးမှာ။ Ooredooက တစ်လလောက် စောရောင်းလို့ ကတ်တစ်သန်းလောက်
ရောင်းလိုက်ရတာ။ တကယ်လို့ ဆက်သွယ်ရေးနဲ့ Ooredoo တစ်ရက်ထဲ ပြိုင်ရောင်းကြည့်ပါလား။ Ooredooတော့ မျက်ရည်တောင် သုတ်သွားရဦးမှာ။ အခုလည်း ကတ်သာ ရောင်းရတယ်။ သူ့ဖုန်းကို
ပြောမယ့်သူ မရှိသလောက်ပါပဲ”ဟု သူမ၏ အမြင်ကို ပြောပြသွား ခဲ့သည်။

“Ooredooက နိုင်ငံခြားသားတွေက သူတို့ကိုယ်သူတို့ အဖြူတွေဆိုပြီး ဘ၀င်မြင့်နေတာကလွဲရင် မြန်မာ
လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်း သဘောသဘာဝကို ဘာမှမသိဘူး။ သတင်းစာ ရှင်းလင်းပွဲမှာ တက်လာတဲ့ သတင်းထောက်တွေကို Ooredooက CEO ဆိုတဲ့ပုဂ္ဂိုလ်က ဆင်းကတ် တစ်ကတ်ကို ဘယ်လောက်လဲဆိုပြီး အောက်က သတင်းထောက်တွေကို အော်အော်ပြီး ကလေးလို မေးနေသေးတယ်။

သူတစ်ဦးတည်းက ၁၅၀၀ကျပ်နဲ့ ရောင်းတာမှ မဟုတ်ဘဲ သူများလည်း ရောင်းနေတာပဲ။ ဒါကို အဟုတ်မှတ် ပြီး ဘ၀င်ကိုင်နေသေးတယ်။ သူတို့ကြောင့်ပဲ မြန်မာနိုင်ငံက လူတွေ အဆင့်အတန်းရှိရှိ နေရတော့မယ့် ပုံစံနဲ့ ပြည်သူတွေကို lookdown လုပ်နေသေးတယ်”ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှလည်း သူ၏အတွေ့ အကြုံကို ပြောပြခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ယခုလို ပြည်သူတို့၏ တစ်ခဲနက် ထောက်ခံအားပေးမှုကို ရနေချိန် တွင် ယခင်ထက် ကောင်းမွန်သော ၀န်ဆောင်မှုများပေးရန် လိုအပ်ကြောင်း၊ ယခု ပေးအပ်နေသည့် ကျပ် ၅၀၀၀ဖိုး ငွေဖြည့်ကတ် ၀ယ်ပါက ၂၀% ဘောနပ်စ်၊ ကျပ် တစ်သောင်းဖိုး ၀ယ်ပါက ၃၀% ဘောနပ်စ်ပေး
ခြင်းများသည် ကောင်းမွန်ပါကြောင်း၊ ပထမဆုံး လုပ်ခဲ့သည့် ပရိုမိုးရှင်း ဖြစ်သော လူသုံးဦးထံ ဆက်သွယ်ပါ က ၂၅ ကျပ်နှုန်းပေးပြီး ထိုသို့ဆက်သွယ်ရန် မှတ်ပုံတင်သည်နှင့် ကျပ် ၂၅၀၀ဖြတ်ယူခြင်းမျိုးကိုမူ ထပ်မံမ လုပ်စေလိုကြောင်း၊ ထိုစဉ်က ပရိုမိုးရှင်းမှာ သုံးစွဲသူ ပြည်သူများကို လျှော့မတွက်စေလိုကြောင်း၊ KDDI သည် ဂျပန်ကုမ္ပဏီ ဖြစ်သဖြင့် မြန်မာတို့၏ စိတ်နေစိတ်ထားကို နားလည်မည် မဟုတ်သဖြင့် သက်ဆိုင် ရာ မြန်မာ့ဆက်သွယ်ရေးမှ ထိန်းကျောင်းပေးရန်လိုကြောင်း၊ Ooredoo လုပ်သကဲ့သို့ သုံးစွဲသူ ပြည်သူများကို ခပ်ညံ့ညံ့ဟု တွက်လျှင် ခံရမည်ဖြစ်ကြောင်း သုံးစွဲသူများ၏ အသံကို တင်ပြလိုက်ရပါသည်။

Lwin Pyin

သရဖူနှင့် အလှမယ် ရွေးချယ်ခြင်း ပြဿနာများ


အလှမယ် မေမြတ်နိုးကို သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ယနေ့ကာလ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အလှမယ်ရွေးပွဲ အရှုပ်တော်ပုံများ အကြောင်းကို အရင်းတည်၍ မြန်မာ့အလှမယ် သမိုင်းကို ပြန်လည်လေ့လာမိသည်။

မြန်မာနိုင်ငံတွင် မယ်ဗမာ (မြန်မာ) ရွေးပွဲကို လွတ်လပ်ရေး အကြိုကာလ ၁၉၄၇ ခုနှစ်တွင် စတင် ကျင်းပသည်။ ရွှေတိဂုံစေတီ အနောက်ဘက်မုခ်တွင် ကျင်းပသည့် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံး ပြပွဲနှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ပထမဦးဆုံးသော မယ်ဗမာမှာ ဒေါ်လီချို (Dolly Cho) ဖြစ်သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် နှစ်မှာပင် မြန်မာနိုင်ငံ အိုလံပစ် ကောင်စီက အားကစားပွဲ ကျင်းပခဲ့ သည်။ မယ်ရွေးပွဲလည်း ပါသည်။ ခင်သန်းကြွယ်က အိုလံပစ်မယ်ဘွဲ့နှင့်အတူ မယ်ဗမာဘွဲ့ကိုပါ ဆွတ်ခူး ရရှိခဲ့သည်။

ယင်း မယ်ရွေးပွဲမှ စကာ မြန်မာနိုင်ငံ တ၀န်းလုံး မယ်ရွေးပွဲများ ခေတ်စားလာခဲ့သည်။ မြို့နယ် မယ်ရွေးပွဲများမှ အစ တိုင်းနှင့် ပြည်နယ်အထိ မယ်ရွေးပွဲများ ကျယ်ပြန့်ခဲ့ရာ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီက မယ်ရွေးပွဲများကို ပိတ်လိုက်သည့် ကာလအထိ ဖြစ်သည်။

ထိုသို့ မောင်မယ် ရွေးပွဲကျင်းပရာတွင် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များ ကသာ ဦးစီးကျင်းပခဲ့ကြခြင်း ဖြစ်သည်။ ယင်းအပြင် မောင်ဗမာ၊ မယ်ဗမာ (မြန်မာ) များမှာ တနှစ်လျှင် တဦးသာ ထွက်သည်။ သို့ဖြစ်ရာ ၁၆ ဦးသာ တရားဝင် ရှိခဲ့ဖူးသည်။ မှတ်မိသမျှ တင်ပြရမည်ဆိုလျှင် ခင်စန်းကြွယ်၊ နော်လီဇာဘင်ဆင်၊ မီနီပု၊ နုနုရီ၊ ဖြူဖြူရှိန်၊ ၀ါဝါရှိန်၊ မြမြသန်း၊ နန်းမြင့်မေ၊ ခင်မြင့်မြင့်၊ သန်းသန်းအေး၊ နန်းမြတ်မြတ်ထွေး၊ မမြသွေး၊ လီလီစိုးရင်၊ မေမြင့်ရီနှင့် ခင်သန်းနု တို့ ဖြစ်ကြသည်။

လွတ်လပ်ရေးခေတ်၊ မယ်လောကကို ခင်စန်းကြွယ်မှ စတင်ခဲ့ပြီး ခင်သန်းနုနှင့် အဆုံးသတ်ခဲ့သည်။

ခင်သန်းနုမှာ ပြည်ထောင်စုမယ် ဖြစ်သည်။ မယ်ဗမာရွေးပွဲတွင်မူ တတိယသာ ရသည်။ ခင်သန်းနုမှာ တနှစ်ထဲမှာပင် မယ်ဘွဲ့ (၅) ဘွဲ့ကို ဆက်တိုက် ဆွတ်ခူးခဲ့သူ ဖြစ်သည်။ ပညာတံခွန်မယ်၊ (ပျဉ်းမနား) ရမည်းသင်းမယ်၊ မယ်မန္တလေး၊ ဥတ္တရတိုင်းမယ်နှင့် ပြည်ထောင်စုမယ် ဖြစ်သည်။

အထက်တန်း ကျောင်းသူဘ၀တွင် ရရှိခဲ့ခြင်း ဖြစ်သဖြင့် မယ်ဘွဲ့များ ရစဉ်က အသက် ၁၈ နှစ် မပြည့်သေးသည် ကတော့ သေချာသည်။ ထိုစဉ်က မယ်ရွေးပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြသည့် အမျိုးသမီးများမှာ ပြိုင်ပွဲကျင်းပရေး ကော်မတီက ချမှတ် ထားသည့် ပြိုင်ပွဲစည်းကမ်းများမှ အပ တခြားသော စာချုပ် စာတမ်းများ လက်မှတ် ရေးထိုးခဲ့ကြခြင်း မရှိသည်မှာလည်း သေချာသည်။

မယ်ဘွဲ့များ ရပြီးနောက် ကောင်းသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လွတ်လပ်စွာ (လွတ်လပ်စွာ) ဆောင်ရွက်နိုင် ကြသည်။ သို့မို့ကြောင့် ထိုစဉ်က မြို့နယ်အဆင့် မယ်ဘွဲ့ရသူများမှစကာ မယ်ဗမာများ အထိ ရုပ်ရှင် လောကထဲသို့ ၀င်ရောက်ခဲ့ကြသည်။

မုဒုံမယ် တင်တင်မူ၊ ဖျာပုံမယ် တင်တင်အေး၊ သိမ်ဖြူမယ် ခင်အေးဟန်၊ ကသာမယ် မခင်မှီတို့မှာ ထင်ရှားခဲ့ကြသည်။ မယ်ဗမာများ ဖြစ်ကြသည့် မစိန်အေး၊ နော်လီဇာဘင်ဆင်၊ ခင်သန်းနု၊ မေရီမြင့် စသည်တို့မှာ ထင်ရှားသည့် ရုပ်ရှင်မင်းသမီးများ ဖြစ်ကြသည်။

နိုင်ငံခြားတွင် မယ်ဘွဲ့ရသူ တဦးပင်လျှင် မြန်မာရုပ်ရှင် လောကတွင် ကျော်ကြားခဲ့ဖူးသည်။ ရှန်ဟိုင်းမယ် မေရီမြင့် ဖြစ်သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီအစိုးရ တက်လာပြီးနောက် မယ်ရွေးပွဲကို ပိတ်ပင်တားမြစ် လိုက်သည်။ ဇယာအိုနှင့် ကညာပျိုတို့ ဘောလုံးပွဲများကိုလည်း တားမြစ် ပိတ်ပင်ခဲ့သည်။ ပြီးတော့ မြင်းပြိုင်ပွဲများလည်း ပြုလုပ်ခွင့် မပေးတော့ပါ၊ အမျိုးသမီး ဘောလုံးပွဲများမှာ န၀တ အစိုးရလက်ထက်ကျမှသာ ပြန်လည်ကျင်းပခွင့် ရခဲ့သည်။ မယ်ရွေးပွဲများ နေရာတွင် လှယဉ်ကျေးမယ် အမည်ဖြင့် ပြိုင်ပွဲက အစားထိုးဝင်ရောက်လာသည်။ မောင်နှင့်နှမ၊ သားနှင့်အမိ အတူတူထိုင် ကြည့်နိုင်သည့် ၀တ်စုံများဖြင့်သာ ယှဉ်ပြိုင်ကြရသည်။ ကိုယ်ဟန်ပြ ကြရသည်။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် မယ်ရွေးပွဲများ ပြန်လည်၍ တစခန်းထလာသည်။ ယင်းရွေးပွဲများကို သက်ဆိုင်ရာ အားကစား အဖွဲ့အစည်းများက ကြီးမှူးကျင်းပခြင်းမဟုတ်ဘဲ ပုဂ္ဂလိက အဖွဲ့အစည်းများက ကြီးမှူးကျင်းပခဲ့ကြခြင်း ဖြစ်သည်။ မယ်ရွေးသည့် အဖွဲ့ (Organization) များကလည်း အပြိုင်အဆိုင် ရှိလာသည်။

ယခင်က တနှစ်လျှင် မယ်ဗမာ (မြန်မာ) တဦးသာ ရှိခဲ့ရာမှ ယခုအခါတွင် နိုင်ငံတကာတွင် ခေါင်းစဉ်မျိုးစုံဖြင့် ကျင်းပနေသည့် အလှမယ် ရွေးပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် နေကြသည့် ပြည်တွင်းထွက် အလှမယ်ပေါင်း များစွာ ရှိနေခဲ့သည်။ လူများလျှင် ပြဿနာပေါင်းစုံရှိသည် ဆိုဘိအလား ပြဿနာပေါင်းစုံ ရှိလာခဲ့သည်။

ယင်းပြဿနာများ ထဲတွင် ထိပ်ဆုံးရောက်နေသည့် ပြဿနာမှာ တောင်ကိုရီးယားနိုင်ငံမှ အာရှ၊ ပစိဖိတ်၊ ကမ္ဘာ့ မယ်ရွေးပွဲ အဖွဲ့နှင့် ယင်းပြိုင်ပွဲ (၂၀၁၄) တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အလှဆုံးမယ် သရဖူကို ဆွတ်ခူးခဲ့သည့် မေမြတ်နိုးတို့၏ ပြဿနာပင် ဖြစ်သည်။ ယင်းပြဿနာမှာ တစတစကြီးထွားလာသည်။

မေမြတ်နိုး ဆွတ်ခူးခဲ့သည့် အလှမယ်သရဖူကို ပြန်သိမ်းမည် ဆိုသည့်သတင်း သဲ့သဲ့ထွက်လာ ကတည်းက (စာရေးသူ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးသည်) http://burma.irrawaddy.org/sport/2014/07/15/61832.html ။ မြန်မာ အလှမယ်ထံမှ အကြောင်းမဲ့ သရဖူပြန်သိမ်းမည် ဆိုခြင်းကို လက်မခံနိုင် ကြောင်း၊ မေမြတ်နိုးကြုံတွေ့နေရသည့် ပြဿနာမှာ သူတဦးတည်း အတွက် မဟုတ်ကြောင်း၊ ၎င်းကဲ့သို့ ပြိုင်ပွဲသို့ မည်သည့် ပြည်တွင်း အဖွဲ့အစည်း (Organization) ကရွေးချယ်စေလွှတ်ယှဉ်ပြိုင်စေသည် ဖြစ်စေ ပြိုင်ပွဲဝင်မယ်သည် မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခြင်းသာ ဖြစ်ကြောင်း ရေးခဲ့သည်။

ပြည်တွင်း၌ နိုင်ငံပေါင်းစုံမှ အလှမယ်ရွေးပွဲများနှင့် ဆက်သွယ်ထားသည့် အဖွဲ့အစည်း (Organization) များ ရှိနေ သည်။ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင် ဖြစ်နေကြဟန် တူသည်။ ယင်း ပြိုင်ဆိုင်မှုများကြားတွင် သတင်း မီဒီယာ သမားများနှင့် အနုပညာရှင်များ ဘုမသိ ဘမသိဖြင့် ကြားညှပ်ပါဝင်နေသည်။

အဖွဲ့အစည်း (Organization) များက အလှမယ် ရွေးပွဲတပွဲတွင် ပြိုင်ပွဲဝင်မယ်များ အနက် ပဏာမ လက်ရွေးစင်မယ် ၁၀ ဦး ရွေးချယ်ထာသည်။ မည်သို့သော စည်းကမ်း သတ်မှတ်ချက်များနှင့် ရွေးချယ်ခဲ့သည်ကိုမူ မသိရ။ ရွေးချယ်ပြီး ပဏာမ လက်ရွေးစင် မယ်လောင်း ၁၀ ဦးကို ယင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများက ရွေးချယ်ပေးခဲ့ ကြသည် ဟူသတည်း။

နောက် အလှမယ်ရွေးပွဲ တပွဲတခုတွင်မူ ယင်း အလှမယ်ရွေးပွဲသို့ တက်ရောက်ကြည့်ရှု အားပေးကြသည့် အထူး ဧည့်သည်တော်များ ဖြစ်ကြသည့် အနုပညာရှင်များက ရွေးချယ်ပေးခဲ့ကြသည်ဟု သတင်းများတွင် ဖတ်လိုက်ရသည်။

ကျနော်တို့ ဆီက သတင်းမီဒီယာများနှင့် အနုပညာရှင်များသည် အလှမယ်ရွေးပွဲတွင် ဒိုင်လူကြီးများ ဖြစ်ကုန်ကြသည်။ အလှမယ် ရွေးပွဲ ဒိုင်လူကြီး အလုပ်သည် မိမိတို့အလုပ် ဟုတ် မဟုတ် မြန်မာနိုင်ငံမှ သတင်းမီဒီယာများနှင့် အနုပညာရှင်များ ပြန်လည် စဉ်းစားသင့်ကြပါသည်။ ယင်းသို့ ရွေးချယ်ခြင်းသည် မှန်ကန်မျှတပါ၏လော။

တဖန် မယ်ရွေးချယ်ရေး အတွက် မည်သည့် စည်းကမ်း စံနှုန်း သတ်မှတ်ချက် စသည်တို့လည်း ထင်သာမြင်သာ မတွေ့ရ။ လက်သိပ်ထိုး၍ လက်လှည့်သင့်ရာ ရွေးချယ်သကဲ့သို့ ဖြစ်နေခြင်းသည် မြန်မာ့မယ်ရွေးချယ်ပွဲ အနာဂတ်ကို ထိခိုက်စေနိုင်ကြောင်း သတိပြု သင့်သည်။

ထို့အပြင် သတင်းမီဒီယာ တချို့ကလည်း မယ်လောင်းများ ရွှေတိဂုံဘုရား တက်ဖူးကြမည် ဆိုခြင်းက အစ သတင်းလုပ်နေ ကြသည်။ ရွှေတိဂုံဘုရားသို့ နေ့စဉ် ဘုရားဖူးများ ထောင်ချီ၍ ရှိနေသည့် ကြားထဲတွင် သာမန် မိန်းကလေးများ ဘုရားတက်ဖူး ကြမည် ဆိုသည်ကတော့ သတင်းထူး၊ သတင်းဆန်း ဟုတ်မဟုတ် သတင်းမီဒီယာ သမားများ စဉ်းစားနိုင်ကြဖို့တော့ လိုပါသည်။

မေမြတ်နိုးနှင့် အလှမယ် သရဖူ ပြဿနာမှာ ယခုအခါကျတော့ မီးပွင့်သတင်းကြီး ဖြစ်လာသည်။ ရုံးရောက် ဂတ်ရောက် ရောက်တော့မည့် အနေအထားပင် ဖြစ်သည်။ မေမြတ်နိုးက ပြည်တွင်း၌ သတင်းစာ ရှင်းလင်းပွဲ လုပ်သည်။ ကိုရီးယား အဖွဲ့အစည်းဘက်ကလည်း သူတို့ ပြည်တွင်း မီဒီယာများတွင် သရဖူအကြောင်း သတင်းတွေ ထုတ်ပြန်သည်။

မေမြတ်နိုး သတင်းစာရှင်းလင်းပွဲတွင် အဓိက အရေးကြီးသည့် အချက်တချက် ပါဝင်နေသည်။ ယင်းမှာ စပွန်ဆာ (Sponsor) ရရေးအတွက် တောင်ကိုရီးယား နိုင်ငံမှာသာမက ဂျပန်နိုင်ငံအထိ စပွန်ဆာ သွားရှာရမည်၊ ထိုသို့ ရှာဖွေရာတွင် လုပ်ငန်းရှင်ကြီးအား အဖော်ပြုပေးရမည်ဟု တောင်ကိုရီးယား Organization မှ တာဝန်ရှိသူများက ပြောဆိုသည် ဟူသည့် အချက် ပါဝင်သည်။

မေမြတ်နိုး၏ ပြောဆိုချက်ကို တောင်ကိုရီးယား အလှမယ်ဟောင်းတဦး၊ အင်္ဂလန်မှ ပြိုင်ပွဲဝင်တဦးနှင့် ကိုရီးယား-အမေရိကန် ကပြား ရုပ်ရှင်မင်းသမီး တဦးတို့က ထောက်ခံ ပြောဆိုကြသည်။ ကမ္ဘာကျော် ၀ီကီပီဒီယားကလည်း တောင်ကိုရီးယား Organization လုပ်ရပ်ကို ဖော်ထုတ်ခဲ့ကြသည်။ ကိုရီးယား-အမေရိကန် ရုပ်ရှင်မင်းသမီး အာဒမ်ချိုက သူ၏ လူမှုစာမျက်နှာတွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

“ဒီကိစ္စကို ကျမ မကျေနပ်ပါဘူး။ ပလတ်စတစ် ဆာဂျရီ လုပ်ဖို့နဲ့ စီးပွားရေးသမားတွေရဲ့ စောင့်ရှောက်ခြင်းကို ငြင်းဆန်တဲ့ အတွက် သူတို့က မေမြတ်နိုးဆီက သရဖူကို ပြန်သိမ်းခဲ့ပါတယ်။ မေမြတ်နိုးရဲ့ လုပ်ရပ်တွေ အတွက် သူ့ကို ကျမ လေးစားပါတယ်။ မေမြတ်နိုးဆီက သရဖူ အသိမ်းမခံသင့်ပါဘူး။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အသိမ်းခံရမယ့် အနေအထား ဖြစ်နေပါတယ်။ ဒီအဖွဲ့အစည်းက ယုတ်မာပြီး တရားမျှတမှု မရှိတဲ့ အဖွဲ့အစည်းပါ။ သူတို့ရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်ခဲ့တဲ့ ကျမလည်း အလုပ်ပြုတ်ခဲ့ရပါတယ်” ဟု ၂၀၀၄ မယ် ကိုရီးယား အလှမယ်ဟောင်း အာဒမ်ချို (ချီကာဂို) က ရေးသားထားသည်။

ယင်းပြဿနာကို တောင်ကိုရီးယား Organization က တရားဝင် ရှင်းလင်းပေးဖို့ လိုသည်။ ဒုတိယ အချက်မှာ မေမြတ်နိုးကို ပလပ်စတစ် ဆာဂျရီလုပ်ခိုင်းသည့် ကိစ္စဖြစ်ပြီး တတိယ ဖြေရှင်းရမည့် အချက်မှာ မေမြတ်နိုး မိခင်၏ ဗီဇာအတုကိစ္စ ဖြစ်ပါသည်။

ဗီဇာအတု ဖြစ်ကြောင်း အရပ်သား အဖွဲ့အစည်းများက သိရှိပြီး တောင်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဘာကြောင့် မသိပါသနည်း။ မြန်မာနိုင်ငံဘက်မှလည်း ဗီဇာအတုဖြင့် ထွက်ချည် ၀င်ချည် လုပ်နေသည်ကို ဘာကြောင့် မသိကြပါ သနည်း။

ယခု ပြဿနာမှာ မေမြတ်နိုးတဦးတည်း ပြဿနာ မဟုတ်တော့ပါ။ ကိုရီးယား မီဒီယာများတွင် မေမြတ်နိုး အမည် မသုံးဘဲ ၀ါးလုံးရှည်နှင့် ယမ်းကာ Myanmar Beauty Queen အသုံးအနှုန်းဖြင့် သတင်းရေးသား နေကြသည်။ ယင်းသို့ ရေးသားခြင်းမျိုးသည် ကာယကံရှင်သာမက ကာယကံရှင်နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ အပါအ၀င် နိုင်ငံတော်အထိပင် ထိခိုက်နစ်နာစေသည်။

တဖန် ပြည်တွင်း အလှမယ် ရွေးချယ်ရေး အဖွဲ့ (Organization) များ အနေဖြင့်လည်း ဂျူးစံသာ၊ ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့နှင့် ဖြစ်ပွားခဲ့သည့် ပြဿနာများ ကိုပါ ရှင်းလင်းပေးကြဖို့ လိုပြီ ဖြစ်သည်။

အလှမယ်ရွေးပွဲသည် အားကစားပြိုင်ပွဲဟု ခေတ်အဆက်ဆက်တွင် သတ်မှတ်ခဲ့ကြပါသည်။ အားကစားပြိုင်ပွဲဆိုလျင် အားကစား အာဏာပိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် မြန်မာနိုင်ငံ ကာယဗလ အဖွဲ့ချုပ်၊ ပြည်ထောင်စု အားကစား ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသား အိုလံပစ် ကောင်စီတို့က အားကစားလောက ဂုဏ်သတင်းကို ညစ်နွမ်းစေသည့် အလှမယ် ရွေးပွဲ အရှုပ်တော်ပုံများကို ၀င်ရောက်ကိုင်တွယ် ဖြေရှင်းသင့်ပါသည်။

အထူးသဖြင့် နိုင်ငံကိုယ်စားပြု အလှမယ် ရွေးချယ်ရာတွင် – ပြည်တွင်း အလှမယ်ရွေးသည့် အဖွဲ့ (Organization) များ မည်သို့ ပေါ်ပေါက်လာပြီး မည်သို့မည်ပုံ ဆောင်ရွက်နေကြသနည်း၊ မည်သူတွေ ပါဝင်ပတ်သက် နေသနည်း၊ ဖြစ်ပေါ် လာနိုင်သည့် ပြဿနာ အရပ်ရပ်ကို မည်သို့ ကိုင်တွယ် ဖြေရှင်း သွားမည်ဆိုသည်ကို အားကစား အာဏာပိုင် အဖွဲ့ကြီးက ပြည့်ပြည့်စုံစုံ သိထားသင့်သည် ဟု ထင်မြင်ပါသည်။ ။
ဧရာဝတီ

တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ရေး တတိယမူကြမ်းမှာ သဘောတူညီမှုရမလား


အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုယ်စားလှယ်များ မတ်လ ၉ ရက်က တွေ့ဆုံစဉ်(ဓာတ်ပုံ – မေခ/ဧရာဝတီ)

အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အရေးကြီးတဲ့အချက်တွေ ပါဝင်တဲ့ တတိယမူကြမ်း အတွက် အဆင်သင့် ဖြစ်နေပြီလို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ (NCCT) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တတိယမူကြမ်းမှာတော့ ဒုတိယမှုကြမ်းအဆင့်မှာ တကြိမ်တည်း ဆွေးနွေးဆုံးဖြတ်ချက်မချနိုင်ခဲ့ဘဲ ကြန့်ကြာနေတဲ့ အရေးကြီး အချက်တွေ ပါဝင်ပြီး ဒီအချက်တွေကို အစိုးရနဲ့ မဆွေးနွေးခင် NCCT အဖွဲ့ထဲမှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့က မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် NCCT ခေါင်းဆောင်တွေက အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေပါဝင်တဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့မှာ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ၂ ရက်ကြာဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေကို အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ အခု လကုန်ပိုင်းမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးမယ့် အချက်တွေထဲမှာ တပ်နေရာချထားရေး ကိစ္စတွေ၊ နှစ်ဘက်စစ်သည်တွေ လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် တွေ၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနဲ့ လက်မှတ်ထိုးပြီးရင် တပ်သား မစုဆောင်းရဆိုတဲ့ ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။

NCCT ဒုဥက္ကဋ္ဌ ပဒို ကွယ်ထူးဝင်း က “အချက်တွေအပေါ်မှာကတော့ အခုအပစ်အခတ်ရပ်စဲရေး လုပ်ပြီးလို့ရှိရင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတဲ့ကိစ္စ၊ ဦးဆောင်မှုအဖွဲ့ကို ဘယ်လိုဖွဲ့မလဲ ဆိုတဲ့ကိစ္စတို့၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးတဲ့ ကာလမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုရပ်တည်နိုင်မလဲ ဆိုတဲ့ကိစ္စ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မူဘောင်က ဘယ်လိုပုံစံနဲ့ ဆွေးနွေးမလဲ၊ ဘယ်သူက ပါဝင်သင့်သလဲ၊ ဒါကဆက်ညှိရမယ့် အပိုင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်တဲ့ အခါမှာ အခြေခံ အကြောင်းအရာ အချက်အလက်တွေကိုပဲ ချမှတ်သွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“နောက်တခုက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်ဆိုရင် ဘာအကြောင်းအရာ၊ အချက်အလက်ဆိုတဲ့ အခြေခံ ကျောရိုးတွေကိုပဲ ချသွားမှာပဲဖြစ်ပါတယ်။ ကျနော်တို့ NCA (တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး) ထဲမှာပါနိုင်သလောက်တော့ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်”လို့ သူက ပြောဆိုပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးတဲ့ အချိန်ကစပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အနာဂတ်နိုင်ငံရေးမှာ ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်ရမယ်ဆိုတဲ့ အချက် အဖြေမထွက်သေးတဲ့ အချိန်အတိုင်းအတာ တခု အ ထိ ကြာမြင့်မှာဖြစ်တဲ့အတွက် အဲဒီကြားကာလရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေမှာ အဖွဲ့အစည်းတွေ အနေနဲ့ တရားဝင် ရပ်တည်နိုင်ရေး ကလည်း အဓိကဆွေးနွေးရမယ့် အချက်ထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ကြားကာလအစီအစဉ် အပါအဝင် တတိယမူကြမ်းမှာ ပြန်လည်ဆွေးနွေးကြရမယ့် အဓိကအချက်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ လယ် ပိုင်းက ရန်ကုန်မြို့မှာ UPWC နဲ့ NCCT တို့အကြား ဆွေးနွေးခဲ့တဲ့ ဒုတိယမူကြမ်းမှာ အပြီးသတ်မဆွေးနွေးနိုင်ခဲ့တဲ့ အချက် တွေ ဖြစ်ပါတယ်။

ကြားကာလအစီအစဉ်နဲ့ ပတ်သက်ပြီး အစိုးရဘက်က နားလည်မှုလွဲနေတဲ့အပေါ် NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “သူတို့နားလည်မှုလွဲနေတာက ကျနော်တို့တောင်းဆိုတဲ့ဟာကို သူတို့က အာဏာခွဲဝေရေးလို့ သူတို့က နားလည် တယ်။ အာဏာခွဲဝေရေး တောင်းတာ မဟုတ်ဘူး။ ကျနော်တို့မှာ ရှိပြီးသား အာဏာ၊ လုပ်ပိုင်ခွင့်ရှိပြီးသားအာဏာကို ဒီကြား ကာလ မှာ ဆက်လက် အသိအမှတ်ပြုဖို့ကို ကျနော်တို့ တောင်းဆိုတာဖြစ်တယ်”လို့ ပြောပါတယ်။

အစိုးရ UPWC နဲ့ဆွေးနွေးရမယ့် တတိယ မူကြမ်းအဆင့်မှာ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့်မှာ တိုင်းရင်းသား ခေါင်းဆောင် တွေ ဘက်က တင်ပြထားတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ” ဖွဲ့စည်းရေး ပါဝင်မှာဖြစ်ပြီး ဒီအချက်ကို အစိုးရဘက်က တိတိကျကျ သဘောတူဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရဘက်က ပြောနေတဲ့ ၅ ပွင့်ဆိုင်ကိစ္စနဲ့ တိုင်းရင်းသားတွေဘက်က တောင်းဆိုနေတဲ့ ၃ ပွင့်ဆိုင် ကိစ္စဟာလည်း ထပ်မံ ညှိနှိုင်းရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ဘက်က တင်ပြထားတာကတော့ နိုင်ငံတော် အစိုးရကို ကိုယ်စားပြုသော တပ်မတော်၊ အစိုးရအဖွဲ့၊ လွှတ်တော်တို့ ပါဝင် ရမယ်။ တပွင့်အနေနဲ့ လာရမယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက တပွင့်အနေနဲ့လာရမယ်။ ပြီးတော့ နိုင်ငံ ရေး ပါတီများ၊ နိုင်ငံရေးပါတီတွေထဲမှာ တိုင်းရင်းသား ပါတီလည်း ပါမယ်၊ ဒီမိုကရေစီ အင်အားစုတွေလည်း ပါမယ်၊ ပြီးတော့ အစိုးရ အင်အားစုတွေလည်း ပါမှာပေါ့”လို့ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ပြောပါတယ်။

တတိယမူကြမ်းအတွက် ချင်းမိုင်မြို့မှာ ဆွေးနွေးထားတဲ့ အချက်တွေကို NCCT နဲ့ UPWC တို့အကြား ရန်ကုန်မြို့မှာ ဒီလ ၂၂ ရက် နေ့မှာ စတင်ဆွေးနွေးကြဖို့ မူအားဖြင့် သဘောတူထားတယ်လို့ သိရပါတယ်။

တတိယမူကြမ်းအဆင့်မှာ ဆွေးနွေးမယ့် အချက်တွေနဲ့ပတ်သက်ပြီး အစိုးရဘက်ကရော တိုင်းရင်းသားတွေဘက်ကပါ သတင်း မီဒီယာတွေကို အလုံးစုံ ချပြတာမရှိသလို ဒီအဆင့်မှာညှိနှိုင်းကြမယ့် အချက်တွေဟာ အလုံးစုံ ပြေလည်မှု ရနိုင်၊ မရနိုင် ဆိုတာကို လည်း မသိရသေးပါဘူး။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်ရေးကိုတော့ ၂၀၁၅ ခုနှစ်အတွင်းမှာ ထိုးဖြစ်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ NCCT ခေါင်းဆောင် တချို့က ဆိုပါတယ်။
ဧရာဝတီ

ကန်စွန်းဥရဲ့ကျန်းမာရေးအကျိုးကျေးဇူး


ကန်စွန်းဥရဲ့ အမျှင်ဓာတ်ပါဝင်မှုဟာ အာလူးမှာပါဝင်တဲ့ အမျှင်ဓာတ်ထက် ၂ဆပိုများပါတယ်။ အမျှင်ဓာတ် ၇ ဂရမ်ဟာ အသားတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ တူပါတယ်။ ဒါ့အပြင် ကစီဓာတ်နဲ့ အသားဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ ကာဗွန်ဟိုက်ဒရိုဒ် ကိုလုံလောက်စွာရရှိနိုင်ပါတယ်။ 
ကန်စွန်းဥမှာ Vitamin B6 ပမာဏများစွာ ပါဝင်ပါတယ်။ Vitamin B6 က ခန္ဓာကိုယ်အတွက် အရေးပါလှတဲ့ သွေးလွှတ်ကြောနဲ့ သွေးကြောတွေကို သန်မာစေပြီး သွေးစီးဆင်းမှုကို ကောင်းစွာအထောက်အကူပြုပါတယ်။ နောက်ပြီး ကန်စွန်းဥမှာ ပိုတက်စီယမ်ဓာတ် အမြောက်အများပါဝင်ပါသေးတယ်။ ပိုတက်စီယမ်က ကိုယ်တွင်း ဆိုဒီယမ်ပမာဏနဲ့ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေလို့ သွေးအားနည်းသူတွေစားသုံးသင့်ပါတယ်။ နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်တဲ့အပြင် ဦးနှောက်နဲ့ အာရုံကြော ကောင်းမွန်အောင် ထောက်ပံ့ပေးပါတယ်။ 
ဘိုက်တာကလိုရင်းနဲ့ Vitamin Aက အရေးကြီးတဲ့ ရောဂါကာကွယ်တဲ့ Antioxidant ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အရွယ်အစားသိပ်မကြီးတဲ့ ကန်စွန်းဥတစ်လုံးက သင့်ရဲ့ တစ်နေ့တာလိုအပ်တဲ့ Vitamin A ပမာဏကိုပေးစွမ်းနိုင်ပါတယ်။ ကန်စွန်းဥမှာပါဝင်တဲ့ Antioxidant ဓာတ်က ကင်ဆာရောဂါ အတော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ ဘိုက်တာကလိုရင်းဓာတ်ကြောင့် သင့်အရေပြား နေလောင်ဒါဏ်ကို သက်သာစေနိုင်သလို UV ကိုကာကွယ်ပေးနိုင်ပါတယ်။ 
Vitamin C နဲ့ E ကြွယ်ဝစွာပါဝင်တဲ့ ကန်စွန်းဥဟာ ရောဂါကာကွယ်စေနိုင်သလို အရေပြားနဲ့ ဆံပင်ကို အထူးကောင်းမွန်စေပါတယ်။