အမျိုးသား ပြည့်တန်ဆာလောက


အခုတော့ ယခင်လုပ်ငန်းမှ ရသည့်ဝင်ငွေဖြင့် တက္ကစီတစ်စီးထောင်ကာ ကိုယ်တိုင်မောင်းနေသည်။ တကယ်တော့ ကိုထက်ခေါင် ဖြစ်ချင်ခဲ့သည်မှာ မော်ဒယ်လ် ဖြစ်သည်။ သို့သော် ငွေကြေး မပြေလည်ခဲ့သဖြင့် နည်းလမ်းရှာရင်း မိန်းမလျာများ၊ အမျိုးသမီးများ၏ အလိုကို ဖြည့်ဆည်းပေးရသော အမျိုးသားပြည့်တန်ဆာ ဖြစ်သွားခဲ့သည်။

ထိုစဉ်က ပထမနှစ် အဝေးသင် တက်ဆဲ။ မော်ဒယ်လ်သင်တန်းတက်ရန် မတတ်နိုင်သဖြင့် မာမီအချို့က အဝတ်အစားထောက်ပံ့၊ သင်တန်းစရိတ်ပေး။ တစ်ဖက်တွင်လည်း မာမီတို့နှင့် သူ့မိတ်ဆွေများ၏ အလိုကိုဖြည့်ပေးရင်း ပရိုဘဝ ရောက်သွားတော့သည်။ နောက်ပိုင်း အမျိုးသမီး ဖောက်သည်များပါ ရလာသည်။ “ဒီလုပ်ငန်းကို ပွဲစားလုပ်တဲ့ အေးဂျင့်မာမီတွေနဲ့ ချိတ်မိပြီး မော်ဒယ်မလုပ်တော့ဘဲ ငွေရလွယ်တဲ့ ဒီလုပ်ငန်းမှာ ပရိုဖြစ်သွားတာ” ဟု ယခု အသက် ၂၈ နှစ်ရှိပြီဖြစ်သော ကိုထက်ခေါင် (အမည်လွှဲ) ကဆိုသည်။
အမျိုးသားများ ဝန်ဆောင်မှုပေးသော လိင်လုပ်ငန်းသည် ရန်ကုန်မြို့တွင် ၁၉၉၇ ခုနှစ်ခန့်မှ စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ပိုဖွံ့ဖြိုးလာခဲ့သည်။

ထိုနည်းတူ အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူဦးရေလည်း ပိုများပြား လာကြောင်း ဖောက်သည်များနှင့် အမျိုးသား ပြည့်တန်ဆာများအကြား ချိတ်ဆက်ပေးသူ ရန်ကုန်မြို့တော်၊ ကျောက်တံတားမြို့နယ်မှ ဒေါ်လှလှမြင့် 
(အမည်လွှဲ) က ပြောပြသည်။

အမျိုးသားပြည့်တန်ဆာ လုပ်ငန်းသည် ငွေရလွယ်ကူသည် ဆိုသော်လည်း လူငယ်တိုင်း လုပ်ကိုင်နိုင်သည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။ လုပ်ကိုင်မည့် အမျိုးသားငယ်များ အနေနှင့် သင့်တင့်ပြေပြစ်သော ရုပ်ရည်ရူပကာနှင့် ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွင်လည်း ဖောက်သည်တို့ ကျေနပ်နိုင်လောက်သည့် အရည်အသွေးမျိုး ပိုင်ဆိုင်ကြရသည်။

ဖောက်သည် ရှာနိုင်သည့် အဓိက နေရာများအနက် ထင်ရှားသည်မှာ ဗျူတီဆလွန်းများ ဖြစ်လာသည်။ ဆလွန်းများအတွင်း သီးသန့်အခန်းအချို့ရှိပြီး ထိုအခန်းအတွင်း ဝင်ရောက်၍ ဓာတ်ပုံ အယ်လ်ဘမ် ကက်တလောက် စာအုပ်များတွင် ဖော်ပြထားသော မိမိနှစ်သက်ရာ အမျိုးသားကို ရွေးချယ်နိုင်သည်။

ဓာတ်ပုံအယ်လ်ဘမ်တွင် အသက် ၃၀ အောက် ချောမောခံ့ညားသော အမျိုးသားငယ်လေးများ၏ ကိုယ်ဟန်အမျိုးမျိုး ဓာတ်ပုံများကို နံပါတ်စဉ် တပ်ထားသည်။ မိမိကြိုက်နှစ်သက်သည့် အမျိုးသားငယ်၏ နံပါတ်ကို မှတ်ထားပြီး ဗျူတီးဆလွန်းမှ ဧည့်ကြိုဝန်ထမ်းအား စာရင်းသွားပေးပြီးပါက နီးစပ်ရာ ဟိုတယ်နာမည်နှင့် ကြိုတင်ယူထားသော အခန်းနံပါတ်ကို ပြောကြားခဲ့ရမည် ဖြစ်သည်။ ထို့နောက်တွင်တော့ အဆိုပါဆိုင်မှ ပြန်လည် ထွက်ခွာပြီး မကြာမီ ဝန်ဆောင်မှုပေးရန် ရောက်ရှိလာမည့် အမျိုးသားငယ်ကို မိမိငှားရမ်းထားသည့် ဟိုတယ်အခန်းတွင် ကြိုတင်စောင့်နေရုံသာ ဖြစ်သည်။
အရပ်တွင်းစကားများအရ ရန်ကုန်မြို့ရှိ နာမည်ကျော် ဈေးများအနီး နှင်းဆီပန်း ရင်ဘတ်တွင် ထိုးထားသည့် အမျိုးသား ပြည့်တန်ဆာများ ရှိသည်ဆိုသော်လည်း ယင်းကား ကောလာဟလမျှသာဖြစ်ပြီး အမှန်တကယ် အမျိုးသား ပြည့်တန်ဆာလောက ကွန်ရက်ကား ထိုထက် ပိုမိုလျှို့ဝှက်ပြီး ကြေးစားဆန်သည်ကို တွေ့ရသည်။

ယခင်ကရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ FMI နှင့် ဈေးဝယ်စင်တာအချို့ အနီးတွင် ကျင်လည်ခဲ့သည့် အမျိုးသား ပြည့်တန်ဆာများ ရှိသော်လည်း ယခုအခါ မှေးမှိန်ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ယခုအခါ နာမည်ကျော် အလှဖန်တီးရှင် အချို့၏ ဗျူတီဆလွန်းများတွင် အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်နေသကဲ့သို့ အမျိုးသား ပြည့်တန်ဆာများနှင့် ဖောက်သည်များကို ချိတ်ဆက်ပေးသည့် အလှဖန်တီးရှင်နှင့် အမျိုးသမီး အချို့လည်း ရှိနေသည်။ ချိတ်ဆက်ပေးသူကို အမျိုးသား ပြည့်တန်ဆာများ ရရှိသည့် အခကြေးငွေ၏ ရာခိုင်နှုန်းအလိုက် ပေးရလေ့ရှိသည်။

အဆိုပါ ဗျူတီဆလွန်းများ၊ အမျိုးသား ပြည့်တန်ဆာ ချိတ်ဆက်ပေးသူများအပြင် ယခုနောက်ပိုင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ပေါ်ပေါက်လာသည့် အမျိုးသားသီးသန့် အနှိပ်ခန်းများတွင်လည်း အမျိုးသား ပြည့်တန်ဆာဈေးကွက် ဖြစ်ပေါ်နေပြီ ဖြစ်သည်။

အမျိုးသားသီးသန့် ဝန်ဆောင်မှုပေးသော အနှိပ်ခန်း ဆိုသည်မှာ ငယ်ရွယ်သောအမျိုးသား အနှိပ်သမားများသာ သီးသန့်ထားရှိပြီး လိင်တူချစ်သူအချို့နှင့် အမျိုးသမီးအချို့ သွားရောက် အနှိပ်ခံတတ်သည့် နေရာဖြစ်သည်။

အဆိုပါ အနှိပ်ခန်းများမှ နှိပ်နယ်ပေးသူ အမျိုးသားလေးများနှင့် အဆင်ပြေပါကအပြင်သို့ ချိန်းဆိုနိုင်ပြီး အခကြေး ငွေပေးကာ လိင်ဆက်ဆံနိုင်ကြောင်း မန္တလေးမြို့ရှိ အမျိုးသားသီးသန့် အနှိပ်ခန်းများသို့ သွားရောက်ဖူးသူ အသက် ၃၀ နှစ်အရွယ် အရောင်းမြှင့်တင်ရေး မန်နေဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်လည်း ယင်းကဲ့သို့ အမျိုးသား အနှိပ်သမားများ နှိပ်နယ်ပေးသော အနှိပ်ခန်း ၁၀ ခုထက်မနည်းရှိနေပြီး လိင်တူချစ်သူနှင့် အမျိုးသား ပြည့်တန်ဆာ သုံးစွဲသူ အမျိုးသမီးအချို့ အကြားတွင် တွင်ကျယ်လျက် ရှိသည်။

အမျိုးသားပြည့်တန်ဆာ လောကသည် ရန်ကုန်မြို့တွင် တွင်ကျယ်စွာ ရှိနေပြီး မန္တလေးမြို့တွင်လည်း အမျိုးသားသီးသန့် အနှိပ်ခန်းများနှင့်အတူ အနည်း
အကျဉ်း အစပျိုးနေပြီ ဖြစ်သည်။

ထိုလောကတွင် ဖောက်သည် အမျိုးမျိုးရှိကြောင်း အမျိုးသား ပြည့်တန်ဆာတို့နှင့် ဖောက်သည်တို့ကို ချိတ်ဆက်ပေးသူ အလှဖန်တီးရှင် မင်းမင်း (အမည်လွှဲ) က ပြောပြသည်။ သူ့အဆိုအရ ဖောက်သည်အများစုမှာ လိင်တူချစ်သူများ ဖြစ်သည်။ အမျိုးသမီးဖောက်သည် အချို့လည်း ရှိသည်။ အမျိုးသမီးများအတွက် ဝန်ဆောင်မှုပေးမည့်သူက ရှားသည်ဟု သူကဆိုသည်။ “ဒါပေမဲ့ ကြေးကြီးကြီး ပေးရတာပေါ့” ဟု မင်းမင်းက ပြောသည်။

“ရှေးယခင်ကတည်းက လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ကြသော အမျိုးသားပြည့်တန်ဆာ လုပ်ငန်းမှာ ယခုနောက်ပိုင်း ဖုန်းသို့မဟုတ် အင်တာနက်မှတစ်ဆင့် ချိတ်ဆက်ကာ အပြင်တွင်တွေ့ဆုံသည့် ပုံစံသို့ ပြောင်းလဲလာသည်”
အမျိုးသား ပြည့်တန်ဆာတို့၏ ဖောက်သည် အမျိုးသမီးအများစုမှာ အထက်တန်းလွှာများမှ အမျိုးသမီး အချို့ပါဝင်သလို စီးပွားရေးလောကတွင် အောင်မြင်နေသူ လူလတ်ပိုင်း အမျိုးသမီးအချို့လည်း ပါဝင်နေကြောင်း ယင်းဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

အချို့အမျိုးသမီးများမှာ အိမ်ထောင်ကျဖူးသူများ ဖြစ်သည်။ အချို့မှာ အိမ်ထောင်ရေးကို ယုံကြည်မှု မရှိဘဲ မိမိတို့ စိတ်ဆန္ဒအတွက် ခဏတာ သာယာမှုယူနေသည့် အပျိုကြီး အမည်ခံများလည်း ရှိကြောင်း အမျိုးသား လိင်လုပ်သားအချို့ထံမှ သိရသည်။

မိမိတို့၏ လိင်စိတ်ကို လူသိမခံလိုသော အချို့ လိင်တူချစ်သူများကမူ အဆိုပါ အမျိုးသား ပြည့်တန်ဆာလုပ်ငန်း ကွန်ရက်များနှင့် လျှို့လျှို့ဝှက်ဝှက် ချိတ်ဆက်
ထားလေ့ ရှိသည်။ အွန်လိုင်းနှင့် အခြားနီးစပ်ရာမှ အမျိုးသားများကို ဆက်ဆံနေ
ထိုင်ခြင်းထက် အမျိုးသား ပြည့်တန်ဆာများအား အခကြေးငွေပေးပြီး ဆက်ဆံနေထိုင်မှုသည် မိမိလိင်ဆန္ဒ ပြည့်ဝသည့်အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအတွက် စိတ်ချရသည်ဟု မိမိ၏ လိင်တူတပ်မက်စိတ်ကို ထုတ်ဖော်မပြ
လိုသူ အမျိုးသားအချို့က ယူဆကြသည်။

မိမိ၏ အမျိုးသမီးချစ်သူနှင့် လက်ထပ်တော့မည် ဖြစ်သော်လည်း မိမိ၏ ဂုဏ်သိက္ခာအရ လိင်စိတ်နှစ်ခွ ဖြစ်နေမှုကို ဖြည့်ဆည်းရန် တစ်ခါတစ်ရံ အမျိုးသား ပြည့်တန်ဆာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက် စခန်းသွား
ခဲ့ရကြောင်း ရင်ဖွင့်လာသူမှာ ရန်ကုန်မြို့တော်၊ လမ်းမတော်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ကိုတီ (အမည်လွှဲ) ဖြစ်သည်။

ဈေးမှာ အစားစားဖြစ်သည်။ အမျိုးသား ပြည့်တန်ဆာများသည် အမျိုးသမီးများကဲ့သို့ နေ့စဉ်ရက်ဆက် အလုပ် မလုပ်နိုင်သဖြင့် အမျိုးသမီး လိင်အလုပ်သမများထက် အခကြေးငွေပိုမို မြင့်မားစွာယူရလေ့ ရှိသည်။
အချိန်အပိုင်းအခြား၊ အသက်အရွယ်၊ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား၊ ဝန်ဆောင်မှု အတိုင်းအတာအရ အမျိုးသား ပြည့်တန်ဆာတစ်ဦးလျှင် အနည်းဆုံး ကျပ်သုံးသောင်းခွဲမှ ကျပ်တစ်သိန်း ဝန်းကျင်အထိ ပေးရသည်များလည်း ရှိသည်။

“အော်ဒါကို တစ်ပတ်နှစ်ရက်ပဲ လက်ခံဖြစ်ပါတယ်” ဟု ကိုထက်ခေါင်က သူပြည့်တန်ဆာအဖြစ် လုပ်ဆောင်ခဲ့သည့်အချိန်က အနေအထားကို ရှင်းပြသည်။

ယင်းအတွက် အချို့ အမျိုးသား ပြည့်တန်ဆာများသည် ၎င်းတို့၏ စွမ်းဆောင်ရည်အတွက် ဆေးဝါးအကူအညီကို ရယူကြရသည်။
အမျိုးသမီးများအပြင် အမျိုးသား အချင်းချင်းပါ ဆက်ဆံမှုများ၊ အခြားသဘာဝ မဟုတ်သော နည်းလမ်းများနှင့် လိင်ဆက်ဆံပေးရန် တောင်းဆိုခံရမှုများ ရှိသဖြင့် HIV ပိုးကူးစက်ခံရခြင်း၊ ကာလသားရောဂါ၊ လိင်အင်္ဂါမှိုနာရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုးစသည့် ရောဂါများ ကူးစက်ရန် အလားအလာ ပိုများကြောင်း ရန်ကုန်မြို့ရှိ ပရဟိတ ဆေးခန်းတစ်ခုမှ ဒေါက်တာကျော်စွာဦးက ပြောကြားသည်။

အမျိုးသမီး ပြည့်တန်ဆာများအား ထိုသို့ရောဂါများနှင့် ပတ်သက်၍ ပညာပေးရန် လွယ်ကူသော်လည်း အမျိုးသား ပြည့်တန်ဆာများမှာ ပိုမိုလျှို့ဝှက်စွာ နေတတ်သဖြင့် ကျန်းမာရေး ပညာပေးရန် ခက်ခဲပြီး မည်သည့်နည်းနှင့် လိင်ဆက်ဆံသည်ဖြစ်စေ အမျိုးသား ပြည့်တန်ဆာများအနေနှင့် ကွန်ဒုံးသုံးစွဲရန် လိုအပ်ကြောင်း ၎င်းကရှင်းပြသည်။
အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ပြည့်တန်ဆာအလို့ငှာ မြှူဆွယ် ဖြားယောင်းလျှင်ဖြစ်စေ၊ အခကြေးငွေယူပြီး ဆက်ဆံပေးရန် လက်ခံလျှင်ဖြစ်စေ ပြည့်တန်ဆာ အက်ဥပဒေဖြင့် အရေးယူဖမ်းဆီးခွင့် ရှိသော်လည်း အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူများမှာ ဖမ်းဆီး အရေးယူခံရသည်ဟု တစ်ခါမျှ ကြားရခြင်း မရှိပေ။

“အမျိုးသား ပြည့်တန်ဆာတွေကျတော့ သူတို့ကွန်ရက်နဲ့ သူတို့ချိတ်ဆက်ပြီး လျှို့လျှို့ဝှက်ဝှက် လုပ်ကိုင်ကြတဲ့အတွက် အရေးယူနိုင်ဖို့ရာ ခဲယဉ်းပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြန်တမ်းဝင် အရာရှိတစ်ဦးက ပြောကြားသည်။ “အမျိုးသားဖြစ်လို့ အရေးမယူဘူးဆိုတာ မရှိပါဘူး” ဟု သူကဆက်ပြောသည်။
အမျိုးသား ပြည့်တန်ဆာအဖြစ် ငါးနှစ်တာ ဆောင်ရွက်ခဲ့ဖူးသူ ကိုထက်ခေါင်ကမူ လိင်စိတ်နှစ်ခွရှိသူ ဟိုမိုဖောက်သည်များ ပိုမိုများပြားလာပြီး သူ၏ ယောက်ျားဘဝ တည်မြဲမှုကိုပါ ခြိမ်းခြောက်သည်အထိ တောင်းဆိုမှု များလာသောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ယင်းလောကမှ ထွက်ခွာခဲ့သည်။ “အများစုပြောသလို ကျွန်တော်တို့အလုပ်က မလွယ်လှပါဘူး” ဟု ကိုထက်ခေါင်က ဆိုသည်။

အခုတော့ ယင်းအချိန်ကရသည့် ဝင်ငွေဖြင့် အနိမ့်ကား တက္ကစီတစ်စီး ထောင်ထားသည်။ ကိုယ်တိုင်လည်း မောင်းရင်း ဝါသနာပါသည့် မော်ဒယ်လ်
အလုပ် ဆက်လုပ်နိုင်ရန် အခွင့်အလမ်း ရှာနေဆဲ ဖြစ်သည်။

The Voice Weekly

ကြက်ဥစားခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ


ကြက်ဥအကာတွင် ပါဝင်သော ကယ်လိုရီထက် အနှစ်တွင် ကယ်လိုရီ သုံးဆပိုများပြီး အဆီ ၅ ဂရမ်နှင့် အစားအစာဆိုင်ရာ ကိုလက်စထရော ၂၁၀ ဂရမ်ပါဝင်သည်။ ကြက်ဥအနှစ်တွင် လူတိန်းနှင့် ဇီယာဇန်သင်းဟု ခေါ်သည့်ဒြပ်ပေါင်းနှစ်မျိုးကြွယ်ဝစွာပါဝင်သည်။ ယင်းဒြပ်ပေါင်းနှစ်မျိုးလုံးမှာ အမြင်အာရုံပိုကောင်းအောင် ကူညီပေးနိုင်ပြီး အသက်(၅၀) နောက်ပိုင်းမျက်စိကွယ်ခြင်း ဖြစ်စေသည့် အဓိကအကြောင်းအရာများအနက် တစ်ခုဖြစ်သော မျက်စိရောဂါ(Macular Degeneration) နှင့် ဆက်စပ်သည့် အန္တရာယ်များကိုလည်း လျော့ကျစေနိုင်သည်။


ကြက်ဥအညိုများမှာ ကြက်ဥအဖြူများထက် ပိုမို၍အာဟာရရှိသည်။ ဆိုခြင်းမှာ မမှန်ကန်ပေ။ ဟားဗတ်ပြည်သူ့ ကျန်းမာရေးကျောင်း၏ လေ့လာမှုတစ်ရပ်အရ ကြက်ဥစားသုံးမှုနှင့် နှလုံးရောဂါကြားသိသာသော ဆက်စပ်မှုမရှိဟု သိရသည်။ ကြက်ဥပုံမှန်စားပေးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးခဲများဖြစ်ပေါ်မှုကို ကာကွယ်နိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။
ကြက်ဥတွင် Choline ဟုခေါ်သော အမိုးနီးယားဒြပ်ပေါင်းတစ်မျိုး အဓိကပါဝင်သည်။ ကြက်ဥတစ်လုံး၏ အနှစ်တွင် Choline300 မိုက်ကရို ဂရမ်ပါဝင်သည်။ Choline က ဦးနှောက်၊ အာရုံကြောစနစ်နှင့် နှလုံးသွေးကြောစနစ်တို့ကို ထိန်းညှိပေးသည်။

ကြက်ဥသည် သဘာဝအလျောက် ဗီတာမင်ဒီဖြစ်ပေါ်စေသော ဓာတ်ပစ္စည်းများပါဝင်သည့် အစားအသောက် တစ်မျိုးဖြစ်ပြီး ရင်သားကင်ဆာကို ကာကွယ်နိုင်သည်။ သီတင်းတစ်ပတ်လျှင် အနည်းဆုံးကြက်ဥခြောက်လုံး စားပေးသော အမျိုးသမီးများ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်းပိုမိုနည်းပါးကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

ကြက်ဥတွင် ဆာလဖာနှင့် ဗီတာမင်များ၊ သတ္တုများ များစွာပါဝင်သောကြောင့် ဆံကေသာနှင့် အသားအရေ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။
7day

Bad Boy 3 ဇာတ်ကား ၂ဝ၁၅ ဇူလိုင်တွင် ရုံတင်မည်


CBS သတင်းဌာန အရ Bad Boy 3 ဇာတ်ကားသည် ရိုက်ကူးလျက်ရှိပြီး ၂ဝ၁၅ ဇူလိုင်လတွင် ရုံတင် နိုင်ဖွယ်ရှိသည်။ ထိုကြေညာချက်ကို သြဂုတ်လ ၁၃ ရက်တွင် မာတင်လောရန်စ့် က Conan ရုပ်သံနှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Conan ရုပ်သံက မာတင် အား တတိယမြောက် Bad Boy 3 ဇာတ်ကား အကြောင်း မေးမြန်းရာတွင် "ဂျယ်ရီ ဘက်ခ် ဟိုင်းမာနဲ့ စကားပြောပြီးပါပြီ တကယ် ထွက်လာဖို့ ရှိပါတယ်။ သူတို့ အခု ဇာတ်ညွှန်း ရေးနေကြပြီ"ဟု ၎င်းက ဆိုသည်။


နောက်ဆုံးထွက် Bod Boy 3 ဇာတ်ကား၏ ဒါရိုက်တာ မိုက်ကယ်လ်ဘေးက ဖြစ်နိုင်ဖွယ်ရှိပြီး ဇာတ်ညွှန်းရေးသားသူမှာ ပီတာ ခရေး နှင့်ဒေးဗစ် ဂွင်းဂန်ဟိန်း တို့ ဖြစ်သည်။ သရုပ်ဆောင်များကိုမူ ရွေးချယ်ဆဲဖြစ်ပြီး အထူးသဖြင့် မာတင်လောရန်စ့်နှင့်ဝဲလ်စမစ် တို့က စုံထောက်မားစ်ကပ်ဘားနပ်နှင့် မိုက်လော်ရေးတို့ အဖြစ် သရုပ်ဆောင်နိုင်ဖွယ်ရှိသည်။ ယခုအချိန်တွင် ဇာတ်ညွှန်း ရေးသားဆဲ ဖြစ်ပြီး ပရိသတ်များကို ဖမ်းစားနိုင်မည်ဟု ယုံကြည်ကြသည်။

Bad Boys မူရင်း ဇာတ်ကားသည် ၁၉၅၅ ခုနှစ်တွင် ရုံတင်ခဲ့ပြီး Bad Boys 2 ကို မူ ၂ဝဝ၃ ခုနှစ်တွင် ထုတ်လုပ် ရုံတင်ခဲ့သည်။ ပရိသတ်များကို မေးမြန်းသည့်အခါ တွင် တစ်ချို့ က မူလ Bad Boys ဇာတ်ကားကို ပိုကြိုက်သူ များရှိသကဲ့သို့ Bad Boys 2 က အကောင်းဆုံးဟု ဆိုသူများလည်းရှိသည်။

ရဲစုံထောက် ဟာသကားမှာ ရယ်မောမှုများ စိတ်လှုပ်ရှားဖွယ်ရာများ သည်းထိတ်ရင်ဖိုမှုများ ပါဝင်နိုင်ပြီး ၂ဝ၁၅ ခုနှစ်ဇူလိုင်တွင် ထွက်ရှိလာနိုင်မည် ဖြစ်သည်။

Mizzima

မိုက်ကယ်ဂျက်ဆင်၏ Neverland အိမ်ကြီးကို ရောင်းမည်




ကွယ်လွန်သွားသော ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင် နေထိုင်ခဲ့သည့် Neverland အိမ်ကြီးသည် အမွှေဆက်ခံသူသားသမီးများအတွက် ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ်များနေသဖြင့် အမေရိကန်ဒေါ်လာ သန်း၆၀ ဖြင့်ရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း Gulf Daily News ၏အင်တာနက်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

မိုက်ကယ်ဂျက်ဆင်သည် ၄င်း၏ Neverland အိမ်ခြံကြီးတွင် ၂၀၀၄ ခုနှစ်အထိနေထိုင်ခဲ့ပြီး ကျန်နှစ်ကာလများ နှင့် မိုက်ကယ်ကွယ်လွန်ပြီးကာလများပြီးသော် သားသမီးများက ဧက ၂၇၀၀ ခန့်ကျယ်ဝန်းသော မိုက်ကယ်၏ Neverland အိမ်ကြီးကိုစောင့်ရှောက် ထိန်းသိမ်းရန် ကုန်ကျစရိတ်များလွန်းသဖြင့် ရောင်းချရန် ဆုံးဖြတ်လိုက် ခြင်းဖြစ်သည် ဟုသိရသည်။ 

မိုက်ကယ်ဂျက်ဆင်ကဲ့သို့ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးက ပိုင်ဆိုင်သော အဆောက်အဦးပေါင်း ၂၂ လုံး၊ ကစားကွင်း ကြီး၊ တိုက်ခန်းများ၊ ရုပ်ရှင်ရုံများ ပါရှိသည့် Neverland အိမ်ခြံမြေကြီးသည် ဒေါ်လာ သန်း ၆၀ ခန့်ဖြင့်ဈေးရ ရှိနိုင်ကြောင်း ကြွမ်းကျင်သူများက ပြောပြသည်။ သို့သော်လည်း Neverland အားလူသိများစေခဲ့ရသည့် ကစားကွင်းကြီးကိုမူ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ပြီးနောက် အမွှေဆက်ခံသူများ ဖြစ်သည့် မိုက်ကယ်၏ သားသမီးများက ယခင်နှစ်အတွင်း အနည်းငယ်ပြုပြင်ခဲ့ကြောင်း သိရသည်။ Neverland ကစားကွင်းမှ ခြားရဟတ်၊ ဒန်းစီးစင်များ နှင့် အခြားကလေးကစားကွင်းများကိုလည်း မိုက်ကယ်၏ အမွှေဆက်ခံသူများက ဖယ်ရှား ပြုပြင်ခဲ့ကြောင်း သိရသည်။

မိုက်ကယ်ဂျက်ဆင်၏ အမွှေဆက်ခံသူများက Neverland အိမ်ခြံကြီးကို စွန့်လွတ်ရသည်ကို မလိုလား သော်လည်းထိန်းသိမ်းစောင့်ရှောက်ရန် ကုန်ကျ စရိတ်များနေသဖြင့် အခြေအနေအရရောင်းချရ တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းတွင် မြန်မာလုပ်သား သုံးဦး အသတ်ခံရ


ထိုင်းနိုင်ငံတွင် မြန်မာ လုပ်သားနှစ်ဦး အသတ်ခံခဲ့ရ သည့်အပြင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦးပါ အဓမ္မပြု ကျင့် အသတ်ခံခဲ့ရသောကြောင့် အဆိုပါဖြစ်စဉ်များကို မြန်မာ အစိုးရက ပါဝင်ဖြေရှင်းနိုင်ရေး သံ ရုံးသို့ အချက်အလက်များပေးပို့ သွားမည်ဖြစ်ကြောင်း ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း(FED)မှ သတင်းရရှိသည်။

‘‘မြန်မာသံရုံးက ထိထိ ရောက်ရောက်မဆောင်ရွက်ရင် ဒီအတိုင်းပဲ ဖြစ်နေမှာပါ။ ကျွန်တော်တို့အနေနဲ့ သံရုံးက ထိထိရောက်ရောက် ဆောင်ရွက် အောင် ဖြစ်စဉ်တစ်ခုလုံးနဲ့ သေဆုံးတဲ့သူတွေရဲ့ ကိုယ်ရေး ရာဇ၀င် အချက်အလက်တွေကို ဒီနေ့စုပြီး မနက်ဖြန်မှာ ပို့သွား မှာပါ’’ဟု FED အမှုဆောင်ဒါ ရိုက်တာ ဦးထူးချစ်ကပြောသည်။

အသတ်ခံခဲ့ရသူ မြန်မာ အလုပ်သမားနှစ်ဦးမှာ

တန င်္သာရီတိုင်းဒေသကြီး၊ သရက် ချောင်းမြို့နယ်၊ စောဖျားကျေး ရွာမှ ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ် ခုသို့ သွားရောက် လုပ်ကိုင်နေ သူ ညီအစ်ကို နှစ်ဦးဖြစ်သည်။ သြဂုတ်လ ၁၃ ရက်က လုပ် ငန်းခွင်ထဲမှ အပြင်သို့ ထွက်၍ ဈေးဝယ်စဉ် ပြန်ရောက်မလာဘဲ သြဂုတ် ၁၅ ရက်တွင်မှ ဓားဒဏ် ရာများဖြင့် သေဆုံးနေသော ၎င်း တို့၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံ အရေးပေါ်အလောင်းကောက်အ ဖွဲ့က ကောက်ယူရရှိခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။ ထို့ အပြင် အဓမ္မပြုကျင့်ခံရပြီး အ သတ်ခံခဲ့ရသည့် အမျိုးသမီးမှာ လည်း ရနောင်းခရိုင်၊ ကရဘူရိ မြို့နယ်ရှိ စိုက်ပျိုးရေးခြံတစ်ခုထဲ တွင် သြဂုတ် ၁၅ ရက်က အသတ် ခံခဲ့ရခြင်းဖြစ်သည်။

‘‘မြန်မာအစိုးရတာဝန်ရှိသူ တွေအနေနဲ့ ထိုင်းအစိုးရတာဝန် ရှိသူတွေကို တရားဝင်ဆက်သွယ် သင့်ပါတယ်။ အဲဒီလိုမလုပ်ရင် ထိုင်းအာဏာပိုင်အနေနဲ့ ထိထိ ရောက်ရောက်အရေးယူဆောင် ရွက်မှာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံ မှာ အလားတူ၊ လူသတ်မှု၊ လု ယက်မှု၊ မုဒိမ်းမှု၊ ရိုက်နှက်မှုနဲ့ အလုပ်သမားအခွင့်အရေးချိုး ဖောက်မှုတွေ၊ မကြာခဏဖြစ် တယ်။ မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကာ အကွယ်ပေးမှုတွေ အရေးပေါ် လုပ်ဆောင်သင့်ပါတယ်’’ဟု ဦး ထူးချစ်ကပြောသည်။

သေဆုံးသူ ညီအစ်ကိုနှစ် ဦး၏ ရုပ်အလောင်းကို ထိုင်းမွန်ယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး မိသားစုများက ထိုင်းမွန်ယ်မြို့ နယ်ရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။

ညီအစ်ကို နှစ်ဦးကို သတ်ဖြတ်သူများမှာ ထိုင်း လမ်း သရဲများဖြစ်ကြောင်း သုံးသပ်မှုများရှိနေပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားဖြစ်သူ ကိုစောမောင်က ‘‘အခုလို ဖြစ် စဉ်တွေဆိုတာ ထိုင်းနိုင်ငံအနှံ့မှာ ရောက်ရှိနေထိုင်တဲ့ မြန်မာအလုပ် သမားတွေ နေ့စဉ်ကြုံတွေ့နေရ တဲ့ အဖြစ်အပျက်တွေပါ။ မုဒိမ်း မှု၊လူသတ်မှုစတဲ့ ရာဇ၀တ်မှုတွေ ကို (မြန်မာသံရုံး) အစိုးရရဲ့ လုပ် ကိုင်ခွင့်ပါဝါအပြည့်နဲ့ လုပ်ရပါ မယ်။ ကျွန်တော်တို့လို အဖွဲ့ အစည်းတွေ မလုပ်နိုင်တဲ့ အလုပ် ဖြစ်ပြီး မြန်မာသံရုံးကလည်း ဒီလိုကိစ္စမျိုးကို လုပ်ပေးရကောင်းမှန်းမသိတာကြောင့်ရော်ဘာခြံထဲ မှာ အဓမ္မပြုကျင့်ပြီး သတ်ဖြတ် တယ်။ ရွှေ၊ ငွေတွေယူသွားတာ တွေ ထိုင်းနိုင်ငံတောင်ပိုင်း ရော်ဘာခြံထဲမှာ မရိုးနိုင်တဲ့ ဇာတ်လမ်း တွေပါ။ ဒီလိုအမှုမပေါ်ပေါက်တာ ကြောင့် ထိုင်းလမ်းသရဲတွေဟာ ဆက်လက် အတင့်ရဲနေတာပါ။ မြန်မာအစိုးရ အသိစိတ်ထဲမှာ အချုပ်အခြာအာဏာဆိုတဲ့ ခေါင်းစဉ်အောက်မှာ တို့နိုင်ငံသားတစ် ယောက်ယောက်ကို လာထိရင် လည်း ငါတို့ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်မရှိသရွေ့တော့ အစ်ကို တို့ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရုံကတစ်ပါး တတ်နိုင်ကြမှာ မဟုတ်ဘူး’’ဟု ဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကဲ့သို့ပင် မလေးရှားနိုင်ငံတွင်လည်း မြန်မာနိုင်ငံ သားများ အသတ်ခံရမှုမကြာခဏ ဖြစ်ပွားခဲ့သောကြောင့် မြန်မာ လုပ်သားများအား အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ပေး ရန်နှင့် ကျူးလွန်သည့် တရားခံ များကို အမြန်ဆုံးဖော်ထုတ်ပေး ရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြီးခဲ့သည့် ဇူလိုင်အတွင်းတွင် မလေးရှားအစိုးရထံ တောင်းဆိုခဲ့ဖူးသည်။

7Day Daily

ဘင်္ဂါလီသုံးဦးထံမှ အမေရိကန်ထုတ် ပစ္စတို သေနတ်တစ်လက် သိမ်းဆည်းရမိ


မောင်တောမြို့နယ် တောင်ပိုင်း ကိုးတန်ကောက် ကျေးရွာနှင့် သ၀င်ချောင်းတောင် ကြားတွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသော ခလရ ၂၃၄ တပ်မှ ဗိုလ်မှူးဇော်ဇော် ဦးဆောင် သည့် လုံခြုံရေး တပ်ဖွဲ့သည် သြဂုတ် ၁၃ ရက် ညနေပိုင်းက ဘင်္ဂါလီသုံးဦးကို မသင်္ကာသဖြင့် ရပ်တန့်ခိုင်းရာ မရပ်တန့်ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ပစ်ခတ်ထွက် ပြေးသွားရာ အဆိုပါနေရာမှ အမေရိကန်ထုတ် ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအရာရှိ တစ်ဦးက အတည်ပြုပြောကြား သည်။


အမေရိကန်နိုင်ငံထုတ် ပစ္စ တိုသေနတ်တွင် အမှတ်အသား အဖြစ် Smitx Anw Esson Siries Fient Ma USA နံပါတ် ES 7694 MID915 အမှတ်အသားပါရှိ ကြောင်း ဆိုသည်။ ‘‘သေနတ်တစ် လက် ဖမ်းဆီးရရှိတာတော့ မှန်ပါ တယ်။ နယ်စပ်လုံခြုံရေးဝန်ကြီး ကို မေးကြည့်တော့လည်း ဟုတ် တယ်လို့ ပြောတယ်’’ ဟု သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစု ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှ သိန်းက ပြောကြားသည်။


လက်နက်ကိုင်ဆောင်လာ သည့် ဘင်္ဂါလီသုံးဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရ သည်။ မောင်တောနယ်စပ်တောင် ပိုင်းတွင် ဘင်္ဂါလီများထံမှ လက်နက်များ မကြာခဏဖမ်းဆီးရမိနေပြီး မတ်လ ၁၅ ရက်ကလည်း အလယ်သံကျော် ကညင်တန်းအုပ်စု နှာခေါင်းတိုရဲစခန်းက လက်နက်တစ်လက်၊ ကျည်ကိုးတောင့်နှင့် ဘင်္ဂါလီတစ်ဦး ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် မတ်လ ၁၉ ရက် ကလည်း အလယ်သံကျော်ကျေး ရွာအုပ်စု လေယာဉ်ကွင်းကျေးရွာ ရှိ လာလု(ခ)ဇော်ကိရ်ရာမောက် နေအိမ်မှ SMIST or WELSON ငါးချက် ဆုံလည်သေနတ်တစ် လက်နှင့် ကျည်တစ်တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။


7Day Daily

ဒုတိယစီးရီး ခြေလှမ်းသစ်ကို ပြင်ဆင်နေတဲ့ ထွန်းရတီ

” အချစ်များစွာယူ” စီးရီးနဲ့ အချစ်များစွာယူ သီချင်းကို ပရိသတ်လက်ခံမှုနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု ရယူလာနိုင်ခဲ့သူကတော့ အမျိုးသမီး တေးသံရှင် ထွန်းရတီပဲ ဖြစ်ပါတယ်။ ထွန်းရတီက အချစ်များစွာယူစီးရီးရဲ့ ဗီစီဒီ မှာ လူပိုသိလာခဲ့တဲ့ တေးသံရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ပထမစီးရီးရဲ့ စီဒီ၊ ဗီစီဒီ အားလုံးထွက်ရှိ အပြီးမှာတော့ ထွန်းရတီက ဒုတိယစီးရီး ခြေလှမ်းသစ်ကို ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

ပထမစီးရီးမှာတော့ လူငယ်ပရိသတ်နဲ့ အစပ်အဟပ် တည့်ခဲ့တာကြောင့် ဒုတိယ စီးရီးရဲ့ ပြင်ဆင်မှု အနေအထားကိုမေးတော့ ” ပထမစီးရီးမှာတော့ Pop နဲ့ Modern Rock နဲ့ ပိုသွားထားတယ်။ R & B ပုံစံမျိုးက အချစ်များစွာယူ သီချင်း လို ပုံစံမျိုးပဲပါတယ်။ ဒုတိယအခွေမှာတော့ လူငယ်နည်းနည်းပိုဆန်သွားအောင် Pop, R & B, Dance ပုံစံဘက်ကို ပိုသွားထားပါတယ်။


အခုဒုတိယ စီးရီးအခြေအနေကတော့ စတီးနေပါပြီ။ သီချင်းတွေကတော့ ရနေ ပြီ။ အသံသွင်းဖို့ပဲ လိုပါတော့တယ်” လို့ထွန်းရတီ ကပြောပါ တယ်။ ပထမစီးရီး ရဲ့ အမ်တီဗီမှာ ပရိသတ် စိတ်ဝင်စားမှု ပိုပြီးရရှိခဲ့တဲ့ အပေါ်မှာလည်း ထွန်းရတီ က

” အဲဒီအပေါ်မှာလည်း တအားဝမ်းသာပါတယ်။ ရတီက တစ်ကိုယ်တော်ခွေ မထွက်ခင်ကြားမှာ အနုပညာလှုပ်ရှားမှု မရှိခဲ့ဘူး။ စီဒီတုန်းက သိတော့သိပေ မယ့် လူနဲ့မတွဲမိဘူး ဖြစ်သွားတယ်။ အမ်တီဗီ ထွက်လာတော့မှ ထွန်းရတီဆိုတာ ဘယ်သူလဲဆိုပြီး စပြီးစိတ်ဝင်စားလာတယ်။ အချစ်များစွာယူ သီချင်းနဲ့ ထွန်းရတီ ဆိုပြီး သိသွားတဲ့အတွက် အနုပညာ လောကမှာ နေရာလေး တစ်နေရာစာ ရခဲ့တာပါ” လို့ ထွန်းရတီ က ပြောပြပါတယ်။ ထွန်းရတီရဲ့ ဒုတိယ စီးရီးသစ်ကိုတော့၂ဝ၁၄ နိုဝင်ဘာထဲမှာ ထွက်ရှိဖို့ရည်ရွယ် ထားတယ်လို့ သိရပါတယ်။

The Expendables 3 ကြိုတင်ပေါက်ကြားခဲ့ခြင်းကြောင့် ရောင်းအားနည်း


ဟောလိဝုဒ်မှ ဒိတ်ဒိတ်ကြဲ အက်ရှင်မင်းသားများ စုစည်းရိုက်ကူးသည့် The Expendables 3 သည် ဖြန့်ချိ သည့်နေ့ရက်မရောက်မှီ ၃ပတ်ကြိုတင်၍ အင်တာနက်ပေါ်ပေါက်ကြားခဲ့သဖြင့် သြဂုတ်လ ၁၅ရက်နေ့ ကဖြန့်ချိခဲ့ရာတွင် ထင်မှတ်သလောက် ရောင်းအားမကောင်း ခဲ့ကြောင်းသိရသည်။

Rambo မင်းသား (Sylvester Stallone), Arnold Schwarzenegger, Jet Li, Jason Statham အစရှိသည့် ဟောလိဝုဒ်၏ အကြီးဆုံးကြယ်ပွင့်များစုစည်း ရိုက်ကူးထားသည့် Expendables 3 သည် လွန်စွာအောင်မြင်မည့် ဟောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်မည်ဟု ပရိသတ်များက ယုံကြည်ထားရသော်လည်း ၄င်းပထမဆုံး ဖြန့်ချိသည့်နေ့တွင်ဒေါ်လာ ၅.၉သန်းခန့်သာရောင်းရကာ သီတင်းပတ်အတွင်း အရောင်းရဆုံးဟောလိဝုဒ် ဇာတ်ကားများစာရင်း၏ တတိယနေရာကိုသာ ချိတ်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆက်တွဲဇာတ်လမ်းများက မူလဇာတ်လမ်းကဲ့သို့ ရောင်းအားမကောင်းသည်မှာ ဟောလိဝုဒ်၏ ဓလေ့ထုံး စံကဲ့သို့ဖြစ်နေပြီး The Expendables အတွက် ဤနှစ်နွေရာသီတွင် Guardians of the Galaxy နှင့် Teenage Mutant Ninja Turtles ကဲ့သို့ ပြင်းထန်သော ပြိုင်ဆိုင်မှုများရှိနေသည်ကို တွေ့ရသည်။ Expendables 3 သည် လွန်ခဲ့သည့် ၃ပတ်ခန့်က အင်တာနက်ပေါ်တွင် The Pirate Bay ကဲ့သို့အွန်လိုင်းရုပ်ရှင် ကြည့်ဝက်ဆိုဒ်များ၌ ပေါက်ကြားခဲ့ပြီး ၄င်း၏ကုမ္ပဏီ Lionsgate က အဆိုပါဝက်ဆိုဒ်များကို တရားစွဲဆိုခဲ့သည်။ Expendables ဇာတ်ကားမျာသည် နိုင်ငံရပ်ခြားများ၌ အောင်မြင်လေ့ရှိခဲ့သဖြင့် ဖြန့်ချိသူများက နိုင်ငံခြားဝင်ငွေ ကိုလည်းစောင့် ကြည်လျက်ရှိကြောင်း သိရသည်။ 

The Expendables 3 တွင် ၀ါရင့်မင်းသားကြီး Mel Gibson က ဗီလိန်အဖြစ်သရုပ်ဆောင်သည်ကို တွေ့မြင် ရမည်ဖြစ်ပြီး Desperado မင်းသား Antonio Banderas ကိုလည်း ဇာတ်ကောင်သစ်အဖြစ်တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။

KIA နှင့် ဘင်္ဂါလီ နှောက်ယှက်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူမရသော ရခိုင်နှင့် ကချင်ဒေသများ လူဦးရေစာရင်း ခန့်မှန်းထုတ်ပြန်မည်

ယခုလအတွင်း ထုတ်ပြန်မည့် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေး လူဦးရေစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ လူဦးရေစာရင်းကို ခန့်မှန်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန (Myanmar Peace Center) တွင် ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်များ ချမှတ်နိုင်ရေး အစိုးရနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေးလူဦးရေ စာရင်းကို သြဂုတ်လ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် ၃ ခရိုင်နှင့် ကချင်ပြည်နယ်အတွင်းရှိ ရွာပေါင်း ၉၇ ရွာမှ လူဦးရေစာရင်းကို ခန့်မှန်းထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ရှေ့ပြေး ထုတ်ပြန်မည့် တစ်နိုင်ငံလုံး လူဦးစာရင်းသည် သန်းခေါင်စာရင်း ကောက်ကွက်များမှ စာရင်းများ၊ မွေးစာရင်း၊ သေစာရင်းများအရ ခန့်မှန်းထုတ်ပြန်ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း အတိအကျကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ကောက်ယူခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသော ဒေသများတွင် ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။
From : .. the voice

မြန်မာ့ဂုဏ်ဆောင်မဲ့ အလှမောင်လာပြီ




မြန်မာပြည်က အလှမယ်တွေအကြောင်း ဟိုလူတင် ဒီလူတင်နဲ့ အလှမယ်တစ်ယောက်ဆို
မြန်မာပြည်သူတော်တော်များများ သိကြပါတယ်။ ဒါပေမဲ့ အလှမောင်တွေကိုတော့ တင်သူနည်း ကြလို့ ဂုဏ်ယူစရာ မြန်မာ့အလှမောင်တွေအကြောင်း လူသိနည်းလှပါတယ်။ အခု အလှမောင်တစ်ယောက် အကြောင်း ပထမဆုံးအဖြစ် တင်ပေးလိုက်ပါတယ်။ သူကတော့သြဂုတ်လ ၂၇ ကနေ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဟောင်ကောင်မှာ ကျင်းပမည့် အာရှမောင် Mr. Asia 2014 ပြိုင်ပွဲဝင် မောင်မျိုးထွဋ်နိုင် ဖြစ်ပါတယ်။ မိုးကုတ်သားလေးတစ်ယောက်ဖြစ်ပြီး မိုးကုတ်သူမိုးကုတ်သားတို့ရဲ့ ထုံးစံအတိုင်း စမတ်ခပ်ကျကျပါပဲ ။ အရပ်ကတော့ ၆ ပေ ၃ လက်မ
ရှိပြီး တကယ့်ကို မြန်မာလူမျိုးတွေထဲက ရှားပါးအရပ်ပဲဖြစ်ပါတယ်။ အသက် ၂၀ ငယ်ငယ်ရွယ်ရွယ်နဲ့
ပညာအရည်အချင်းကလည်း B.A (English) ဆိုတော့ ရုပ်လေးကလည်းခန့်။ ဘော်ဒီကလည်းတောင့်နဲ့
မြန်မာမလေးတွေကြားမှာ ကျလောက်တဲ့ သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ကဲ အလှမယ်တွေအကြောင်း
သာ ပေါပေါများများ ဖတ်ရပေမဲ့ အလှမောင်အကြောင်း ရေးကြတဲ့သူတွေ မရှိလို့ အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်။

Mr. Asia Myanmar 2014 ( Myo Htut Naing).
Age - 20
Height - 6ft 3in
Education - B.A (English)
Hometown - Moegok
National Race - Shan-Myanmar

ခံတွင်းနံ့ဆိုးတွေ ပျောက်ကင်းစေဖို့ နည်းလမ်း (၆) ခု



ခံတွင်းနံ့ဆိုးခြင်းဟာ လူအများနဲ့ ဆက်ဆံရတဲ့အခါမှာ ကိုယ့်ဘေးနားက လူတွေကို အနှောင့်အယှက်အပေးဆုံး အချက်ပါပဲ။ ခံတွင်းနံ့ဆိုး မထွက်အောင် ဘယ်လိုဂရုစိုက်သင့်သလဲဆိုတဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

သင့်သွားကို အဓိကထားဂရုစိုက်ပါ

ပထမဆုံးနဲ့ အလွယ်ကူဆုံးနည်းက ပါးစပ်ကို အထူးဂရုစိုက်ပေးပို့ပါ။ သွားပိုးပေါက်တွေ၊ သွားပျက်စီးခြင်း နဲ့ သွားဖုံးပေါ်က ရောဂါပိုးမွှားတွေဟာ မသိမသာ အနံ့အသက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သွားတွေနဲ့ သွားဖုံးကြားက ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားဖို့ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးဖို့နဲ့ အနည်းဆုံး တစ်ရက်တစ်ခါလောက် သွားသန့်ရှင်းရေးလုပ်ပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးသင့်ပါတယ်။ နောက်ပြီး သွားဆရာဝန်ဆီ တစ်နှစ် နှစ်ကြိမ် စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးဖို့လည်း အထူးသတိပြုသင့်ပါတယ်။

သင့်လျှာကို သန့်ရှင်းအောင်ထားပါ

လျှာရဲ့အရင်းနေရာဟာ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွားများ ပေါက်ပွားရာနေရာနဲ့ အနံ့အသက်ဆိုးတွေ ထွက်စေတဲ့နေရာ တစ်နေရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက သွားတိုက်တဲ့အခါ အရေးပါတဲ့ အဲဒီနေရာကို လစ်လျူရှု တတ်ကြတယ်။

အချိုဓာတ်ကို ရှောင်ပါ

အရွက်စိမ်းနဲ့ ဂျမ်(ပီကေ)စားပေးခြင်းဖြင့် အနံ့အသက်ဆိုးကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့ သင့် သိကြား အချိုဓာတ်ပါတဲ့ အမျိုးအစားတွေအသုံးပြုမယ်ဆိုရင် ပြဿနာကို တိုးပွားစေသလိုဖြစ်နေပါလိမ့်မယ်။ သင့်ပါစပ်းထဲက ဘက်တီးရီးယားတွေက ဆိုးရွားတဲ့ အနံ့အသက်တွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

အာခေါင်ကို စိုစွတ်နေအောင်ထားပါ

တံတွေးမှာ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ အဓိကမရှိမဖြစ် အင်ဇိုင်းတွေပါဝင်တာကြောင့် အာခေါင်ကပ်နေတယ်ရင် အနံ့အသက်တွေ ထွက်တတ်ပါတယ်။ ရေကို ပုံမှန်သောက်ပေးခြင်းဖြင့် တံတွေးဂလင်းတွေကို လှုံ့ဆော်ပေးပြီး အာခေါင်ကို စိုစွတ်နေအောင်ထိန်းပေးပါတယ်။

အနားယူလက်ဖက်ရည်သောက်ဖို့အချိန်ပေးပါ

ရေနွေးကြမ်းသောက်ခြင်းသည် လည်း အနံ့ဆိုးတွေကို ပျောက်ကင်းစေဖို့အထောက်အကူဖြစ်စေပါတယ်။ လက်ဖက်ခြောက်တွေမှာပါတဲ့ chemical ဓာတ်တွေဟာ ဘက်တီးရီးယားတွေကြောင့်ထွက်တဲ့အနံ့ဆိုးတွေအပါအ၀င် ၎င်းဘက်တီးရီးယားပိုးမွားတွေရဲ့ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အသုံးပြုခြင်း

အိန္ဒိယအစားအစာတွေမှာ တွေ့နိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်မှာ ဘက်တီးရီးယားပိုးကို ခုခံနိုင်တဲ့ အာနိသင်ပါရှိတယ်လို့ သိရှိရပြီး ပါစပ်းအနံ့အသက်ကင်းစင်အောင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့တယ်လို့ သိရှိရပါတယ်။ ဖာလာပင်ဟာ ဘီးတီးရီးယားပိုးမွားတွေကို သေစေပြီး ပြင်းထန်တဲ့ အနံ့သက်ဆိုးတွေကို သက်သာပျောက်ကင်းစေတဲ့ စီနိုလီ တစ်မျိုးပါဝင်ပါတယ်။

Source: womenshealthmag
From; trend

ပရိသတ်အတွက် ၃ နှစ်လောက် အချိန်ပေးဦးမယ်ဆိုတဲ့ ဂျင်းနီ


ငယ်ရွယ်စဉ်ကတည်းက အနုပညာနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဟန်နွေငြိမ်းဟာ ဂီတလောကအပြင် အငြိမ့်ဘဘင်လောကမှာပါ နာမည် တွင်ခဲ့သူပါ။ ခုဆိုရင် သူမဟာ အနုပညာသက်တမ်း ၁၀ နှစ်ကျော်တောင် ရရှိခဲ့ပြီမို့ အတွေ့အကြုံများတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ဂီတလောကမှာ ခြေလှမ်းကျဲလာတယ်လို့ ပရိသတ်တွေက ခံစားနေရတာကြောင့် သူမရဲ့ ဂီတလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ “ခုလောလောဆယ်တော့ မိုးတွင်းမို့ အခွေလုပ်ဖြစ်နေတယ်။ ဒင်နာပွဲလေးတွေလောက်ပဲ ဆိုဖြစ်ပါတယ်။ မိုးတွင်းကျတော့ နယ်ရှိုးနည်းနည်း ကျဲတယ်ဆိုတော့လေ ။ အခွေကခု အစအဆုံး အသစ်ပြန်လုပ်နေတာပေါ့နော်။ ကော်ပီလုံးဝမပါဘူး။ own tune ကြီးပဲ သွားမယ်ပေါ့နော်။ သီချင်းပုံစံကတော့ ဂျင်းနီဆိုနေကျ ပုံစံလေးတွေ၂ပုဒ် ၃ပုဒ်လောက်တော့ ပြန်ထည့်ပေးမှာပါ။ နောက်ဂျင်းနီနဲ့လိုက်မယ်ထင်တဲ့ သီချင်းပုံစံ အသစ်လေးတွေလဲ အများကြီးပါဦးမှာပါ။ ဂျင်းနီက မှန်းတာတော့ မှန်းနေတာပဲ။ ဒါပေမဲ့ ကြားထဲမှာ ခရီးတွေထွက်နေရတာနဲ့ ကြာကြာသွားတယ်။ ဒါပေမဲ့ ဒီနှစ်မှ မထွက်ရင်တော့ ဂျင်းနီအဆိုတော်မလုပ်တော့ဘူးလို့။ ခုကျန်တာက ဂျင်းနီ vocalတွေပဲ ကျန်တော့တယ်။ တေးရေးတွေက အားလုံးကို Choice မလုပ်ရသေးတော့လေ။ မသေချာသေးဘူး။ ပါမှာက ၁၁ပုဒ်နဲ့ ၁၂ပုဒ်တစ်ခုခုပဲ။ title ကလဲ မစဉ်းစားရသေးဘူး။ သီချင်းတွေကတော့ အကောင်းဆုံးဆိုတဲ့ သီချင်းတွေပဲထည့်သွားမှာပါ။” လို့ သူမရဲ့အခွေသစ်အကြောင်း ပြောပြသွားပါတယ်။

ပရိသတ်နဲ့အလှမ်ဝေးနေရတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ပြည်ပခရီးစဉ်တွေသွားလိုက်၊ နယ်ရှိုးတွေ သွားဆိုလိုက်နဲ့လနဲ့ချီပြီး ပရိသတ်တွေနဲ့ အလှမ်းဝေးသွားတယ်။ အဲ့ဒီတွက် ပရိသတ်ကို အရမ်းအားနာပါတယ်။ ဂျင်းနီကို မျှော်လင့်နေတဲ့ ပရိသတ်တွေလဲ ရှိမှာပဲလေ။ ဒီအခွေထွက်ရင်လဲ အကောင်းဆုံးကြိုးစားသွားမှာပါ”တဲ့။

သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လဲ “အချစ်ရေးကတော့ ဒီလိုပါပဲ။ ဂျင်းနီကတော့ အိမ်ထောင်ပြုဖို့ထက်ကို အခွေအရင် ထွက်ချင်တယ်။ နောက်၂ နှစ် ၃ နှစ်လောက်ကို ပရိသတ်အတွက်ပဲ ကြိုးစားချင်တယ်။ အသက်ကလဲ အမှန်အတိုင်းပြောရရင် ကလေးတော့ မဟုတ်တော့ဘူးပေါ့နော်။ ၄ပုံ၁ပုံကျော်သွားပြီဆိုတော့လေ။ ဒါပေမဲ့ ပရိသတ်ကို နောက်၃ နှစ်လောက်ထိတော့ သမီးပေးဆပ်ဦးမှာပါ။ ပရိသတ်ကြီး အားလုံး ဂျင်းနီကြိုးစားနေတာ ပရိသတ်အတွက်ပါ။ အားလုံးပဲ ဘုရားသခင် ကောင်းချီးပေးပါစေလို့” သူမက ဆိုသွားပါတယ်။
From Trend

စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန်


မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု များကိုသာအလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆို ပါ အောင်မြင်မှုများအခြေခိုင်အောင် အကူ အညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

သမ္မတအိမ်တော်တွင် သြ ဂုတ် ၉ ရက်က တွေ့ဆုံစဉ် ပြော ကြားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအ နေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းခဲ့သည့် အခြေအနေနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံကပြုပြင် ပြောင်းလဲရေးကို တည်ငြိမ်စွာ အ ကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် သုံးနှစ်တာကာလ အတွင်း ဒီမိုကရေစီစံနှုန်းများအ ပြည့်အ၀ ပေါ်ပေါက်အောင် အ ကောင်အထည်ဖော်ရန် ကန့်သတ် ချက်များရှိသည်ကို နားလည်ပေး စေလိုပြီး ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်သည် နောက်ပြန်လှည့်ရန် မရှိဘဲ ရှေ့သို့ဆက်လက်ချီတက် နိုင်ရန် ဆုံးဖြတ်ထားကာ နိုင်ငံတ ကာကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ရာတွင် ဂျွန်ကယ်ရီက စိုးရိမ်ပူပန် ကြောင်း ပြောဆိုသွားခြင်း မရှိ သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် အမေရိကန်က ကူညီလုပ်ဆောင်လိုကြောင်း ပြောဆိုသွားခဲ့သည်။

‘‘မြန်မာနိုင်ငံက အနာဂတ် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းနေချိန်မှာ အမေရိကန်နိုင်ငံရဲ့ မိတ်ဆွေအဖြစ် ကူညီပံ့ပိုးမှုကို ရ ထားတယ်ဆိုတာကို မြန်မာပြည် သူတွေကို သိစေချင်တယ်’’ဟု ၎င်းက ပြောဆိုသွားသည်။ အိုဘားမားကလည်း မြန်မာနိုင်ငံသို့ ထပ်မံလည်ပတ်ရေးကို စိတ်အား ထက်သန်နေကြောင်း လည်း ပြောဆိုသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ဂျွန်ကယ်ရီသည် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးပြီး နောက် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။
From: 7day

ဆေးခြောက်အိတ်အား ၀ှက်ထားသည့် ကိုယ်ဝန်ဆောင် ဇနီးကို ခင်ပွန်းက ဓားဖြင့် ခုတ်

အင်္ဂလန်အနောက်အလယ်ပိုင်း ဘာမင်ဟန်မြို့တွင် ဆေးခြောက်များထည့်ထားသည့် အိတ်အား ၀ှက်ထားသည့် ကိုယ်ဝန်ဆောင်ဇနီးကို ခင်ပွန်းဖြစ်သူက ဓားမြှောင်ဖြင့် ခုတ်ခြင်း၊ မုတ်ဆိတ်ရိတ်အပြီး သုံးသည့် ဆေးဖြင့် မျက်နှာကို ဖျန်းခြင်းနှင့် သုံးနာရီကြာအောင် ထိုးကြိတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ကိုယ်ဝန် နှစ်လကျော်ခန့်ရှိနေသည့် နိလမ်သည် ဘာမင်ဟန်မြို့ရှိ ၎င်းတို့နေအိမ်တွင် ဖေဖော်ဝါရီ ၈ ရက်က စက်ရုံအလုပ်သမားခင်ပွန်းဖြစ်သူ ဟာရွန်အာရှယက်ဖ်၏ ဆေးခြောက်အိတ်အား တွေ့ရှိခဲ့ရာ ခင်ပွန်းဆေးခြောက် ရှူခြင်းကို မနှစ်သက်သောကြောင့် အဆိုပါ အိတ်အား ၀ှက်ထားခဲ့သည်။

မိမိ၏ အိတ်ပျောက်ဆုံးကြောင်း သိသွားသော ရှယက်ဖ်က နှစ်ရက်အကြာတွင် ဇနီးသည်အား ဆံပင်ကို ဆွဲကာ ရိုက်နှက်ခြင်း၊ မုတ်ဆိတ်ရိတ်အပြီး သုံး သည့် ဆေးရည်ဖြင့် မျက်နှာအား ဖျန်းခြင်း၊ ထိုးကြိတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အရက်သောက်ထားပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်တွင် ရှယက်ဖ်သည် ဆေးခြောက် အိတ်ကို ပြန်မပေးသေးသည့် ဇနီးသည်၏ မျက်နှာအား ဓားဖြင့် ခုတ်ရန် ကြိုးပမ်းစဉ် ဇနီးသည်က လက်ကို မြှောက်ပြီး ကာကွယ်လိုက်သောကြောင့် လက်မောင်းတွင် ဒဏ်ရာရသွားခဲ့သည်။

အသက် ၂၄ နှစ်အရွယ် ရှယက်ဖ်က ဇနီးသည်အားဓားဖြင့် တမင်ကြံရွယ် ထိုးခဲ့ကြောင်း၊ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း စွဲချက်များကို တရားရုံး တွင် ငြင်းဆိုထားပြီး ဇနီးဖြစ်သူကသာ မိမိအား ဓားပါးဖြင့် တိုက်ခိုက်ခဲ့ပြီး ကိုယ့်ကိုယ်ကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ခုံခံချေပခဲ့သည်။

အမျိုးသမီး လေးဦးနှင့် အမျိုးသား ရှစ်ဦးပါသည့် ဂျူရီအဖွဲ့က ရှာယက်ဖ်အား သုံးရက် စစ်ဆေးအ ပြီးတွင် ပြစ်ဒဏ်ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ချက် ချလိုက်သည်။

Ref: Daily Mail
Mizzima