ဆေးခြောက်အိတ်အား ၀ှက်ထားသည့် ကိုယ်ဝန်ဆောင် ဇနီးကို ခင်ပွန်းက ဓားဖြင့် ခုတ်

အင်္ဂလန်အနောက်အလယ်ပိုင်း ဘာမင်ဟန်မြို့တွင် ဆေးခြောက်များထည့်ထားသည့် အိတ်အား ၀ှက်ထားသည့် ကိုယ်ဝန်ဆောင်ဇနီးကို ခင်ပွန်းဖြစ်သူက ဓားမြှောင်ဖြင့် ခုတ်ခြင်း၊ မုတ်ဆိတ်ရိတ်အပြီး သုံးသည့် ဆေးဖြင့် မျက်နှာကို ဖျန်းခြင်းနှင့် သုံးနာရီကြာအောင် ထိုးကြိတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ကိုယ်ဝန် နှစ်လကျော်ခန့်ရှိနေသည့် နိလမ်သည် ဘာမင်ဟန်မြို့ရှိ ၎င်းတို့နေအိမ်တွင် ဖေဖော်ဝါရီ ၈ ရက်က စက်ရုံအလုပ်သမားခင်ပွန်းဖြစ်သူ ဟာရွန်အာရှယက်ဖ်၏ ဆေးခြောက်အိတ်အား တွေ့ရှိခဲ့ရာ ခင်ပွန်းဆေးခြောက် ရှူခြင်းကို မနှစ်သက်သောကြောင့် အဆိုပါ အိတ်အား ၀ှက်ထားခဲ့သည်။

မိမိ၏ အိတ်ပျောက်ဆုံးကြောင်း သိသွားသော ရှယက်ဖ်က နှစ်ရက်အကြာတွင် ဇနီးသည်အား ဆံပင်ကို ဆွဲကာ ရိုက်နှက်ခြင်း၊ မုတ်ဆိတ်ရိတ်အပြီး သုံး သည့် ဆေးရည်ဖြင့် မျက်နှာအား ဖျန်းခြင်း၊ ထိုးကြိတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အရက်သောက်ထားပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်တွင် ရှယက်ဖ်သည် ဆေးခြောက် အိတ်ကို ပြန်မပေးသေးသည့် ဇနီးသည်၏ မျက်နှာအား ဓားဖြင့် ခုတ်ရန် ကြိုးပမ်းစဉ် ဇနီးသည်က လက်ကို မြှောက်ပြီး ကာကွယ်လိုက်သောကြောင့် လက်မောင်းတွင် ဒဏ်ရာရသွားခဲ့သည်။

အသက် ၂၄ နှစ်အရွယ် ရှယက်ဖ်က ဇနီးသည်အားဓားဖြင့် တမင်ကြံရွယ် ထိုးခဲ့ကြောင်း၊ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း စွဲချက်များကို တရားရုံး တွင် ငြင်းဆိုထားပြီး ဇနီးဖြစ်သူကသာ မိမိအား ဓားပါးဖြင့် တိုက်ခိုက်ခဲ့ပြီး ကိုယ့်ကိုယ်ကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ခုံခံချေပခဲ့သည်။

အမျိုးသမီး လေးဦးနှင့် အမျိုးသား ရှစ်ဦးပါသည့် ဂျူရီအဖွဲ့က ရှာယက်ဖ်အား သုံးရက် စစ်ဆေးအ ပြီးတွင် ပြစ်ဒဏ်ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ချက် ချလိုက်သည်။

Ref: Daily Mail
Mizzima

0 comments:

Post a Comment