တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသားများ အလိုရှိသည်


၁။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ အမျိုးသား(လူပျို )ဖြစ်ရမည်။
(ခ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ (၁)လအတွင်း ရရှိသည့် ထောက်ခံစာမူရင်းနှင့်ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံတို့ကို ပူးတွဲတင်ပြရမည်။
(ဂ) လျှောက်ထားသူသည် ၁-၁-၂၀၁၆ ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။
(ဃ) အနည်းဆုံးအရပ် (၅)ပေ (၃)လက်မနှင့် ကိုယ်အလေးချိန်(၁၀၀)ပေါင်ထက်မနည်းရ၊ ပေါင်(၁၄၀)ထက် မကျော်ရ။
(င) မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ။
(စ) မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိရမည်။
(ဆ) လျှောက်လွှာနှင့်အတူပါရှိသော ဆေးစစ်ပုံစံဖြင့် မိမိတို့နေထိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရှိ တပ်မတော်ဆေးရုံ/ပြည်သူ့ဆေးရုံတွင် ပဏာမကျန်းမာရေးစစ်ဆေးအောင်မြင်သူဖြစ်ရမည်။
(ဇ) တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲများဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်။ (အမှတ်စာရင်းတင်ပြရမည်။)
(ဈ ) တပ်မတော်၏အုပ်ချုပ်မှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂၈-၉-၂၀၁၅ ရက်နေ့မှစ၍ အခမဲ့ ရယူနိုင်သည်။ လျှောက်လွှာကို ၃၀-၁၀-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သော တိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။
၃။ သင်တန်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့်ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုးညွှန်းတမ်းအတိုင်း မိမိလျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်၌ ၁၄-၁၁-၂၀၁၅ ရက်နေ့တွင် ဖြေဆိုကြရမည် ဖြစ်ပါသည်။
၎။ အရည်အချင်းစစ်စာမေးပွဲအောင်စာရင်းကို တိုင်းစစ်ဌာနချုပ်များတွင် ၃-၁၂-၂၀၁၅ ရက်နေ့မှ ၄-၁၂-၂၀၁၅ ရက်နေ့အတွင်း ထုတ်ပြန်ကြေညာမည်။ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် ၁-၁-၂၀၁၆ ရက်နေ့မှ ၈-၁-၂၀၁၆ ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ၀င်ရောက်အစစ်ဆေးခံရမည်။
၅။ သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် (၁၄၀၀၀၀)ကျပ်၊ ဒုတိယနှစ် (၁၄၅၀၀၀)ကျပ်၊ တတိယနှစ် (၁၅၀၀၀၀)ကျပ်၊ စတုတ္ထနှစ် (၁၅၅၀၀၀)ကျပ် ရရှိမည်။
၆။ သင်တန်းအောင်မြင်ပြီးလျှင် မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များအပ်နှင်းပေးမည်-
(က) သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)
( ခ ) ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ B.Pharm(Bachelor of Pharmacy)
(ဂ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာ) B.Med.Tech (Medical Laboratory Technology)
(ဃ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာ) B.Med.Tech (Physiotherapy)
( င ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ) B.Med.Tech (Medical Imaging Technology)
၇။ သင်တန်းပြီးမြောက်အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု (Nurse)နှင့် ဆေးဘက်ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပါက မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့ (Master of Science)နှင့် ပါရဂူဘွဲ့ (Ph.D) သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။
၈။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)/ဆေးဘက်ကျွမ်းကျင်သူ(တတိယတန်း) အမှုထမ်းသက် (၁)နှစ်၊ အထက်တန်းသူနာပြု/ဆေးဘက်ကျွမ်းကျင်သူ (ဒုတိယတန်း) အမှုထမ်းသက်(၂)နှစ်၊ စုစုပေါင်း (၃)နှစ် ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင်အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံ တင်ပြလျှင် ဒုတိယဗိုလ် ( သူနာပြု/ဆေးဘက်ကျွမ်းကျင်သူ) အဖြစ် စတင်ခန့်အပ်ပေးမည်။
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။
ပြည်ချစ်သား

0 comments:

Post a Comment