လန်ဒန်မြို၏့ အကြီးဆုံး ဗလီမီးလောင်မှု ဖြစ်ပွား သံသယ တရားခံ နှစ်ဦးကို ဖမ်းဆီး





လန်ဒန် စက်တင်ဘာ ၂၈

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တောင်ဘက်ရှိ အကြီးဆုံး ဗလီ တစ်ခု ဖြစ်သော Baitul Futuh ဗလီ၌ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်း က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ် သမား၇ဝ ဦးဖြင့် မီးငြှိမ်း သတ်ခဲ့ ရကြောင်း သိရသည်။ယင်းမီးလောင်မှု သည် ဗလီ၏ မြေညီထပ်နှင့် ပထမထပ် တို့တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မီးရှို့တိုက်ခိုက် သည်ဟု သံသယ ရှိသူ နှစ်ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၇ ရက်တွင် ဖမ်း
ဆီး နိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီး ခံရသူများ မှာ အသက် ၁၄ နှစ်နှင့်၁၆ နှစ်အရွယ် ဆယ်ကျော်သက် များဖြစ်ကြောင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ ဗလီ မီးလောင်မှုကြောင့် မီးခိုး မွှန်သူ တစ်ဦးကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး ဗလီ အတွင်း ပျက်စီးသွား သည့်အရာများ ကို ပြန်လည် ဆောက်လုပ်ရန် အတွက် ဒေသ တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဗလီ တာဝန်ရှိ သူတစ်ဦးက ပြောကြား ထားသည်။

0 comments:

Post a Comment