ဆွစ်ဇာလန် လွှတ်တော် ၀န်ထမ်း ကိုယ်လုံးတီပုံများ အွန်လိုင်း တင်မှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရ


ဆွစ်ဇာလန် လွှတ်တော်မှ အတွင်းရေးမှူး အမျိုးသမီး တစ်ဦးသည် ကိုယ်လုံးတီး ဓာတ်ပုံများကို အင်တာနက်တွင် တင်ခဲ့သည့် အတွက် ရာထူးမှ ထုတ်ပယ် ခံခဲ့ရကြောင်း သိရသည်။


အမည် ဖော်ပြထားခြင်း မရှိသည့် ထိုအမျိုးသမီးသည် ကိုယ်ဗလာ ကျင်းပုံ မြောက်မြားစွာကို သူမ၏ ရုံးခန်းတွင် ရိုက်ကူး ထားခဲ့ပြီး နောက် တွစ်တာတွင် တင်ခဲ့သည် ဆိုသည်။ ဆွစ်လွှတ်တော်က ထိုအမျိုးသမီး၏ ရာထူးကို ရပ်ဆိုင်း ခဲ့ခြင်းမှာ နှစ်ဘက် နားလည်မှုဖြင့် လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လွှတ်တော် ဂုဏ်သိက္ခာ အတွက် ညှိနှိုင်းပြီး နုတ်ထွက် စေခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ အမျိုးသမီး၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပေါ်ထွက်လာစဉ် တစ်စုံ တစ်ဦးက ထိုပုံများမှာ ဘန်းမြို့တော်ရှိ ဖက်ဒရယ် နန်းတော်မှ ရုံးခန်း တစ်ခုတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ ပြီးနောက် တာဝန် ရှိသူများက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီး သည် ပြီးခဲ့သည့် အပတ်က Neue Zuercher Zeitung (NZZ) သတင်းစာတွင် ထိုပုံများမှာ မည်သည့် စည်းမျဉ်း စည်းကမ်းကိုမှ ချိုးဖောက် သည်ဟု မထင်ကြောင်း ဆိုသည်။ သူမက တွစ်တာတွင် ပရိသတ် Follower 11,000 ခန့်ရှိသော် လည်း ယင်းပုံများမှာ ပုဂ္ဂလိက ဘ၀နှင့် သက်ဆိုင်၍ မည်သည့် ပြဿနာမှ မရှိကြောင်း ဆိုခဲ့ဖူးသည်။

Source: BBC
Messenger

0 comments:

Post a Comment