Google Nexus 9 နှင့် Nexus 6 တို့ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် တရားဝင်ကြေညာမည်


Google နှင့် မိတ်ဘက် hardware ထုတ်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်မည့် Google ရဲ့ Nexus 9 တက်ဘလက်နှင့် Nexus 6 စမက်ဖုန်းတို့ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် Google ၏ အသစ်ထုတ် Android L ဗားရှင်းတို့ဖြင့် တရားဝင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ 

ဝက်ဆိုက်တစ်ခုရဲ့ အဆိုအရတော့ Nexus 9 တက်ဘလက်ကို ပထမဆုံးအကြိမ်အဖြစ် Android L ဗားရှင်းအသစ်ကို အသုံးပြုထားပါတယ်။ Pocket-lint ရဲ့ သတင်းရင်းမြစ်များအရ ယနေ့ ကြေညာမည့် Nexus မှာ Nexus 9 ပါဝင်မယ်ဆိုတာ မသေချာပေမယ့် Nexus 6 စမက်ဖုန်း သတင်းကတော့ သေချာပါတယ်။ 

Forbes မဂ္ဂဇင်းရဲ့ အဆိုအရတော့ အဆိုပါ Nexus 9 တက်ဘလက်ကို event မပြုလုပ်တော့ဖို့ Google ကနေ ဆုံးဖြတ်ခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြိုတင်အော်ဒါမှာယူနိုင်ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ ပြင်ပဆိုင်တွေမှာ ၀ယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ 

Nexus 9 တက်ဘလက်ရဲ့ ဈေးနှုန်းကတော့ 16 GB ဗားရှင်းအတွက် ဒေါ်လာ ၃၉၉ ဖြစ်ပြီး 32 GB LTE ဗားရှင်းအတွက် ဒေါ်လာ ၄၉၉ ဖြစ်ပါတယ်။ အခြားပါဝင်တဲ့ Features တွေအနေနဲ့ကတော့ 2048 x 1440 Piexls ထောက်ပံ့ပေးမည့် 8.9 လက်မအရွယ်အစား တက်ဘလက်ကို 64 bit Dual Core Processor , Nvidia GPU တို့နှင့် နောက်ဘက် 8 MP ကင်မရာ နှင့် ရှေ့ဘက်မှာ 3 MP ကင်မရာတို့ ပါဝင်မှာ ဖြစ်ပါတယ်။ HTC ရဲ့ ကိုယ်ပိုင် အသံနည်းပညာတစ်ခုဖြစ်သော boomsound စနစ်နှင့် စပီကာ နှစ်လုံးကို ရှေ့ဘက်မှာ တပ်ဆင်ပေးထားပြီး အလူမီနီယံဖရိန်ဖြင့် ဘောင်ကို ကွပ်ပေးထားပါတယ်။ 

Nexus 6 စမက်ဖုန်းရဲ့ သတင်းကတော့ ၆ လက်မမျက်နှာပြင်အရွယ်အစားရှိပြီး နောက်ဆုံးသတင်းများအရ စမ်းသပ်အဆင့် ဖုန်းတွေမှာတောင် Android L ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ အခြားသတင်းရင်းမြစ်တစ်ခုကလည်း Nexus 6 ရဲ့ အရွယ်အစားဟာ iPhone 6 Plus အရွယ်အစားထက် ကြီးမယ်လို့ ဆိုပါတယ်။ 

Ref : Pocket-lint

YangonMediaGroup

0 comments:

Post a Comment