အီဘိုလာကူးစက်ခံ ရသည့် ကုလသမဂ္ဂဆေးဝန်ထမ်း တစ်ဦး ဂျာမနီတွင် သေဆုံး

လိုက်ဘေးရီးယား နိုင်ငံအတွင်း အီဘိုလာ ကူးစက်ခံ ခဲ့ရသည့် ကုလသမဂ္ဂ ဆေးဝန်ထမ်း တစ်ဦးသည် အထူးကြပ်မတ် ကုသမှု ခံယူလျက် ရှိသော်လည်း ယခု သေဆုံး သွားပြီဖြစ်ကြောင်း ဂျာမနီနိုင်ငံ အတွင်းရှိ ဆေးရုံတစ်ရုံ က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အမည် ဖော်ပြထားခြင်း မရှိသည့် အသက် ၅၆ နှစ်အရွယ် အဆိုပါ အမျိုးသား သည် အောက်တိုဘာ ၁၃ ရက် ညပိုင်းက သေဆုံးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသားသည် အီဘိုလာ ရောဂါပိုး ကူးစက်မှုကို အောက်တိုဘာ ၆ ရက် က ခံခဲ့ရပြီးနောက် ဂျာမနီနိုင်ငံ သို့ ဆေးကုသမှု ခံယူရန် ရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း Leipzig ဆေးရုံမှ တာဝန် ရှိသူများက ပြောကြား ထားသည်။

အဆိုပါ အမျိုးသားသည် ဂျာမနီ နိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် ရောက်ရှိ လာခဲ့ပြီး ၄င်းသည် ယင်း နိုင်ငံအတွင်း သို့ အီဘိုလာ ရောဂါပိုး ကူးစက်ခံ ရမှုကြောင့် ရောက်ရှိလာသည့် တတိယမြောက် ဝေဒနာရှင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသို့ ပထမဆုံး ရောက်ရှိ လာသည့် အီဘိုလာ ရောဂါ ကူးစက် ခံရသူမှာ ဆီနီဂေါ နိုင်ငံမှ အမျိုးသား တစ်ဦးဖြစ်ပြီး ဒုတိယမြောက် လူနာမှာ ယူဂန်ဒါနိုင်ငံ အီတလီ လူမှုရေး အဖွဲ့မှ ဝန်ထမ်း အမျိုးသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment