မိုးရာသီနဲ့ ဒူးရင်းသီး ( စားခြင်း အကျိုးကျေးဇူး )

အနံပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး ကပါလို့ မကြိုက်သူ
အများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက်သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်းချလျက်ရှိပါတယ်။


ဒူးရင်းသီးဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေမှာ ကြွယ်ဝပါတယ်။ ဒူးရင်းသီး တစ်လုံးကို ၆၀၂ ဂရမ်လောက်ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်းရှိပါတယ်။ ထိုထဲမှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံးနဲ့ ဗီတာမင် B6 တို့ အများဆုံးပါဝင်ပါတယ်။ ထိုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံမူအားကို မြင့်တက်ပေးပြီး ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ အသီးဟာ နူးညံလှပြီး အစားခြေလွယ်အောင်ကူညီပေးတဲ့ Fructose ကဲ့သို့ သကြားဓာတ်တွေပါဝင်တဲ့အတွက် အစားခြေမူကို လွယ်ကူစေပြီး ခွန်အားကို ဖြည့်တင်းပေးတဲ့နေရာမှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင်ပါတယ်။

ပိန်တဲ့ သူများကိုလည်း ၀စေနိင်တဲ့ အာဟာရတွေပါဝင်ပြီး ပြည့်ဝလွယ်တဲ့ မကောင်းတဲ့ ကိုယ်လက်စထောတွေမပါဝင်တဲ့ အတွက် စားသင့်တဲ့ အသီးတစ်သီး ဖြစ်ပါတယ်။

Yoyarlay

တရုတ်နိုင်ငံတွင် အွန်လိုင်းမှ အိမ်စာရေးပေးသော လုပ်ငန်းကြောင့် ဆရာနှင့်မိဘများ စိုးရိမ်နေ

အခက်အခဲတစ်ခုခုကြောင့် အိမ်စာမရေးနိုင်တဲ့ ကျောင်းသားတွေအတွက် အွန်လိုင်းကနေ အိမ်စာရေးပေးတဲ့ လုပ်ငန်းဟာ လူကြိုက်များလာနေပြီလို့ တရုတ်နိုင်ငံရဲ့ Chongqing Morning Post က ဖော်ပြခဲ့ပါတယ်။


တရုတ်နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းဈေးဖြစ်တဲ့ Taobao.com မှာ အိမ်စာ အစားထိုးရေးပေးတဲ့လုပ်ငန်းတွေ ဟာ ရာပေါင်းများစွာ ရှိနေပြီလို့ဆိုပါတယ်။

ဈေးနှုန်းများကတော့ သင်ရိုးစာအုပ် တစ်မျက်နှာကို တရုတ်ယွန်ငွေ ၂ ယွန်(၀.၃ဒေါ်လာ)ဖြစ်ပြီး အက်ဆေး တစ်ပုဒ်ကို ယွန် ၁၀ ဖြစ်ပါတယ်။

မိဘများနဲ့ဆရာများကတော့ Ghostwritten homework လို့ခေါ်တဲ့ ဒီလုပ်ငန်းအပေါ် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

Phothutaw

ယူနတီအမှု တိုင်းတရားလွှတ်တော်တွင် လျှောက်လဲ

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ - Robert San Aung's)

အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ဆီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိနဲ့ သတင်းထောက်တွေအတွက် သူတို့ရဲ့ ရှေ့နေတွေက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ အပြီးသတ်လျှောက်လဲကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ – Robert San Aung’s)တိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်သိန်းရှေ့မှောက်မှာ သတင်းသမား ၄ ဦးအတွက် ရှေ့နေ ဦးရောဘတ်စန်းအောင်က လျှောက်လဲပြီး သူ့အမှုသည် တရားခံတွေကို လုံးဝလွှတ်ပေးဖို့ လျှောက်လဲခဲ့သလို ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းရဲ့ ရှေ့နေ ဦးကျော်လင်းက သူ့အမှုသည်ကို ပြစ်ဒဏ်တ၀က်လျှော့ပေါ့ပေးဖို့ လျှောက်လဲခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဦးရောဘတ်စန်းအောင်က “ကျနော်တင်ပြတာကတော့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) ရယ်၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ ကုလအထွေထွေညီလာခံက ၉ ရက် ၁၂ လ ၉၈ နေ့က ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက် အပိုဒ် (၃) အရ လွတ်လပ်စွာ ရေးသားခွင့်ရှိတဲ့အတွက် အပြစ်မရှိဘူးလို့ ကျနော်တို့က တင်ပါတယ်။ သတင်းသမားဆိုတာ အစိုးရအကြိုက်ရေးရမယ်ဆိုတာက ဟစ်တလာရဲ့ ဆောင်ပုဒ်ပါ။ ကျနော်တို့ တိုးတက်လာတဲ့ အဖွဲ့အစည်းမှာ ဒါမျိုးမဟုတ်ပါဘူး” လို့ ပြောပါတယ်။

“နောက်တချက်က ဒီနေရာ ဒီမြေဟာ နိုင်ငံတော်သမ္မတကြီးက တားမြစ်ကန့်သတ်ထားတဲ့ နေရာလို့ တရားဝင်အမိန့်ပြန်တမ်း မထုတ်ထားပါဘူး။ သာမန်သဘောနဲ့ အိမ်ရှေ့ကားမရပ်ရ သဘောနဲ့ စက်ရုံကလုပ်ထားတာပါ။ နောက် ဒီနေရာက လယ်သမားတွေဆီကနေ လျော်ကြေးမပေးဘဲ လယ်ဧက သုံးသောင်း ခုနှစ်ထောင်ပေါ်မှာ ပြဿ နာဖြစ်တာပါ။ အဲဒီတော့ အပြစ်မရှိဘူး ကျနော်တို့လူတွေဟာ။ မူလရုံးက ချမှတ်တဲ့ပြစ်ဒဏ်က မှားနေတဲ့အတွက် အပြစ်ကနေ လွှတ်ပေးပါလို့ တင်ပြခဲ့တယ်။”

ဒီနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ဒီဆောင်းပါးကြောင့် သတင်းသမားတွေကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက ဇူလိုင်လဆန်း ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးက စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ တွေ့ဆုံခဲ့စဉ်က သတင်းသမားတွေကို အတတ်နိုင်ဆုံး အကူအညီပေးမယ်ဆိုတဲ့ စကားပြောခဲ့တာကြောင့် သူ့အမှုသည် သတင်းထောက်တွေဖြစ်ကြတဲ့ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်နှင့် ဦးစည်သူစိုးနဲ့ ဦးလူမော်နိုင်တို့ ပြန်လည်လွတ်မြောက်ရေးကို မျှော်လင့်ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင် ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်တွေရဲ့ အစဉ်အလာအရ ဆုံးဖြတ်ချက်ကို တလအတွင်း ထုတ်ပြန်လေ့ရှိပါတယ်။
ယူနတီဂျာနယ်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ကတည်းက ထုတ်ဝေမှု ရပ်ဆိုင်းထားပါတယ်။
ဒီဗွီဘီ

အန်အယ်လ်ဒီက မီဒီယာဥပဒေနှင့်ပတ်သက်ပြီး အကြံတောင်း

ဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ - ထွန်းထွန်းသိန်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုလွှတ်တော်ရေးရာကော်မတီက သတင်းမီဒီယာလွတ်လပ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုချက်တောင်းတဲ့ ဆွေးနွေးပွဲတခုကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

အန်အယ်လ်ဒီက သတင်းမီဒီယာလွတ်လပ်ခွင့် ဥပဒေနဲ့အညီ ရရှိသုံးစွဲဖို့ ပြည်သူ့လွှတ်တော်ကို တင်သွင်းဖို့ရှိနေပြီး မီဒီယာသမားတွေဆီကနေ အကြံပြုချက်တောင်းခံခဲ့တာပါ။

ဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ – ထွန်းထွန်းသိန်း)

ဦးဖြိုးမင်းသိန်း ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ – ထွန်းထွန်းသိန်း)

အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကတော့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ မီဒီယာဥပဒေကို တိုက်တွန်းကြောင်း အဆိုတင်ဖို့ စာရင်းသွင်းထားပြီး မီဒီယာသမားတွေရဲ့ အကြံပြုချက်တွေနဲ့ လာမယ့်လွှတ်တော်မှာ အဆိုတင်သွင်း သွားမယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် သတင်းစာဆရာ ဦးကိုကိုကတော့ သတင်းမီဒီယာ သမားတွေ သတင်းရယူဖို့အတွက် လွတ်လပ်စွာ သတင်းအချက် အလက်ရယူခွင့် ဥပဒေရဖို့ လိုအပ်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့လည်း ဆွေးနွေးပွဲမှာ အကြံပြုခဲ့ပါတယ်။

အန်အယ်လ်ဒီ ဗဟိုလွှတ်တော်ရေးရာကော်မတီရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုဆွေးနွေးပွဲကို သတင်းမီဒီယာသမား ၅၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က စာပေလောကသားတွေနဲ့ တွေ့ဆုံခဲ့ပြီး စာနယ်ဇင်းလောက၊ စာပေလောကသားတွေ ဥပဒေနဲငြိစွန်းပါက ၁၉၉၅ ခုနှစ်ကတည်းက ဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူအဖွဲ့က ကူညီဖို့ အသင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။

အငြင်းပွားမှုတွေဖြစ်ပြီးနောက် စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကို ပြင်ဆင်ချက်တချို့နဲ့ ပြည်သူ့လွှတ်တော်က ၂၀၁၃ နိုဝင်ဘာလမှာ အတည်ပြုခဲ့ပါတယ်။

ကျန်ရှိနေတဲ့ နည်းဥပဒေမူကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ဇွန်လကုန်လောက်က ပြန်တင်ပြထားတာဖြစ်ပါတယ်။
DVB

Bi မွန်းတည့်နေအမှု သက်သေ ၃ ဦးကို စစ်ဆေး

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ရုံးထုတ်စဉ်က

နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ Bi မွန်းတည့်နေ ဂျာနယ်သတင်းထောက်တွေရဲ့ အမှုကို ဒီနေ့ ပန်းဘဲတန်း တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး သက်သေ ၃ ဦးကို စစ်ဆေးပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ရုံးထုတ်စဉ်ကဒီတခေါက်ရုံးချိန်း မှာတော့ သက်သေ ၃ ဦး ဖြစ်တဲ့ Bi မွန်းတည့်နေက ဒီဇိုင်နာ ကိုဇွဲ၊ ကိုနန္ဒ နဲ့ ကိုဇော်မင်းဦးတို့ကို စစ်ဆေးခဲ့ပြီး အမှုအခြေ အနေေ ကာင်းကြောင်း ရှေ့နေ ဦးကျော် ၀င်းက ပြောပါတယ်။

ယူနတီ သတင်းထောက်တွေ အမှုတုန်းက သတင်းမီဒီယာဥပဒေ မထွက်သေးတဲ့အတွက် ဒီဥပဒေကို ကိုင်လို့မရခဲ့ကြောင်း၊ ခု Bi မွန်းတည့်နေအမှုမှာတော့ မီဒီယာဥပဒေကို အဓိက အသုံးချပြီး တရားရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

အမှုအခြေအနေက အားရစရာကောင်းကြောင်းနဲ့ ဒီအမှုဟာ စွဲချက်တင်ထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သတင်းမီဒီယာဥပဒေတို့ လွန်ဆွဲနေကြတာဖြစ်ကြောင်း ရှေ့နေ ဦးကျော်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ် အစိုးရအဖြစ် ပြည်သူတွေက တင်မြောက်ကြောင်း သတင်းထုတ်ပြန်တာကြောင့် ဘိုင်မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ၂ ဦး၊ သတင်းထောက် ၁ ဦးနဲ့၊ ထုတ်ဝေသူ ၂ ဦး စုစုပေါင်း ၅ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အများပြည်သူကို အထိတ်တလန့်ဖြစ်အောင် ကြံရွယ်မှု၊ ပြည်ထောင်စု လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို ထိခိုက်စေရန် ကြံရွယ်မှုနဲ့ ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅ အရ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (ည) နဲ့ တရားစွဲထားရာကနေ သြဂုတ် ၄ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြောင်းလဲပြီး အမှုဖွင့်လိုက်တာပါ။
DVB

မြန်မာအလှမယ်မေမြတ်နိုး သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမည်


မြန်မာအလှမယ် မေမြတ်နိုးသည် သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ကိုရီးယားနိုင်ငံသို့ လေ့ကျင့်မှုများသွားရောက်ပြုလုပ်လျက်ရှိသည့် မြန်မာအလှမယ် မေမြတ်နိုးအား ဩဂုတ် ၂၇ ရက်တွင် Miss Asia Pacific World Organization မှ သရဖူရုပ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့သည် မြန်မာနိုင်ငံသို့ ဩဂုတ် ၂၈ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာအလှမယ် မေမြတ်နိုးသည် ကိုရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကို မီဒီယာများရှေ့တွင်ရှင်းလင်းသွားမည်ဖြစ်ကာ မေးမြန်းလိုသည်များကိုလည်း ယင်းနေ့တွင်သာ မေးမြန်းရန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုရီးယားနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေ ပတ်သက်လို့ မီဒီယာတွေနဲ့တွေ့ဆုံပြီး ရှင်းလင်းသွားပါမယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ပြုလုပ်သွားမှာပါ။ မေးချင်တာတွေကိုလည်း အဲဒီနေ့ကျမှပဲ မေးမြန်းစေချင်ပါတယ်။လောလောဆယ်တော့ ဘာမှဖြေကြားလို့ မရသေးပါဘူး”ဟု မြန်မာအလှမယ် မေမြတ်နိုးထံ ဆက်သွယ်မေးမြန်းရာဖြေကြားခဲ့သည်။

အလှမယ်မေမြတ်နိုးနှင့် ပတ်သက်၍ Miss Asia Pacific World Organization ၏ National Director မှ မလှနုထွန်းက“လှနုကို Organization ဘက်က အကြောင်းကြားထားပါတယ်။ မီဒီယာတွေရှေ့မှာ Crown ကို ပြန်လည်လက်ခံဖို့ပါ။ ကိုရီးယားမှာ သူတို့ဖြစ်ခဲ့တာတွေကို လှနု အားလုံးသိပြီးပေမယ့် ဘာမှမပြောချင်တော့ပါဘူး။ အဓိက ကတော့ လှနုကို အမြန်ဆုံး Crown ပြန်အပ်စေချင်ပါတယ်။ Organization ကလည်း အဲဒီလိုပဲပြောထားတယ်။ အဲဒီလိုမှ မဟုတ်ရင် အခုထက်ပိုပြီး ပြဿနာတွေရှုပ်ထွေးလာမှာစိုးလို့ပါ။ လှနု အခုချိန်မှာပြောချင်တာကတော့ မြန်မာကိုယ်စားပြု Miss တစ်ယောက်အနေနဲ့ပြုမူခဲ့တာတွေအတွက် သူနဲ့ သူ့အမေတို့ကိုယ်စား တောင်းပန်ပါတယ်။ လှနုတို့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ကြတုန်းက Teamwork ရှိရှိနဲ့ကြိုးစားခဲ့ကြတာပါ။ သရဖူရဖို့ကိုလည်း အရမ်းကိုကြိုးစား အားထုတ်ခဲ့ကြတယ်။ သရဖူရပြီးမှ ပြောင်းလဲသွားတဲ့စိတ်အတွက်ကိုတော့ ဘာမှမတတ်နိုင်ပါဘူး။ အဲဒီလိုပဲပြောချင်ပါတယ်” ဟု ဆိုပါသည်။

Miss Asia Pacific World Organi-zation အနေဖြင့် National Director မလှနုထွန်းထံ ဆက်သွယ်ကာ သရဖူကိုပြန်လည်သိမ်းယူရန် အကြောင်းကြားထားခြင်းဖြစ်ပြီး မေမြတ်နိုးအား သရဖူရုပ်သိမ်းကြောင်းကြေညာချက်တွင် Winner ဆုနှင့် အရည်အချင်း ထိုက်တန်သူတစ်ဦးကို ရွေးချယ်သွားရန် စီစဉ်ထားကြောင်း ရေးသားထားသည်။

Eleven

ဩစတြေးလျ နိုင်ငံမှ အရုပ်ကလေးများအတွက် ဆေးရုံ


ဩစတြေးလျနိုင်ငံတွင် ဆေးရုံလေး တစ်ခုရှိသည်။ ဆေးရုံတွင် သူနာပြုနှင့် ဆရာဝန် တစ်ဦးမျှ မရှိကြချေ။ အဆိုပါ ဆေးရုံမှ လူနာများသည်လည်း လူသားများ မဟုတ်ကြ။ ထို့အတူ သက်ရှိများလည်း မဟုတ်ကြပေ။ (၁၉၁၃)ခုနှစ် ကတည်းက စတင်ဖွင့်လှစ်ခဲ့သော အရုပ်ဆေးရုံသည် ပျက်စီးယိုယွင်းနေသည့် ကော်ပတ်ရုပ်ကလေးများ၊ ကြွေရုပ်ကလေးများနှင့် တက်ဒီဝက်ဝံ အရုပ်ကလေးများကို ပြုပြင်မွမ်းမံပေးနေသည့် နေရာလေး ဖြစ်သည်။


ဆစ်ဒနီမြို့ရှိ အရုပ်ဆေးရုံ၏ လက်ရှိ အကြီးအကဲမှာ အသက်(၆၇)နှစ်အရွယ် ဂျော့ဖ်ချပ်မန်းဖြစ်သည်။ ၎င်း၏ အဖိုးဖြစ်သူက (၁၉၁၃)ခုနှစ်တွင် အရုပ်ဆေးရုံကို စတင်ထူထောင်သည်။ ထိုအချိန်မှစကာ နှစ်ပေါင်း(၁၀၀)ကျော်အတွင်း ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့မှ အရုပ်အဟောင်းအနွမ်း အကျိုးအပျက် (၃)သန်းကျော်ကို အကောင်းပကတိ ပြန်ဖြစ်အောင် ဆေးရုံက ပြင်ဆင်ပေးခဲ့သည်။

အရုပ်ဆေးရုံကို (၁၉၁၃)ခုနှစ်က စတင်ထူထောင်သော်လည်း ဒုတိယ ကမ္ဘာစစ် နှောင်းပိုင်းတွင် အထူး လူသိများလာခဲ့သည်။ အရုပ်ဆေးရုံတွင် အရုပ်အကျိုးအပျက်လေးများကို လာရောက် အပ်နှံသူများမှာ အရွယ်ရောက်ပြီးသူ အများစု ဖြစ်ကြသည်။ ၎င်းတို့ ငယ်စဉ်ကလေးဘဝက အထူးမြတ်နိုးတန်ဖိုးထားခဲ့သည့် အရုပ်ကလေးများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးလိုသည့်အတွက် အရုပ်ဆေးရုံတွင် လာရောက် အပ်နှံကြခြင်း ဖြစ်သည်။ “သူတို့ရဲ့ အရုပ်ဟောင်း၊ အရုပ်အပျက်ကလေးတွေ အသစ်အတိုင်း ဖြစ်နေတာကို လက်ခံရရှိချိန်မှာ မျက်ရည်ဝဲလောက်အောင် ကြည်နူးသွားတဲ့သူတွေ အများကြီး ကျွန်တော် တွေ့ခဲ့ဖူးတယ်”ဟု ချပ်မန်းက ဆိုသည်။

အမှန်တကယ်အားဖြင့် အရုပ်ဟောင်း ပြုပြင်ရေး လုပ်ငန်းတစ်ခု ဖြစ်သည့်တိုင် ချပ်မန်းက မိမိ၏ မိသားစု လုပ်ငန်းကို အရုပ်ဆေးရုံဟုသာ သုံးနှုန်း ခေါ်ဝေါ်လေ့ရှိသည်။ အရုပ်ဟောင်းများကို ပြင်ဆင်ရသည့် လုပ်ငန်းစဉ် အတွင်းပိုင်းတွင်မူ အရုပ်ကလေးများကို ခေါင်းတခြား၊ ခြေလက်တခြားဖြင့် သီးခြားစီ ချိတ်ဆွဲထားသောကြောင့် ခြောက်ခြားစရာ မြင်ကွင်းမျိုး ဖြစ်နေသည်။ ချပ်မန်းနှင့် အခြားသော ဝန်ထမ်းများက ကျိုးပဲ့ပျက်စီးနေသော အရုပ်လေးများကို စနစ်တကျ ပြန်ဆက်ပေးလေ့ ရှိသလို ဆေးရောင်ပြယ်လွင့်နေသည့် အရုပ်ကလေးများကိုလည်း အရောင်ပြန်တင်ပေးကြသည်။ အပြီးသတ် ရလဒ်အနေဖြင့်မူ အကောင်းပကတိ သစ်လွင်နေသည့် အရုပ်ကလေးများကို ပိုင်ရှင်များလက်သို့ ဂုဏ်ယူစွာ ပြန်လည် အပ်နှံလာနိုင်ခြင်း ဖြစ်သည်။

အရုပ်ဆေးရုံကို ဟာရိုးလ်ချပ်မန်း စီနီယာက စတင်ထူထောင်ခဲ့သည်။ ၎င်းသည် ဂျပန်မှ ဝယ်ယူလာသည့် အရုပ်တစ်ရုပ် ရော်ဘာကွင်း ပြတ်တောက်သွားသည့် အခြေအနေကြောင့် အရုပ်ကို ပြန်ပြင်ရန် ကြိုးစားရင်း အရုပ်ဆေးရုံကို ထူထောင်ရန် စိတ်ကူးရလာခြင်း ဖြစ်သည်။ ထိုအချိန်မှ စတင်ကာ အရုပ်ဆေးရုံသည် ချပ်မန်းမိသားစု၏ အစဉ်အဆက် စီးပွားရေးလုပ်ငန်း ဖြစ်လာသည်။ ယခုအခါ အရုပ်ဆေးရုံတွင် လုပ်ငန်းဆောင်ရွက်ပုံ မတူညီသည့် အခန်း(၆)ခု ခွဲခြားထားပြီး ဝန်ထမ်း(၇၀)ဖြင့် လည်ပတ်နေကြောင်း သိရသည်။

ချပ်မန်းက “ကျွန်တော့်လုပ်ငန်းရဲ့ ဖောက်သည် (၈၀)ရာခိုင်နှုန်းက ကလေးကြီးတွေလို့ ပြောရမယ် ထင်တယ်”ဟု ရယ်ရယ်မောမော ဆိုသည်။ ၎င်းက “ကလေးကြီး ဆိုတာက ငယ်ငယ်တုန်းက အရုပ်အများကြီး မပိုင်ခဲ့ဘဲ ကိုယ့်အရုပ်လေးတွေကို စွဲလမ်းတန်ဖိုးထားတဲ့ လူကြီးပိုင်းကို ဆိုလိုတာပါ။ အရင်ခေတ်တုန်းက စူပါမားကက်ကို သွားပြီး အရုပ်တစ်ရုပ်ကို လွယ်လွယ်ကူကူ ရွေးဝယ်လို့ မရခဲ့ဘူးလေ။ ဒီတော့ ရှိတဲ့ အရုပ်လေးကိုပဲ တန်ဖိုးထားပြီး ကစားရတယ်။ ဒီအရုပ်လေးတွေကို လူကြီးဘဝမှာ အကောင်းပကတိနဲ့ ပြန်မြင်လိုက်ရရင် သူတို့အတွက် အင်မတန် စိတ်လှုပ်ရှားစရာ ဖြစ်သွားတတ်တယ်။ ဒါက အမျိုးသားရော၊ အမျိုးသမီးရော အတူတူပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေက သူတို့အရုပ်လေးတွေကို လာပြင်ပြီး သားသမီးတွေကို လက်ဆောင်ပေးတတ်တယ်။ တက်ဒီဝက်ဝံလေးတွေကို အမျိုးသမီး အများစုက သိမ်းထားတတ်တယ်။ တချို့အမျိုးသားတွေလည်း တက်ဒီဝက်ဝံလေးတွေ ယူလာတတ်ပါတယ်”ဟု ရှင်းပြခဲ့သည်။

အရုပ်ဆေးရုံတွင် (၂၅)နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ကယ်ရီစတူးဝပ်က သူမ၏ အလုပ်သည် ခွဲစိတ်ဆရာဝန် တစ်ဦးကဲ့သို့ အနုစိတ်ကြောင်း ဂုဏ်ယူစွာဖြင့် ဆိုသည်။ “ကျွန်မတို့ သုံးရတဲ့ ပစ္စည်းအများစုက ခွဲစိတ်ဆရာဝန်တွေ သုံးနေတဲ့ ပစ္စည်းတွေနဲ့ ဆင်တယ်လေ။ အရုပ်တွေကို ပြင်ရတဲ့အခါ မျက်လုံးတွေက အခက်ဆုံးပဲ။ အရုပ်လေးတွေရဲ့ မျက်လုံးတွေကို နေရာမှန်ဖြစ်အောင် ချိန်ညှိရတာ တော်တော်ခက်တဲ့ အလုပ်ပါ။ တစ်ခါတစ်လေ အရုပ် တစ်ရုပ်တည်းကို သုံးခါလောက် ပြန်ပြင်မှ စိတ်ကြိုက်အခြေအနေ ရသွားတတ်တယ်”ဟု စတူးဝပ်က ပြောကြားခဲ့သည်။

အရုပ်ဆေးရုံတွင် အလုပ်လုပ်ရခြင်းသည် အနုပညာ ဖန်တီးမှုဆန်ပြီး အဆိုပါ အလုပ်အတွက် အမှန်တကယ် စိတ်လိုလက်ရ ဝါသနာပါသူများကို စုစည်းနိုင်ရန် အလွန်အရေးကြီးကြောင်း စတူးဝပ်က ဆိုသည်။ အရုပ်ဆေးရုံ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် “ကျွန်တော့်ဝက်ဝံလေးမှာ မျက်လုံးရယ်၊ နှာခေါင်းရယ်၊ ပါးစပ်ပေါက်ရယ် မရှိတော့ဘူး။ တခြား ဖြည့်စရာလေးတွေလည်း ကျန်သေးတယ်။ အဲဒါကို ပြန်ပြင်ပေးနိုင်မလား။ အချိန်ရော ဘယ်လောက်လောက် ကြာမလဲ”ဆိုသော မေးခွန်းမျိုး ကြုံရလေ့ ရှိသည်။

ထိုအခါ ချပ်မန်း၏ အရုပ်ဆေးရုံ ဝန်ထမ်းများက “ရပါတယ်။ ခင်ဗျားအနေနဲ့ ဝက်ဝံရုပ်လေးရဲ့ ကိုယ်လုံးထဲကို အဆာဖြည့်ပြီး သူ့ကို ပြန်ပြီး ဝဝဖြိုးဖြိုး ဖြစ်လာအောင် လုပ်နိုင်တယ်။ ကျွန်တော်တို့က ဝက်ဝံလေးကို ဖန်မျက်လုံးလေးတွေ တပ်ပေးလို့ ရတယ်လေ။ ဒါဆို သူက အရင်လို ပြန်ပြီး မျက်စိမြင်လာမှာပေါ့။ ပြီးတော့ သူ့အတွက် နှာခေါင်းအသစ်လေးရယ်၊ ပါးစပ်အသစ်လေးရယ် တပ်ပေးလိုက်မယ်။ ဒါဆိုရင် သူက အနံ့ခံနိုင်သလို အရသာလည်း ခံလို့ရသွားမှာပါ။ ပြီးရင်တော့ သူ့လည်ပင်းမှာ ဖဲကြိုးလှလှလေးချည်ပြီး တောက်တောက်ကြွားကြွားလေးနဲ့ အိမ်ပြန်လို့ ရသွားမှာပေါ့”ဟု အကြောင်းပြန်မည် ဖြစ်သည်။

_Ref: Dailymail

7 Day Daily

လှတာမက်လို့ ညစာခက်ရပြီ


တိုင်းရေးပြည်ရေး၊ခေါင်းလောင်း အရေး၊နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေတဲ့ ချာရာဏသီမြန်မာ ပြည်ကြီးမှာ သိုးသိုးသံ့သံ့လေး တွေကြားနေရတာကတော့ အလှ မယ်လေးတွေရဲ့သရဖူဇာတ် လမ်း တွေပါပဲ။ အလှမယ်တွေနဲ့ သူတို့ ရဲ့အဖွဲ့အစည်းတွေအကြား သရ ဖူတွေသိမ်းလိုက် အပြိုင်အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေတိုးတိုး ကျိတ်ကျိတ်ဖြစ်နေတာကတော့ ကြာပါပြီ။ မနေ့ညကတော့ အထင်ကရထုတ်ပြန်ချက်တွေနဲ့ ကြားလိုက်ရတာက အိုပါးတို့ဌာနေတောင်ကိုရီးယားပြည်ကြီးမှာ မယ်ဘွဲ့ယူထားတဲ့ အလှမယ်လေးရဲ့သရဖူကို ကိုရီးယားအဖွဲ့က ပြန်သိမ်းလိုက်တယ်ဆိုတယ်။ ဘာတွေဖြစ်ကြသတုံးပေါ့ မေးကြမြန်းကြပါဦးပေါ့။

တကယ်တော့ မယ်တွေမှာ ဆုအသိမ်းခံရတာ မဆန်းပါဘူး တဲ့။ ၁၉၈၃ ခုနှစ်လောက်မယ် အမေရိကဆုကိုရခဲ့တဲ့ ဗာနက် ဆာဝီလျံဆိုရင်လည်း အဲဒီလိုသရ ဖူဆုသိမ်းခံရတယ်။ မယ်ရပြီးမှ သူ့ရဲ့ကိုယ်လုံးတီးပုံတွေရိုက်ထား တာပေါ်သွားလို့ပါ။ မကြာသေးမီ က ထိုင်းနိုင်ငံရဲ့ မယ်စကြဝဠာဆု ရရှိသူကလေးကလည်း သူ့ရဲ့မယ် ဆုကို ပြန်အပ်ခဲ့တယ်။ သူလေးက တော့ ရွေးချယ်မှုမှာ မကျေမနပ် ဝေဖန်တာတွေကို မခံစားနိုင်လို့ပါ တဲ့။ အဲဒီလိုမျိုး ရာဇဝင်တွေရှိ တယ်။ ဒါပေမဲ့ မြန်မာမယ်တွေ သရဖူအသိမ်းခံရတာကျတစ်မျိုး။
မြန်မာနိုင်ငံက ပြုပြင်ပြောင်း လဲရေးတွေနဲ့ ကမ္ဘာကြီးကို လမ်း ဖွင့်ပေးလိုက်တဲ့အခါ မြန်မာမယ် အလှပဂေးလေးတွေလည်းပါတာ ပေါ့။ တစ်သက်လုံး ကိုယ့်တိုင်း ပြည်မှာပွဲတိုးနေရာကနေ ကမ္ဘာ ကို မြန်မာအလှတွေပြဖို့ မြန်မာ မယ်လေးတွေက ချီတက်ကြ တော့တာပဲ။ အားပေးတဲ့သူတွေ ကလည်း အုန်းအုန်းထလို့ပေါ့။ မျိုး ချစ်စိတ်ဓာတ်က ဒါမျိုးမှာတော့ တာကျိုးသွားမယ်လေ။ ခွေးကိုက် တာတောင် ကိုယ့်ခွေးနိုင်ချင်တဲ့ စိတ်တွေရှိသူမဟုတ်လား။

ပြည်တွင်း၊ ပြည်ပမြန်မာ တွေကလည်း ကိုယ့်အလှမယ် လေးတွေ နိုင်ငံတကာကိုချီတက် အလှပြိုင်ရင် ကွန်ပျူတာမောက်စ် တွေကိုင်ပြီး တစ်ခဲနက်အားပေး ကြပါတယ်။ ဒါကြောင့် အခုဆိုရင် မယ်တွေကလည်း ပေါလာလိုက် တာ လမ်းသွားလို့ခလုတ်တိုက် ရင်တောင် မယ်ဖြစ်နေပြီ။

ဒါပေမဲ့ မြန်မာမယ်တွေကို အုန်းအုန်းကျွက်ကျွက်အားပေးသူ တွေ မေ့နေတာက အလှမယ်အဖွဲ့ အစည်းဆိုတာ တိုင်းပြည်ဂုဏ်ကို ဆောင်တာတို့၊ မြန်မာအလှကို ကမ္ဘာကသိအောင် ဖော်ထုတ်တာ တို့ စကားလေးတွေ အလှဆင် ထားပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုဆိုတာပါ။ မယ်ကိုမြေ တောင်မြှောက်ပေးတဲ့အဖွဲ့ အစည်းနဲ့ အလှမယ်တို့ရဲ့ အပေး အယူကို ကြားကပရိသတ်မြှောက် စားမှုနဲ့လုပ်ကြတဲ့ စီးပွားရေးလုပ် ငန်းပါ။ မိန်းမလှလေးတွေနဲ့ စီးပွားရေးသမားတွေကြားက လုပ်ငန်းခွင်တစ်ခုပေါ့။ မယ်စကြဝဠာလို မယ်အဖွဲ့အစည်းတွေကိုကြည့်လိုက် သူဌေးကြီး ဒေါ်နယ်လ်ထရမ့်လိုသူတွေ တောင်ပါတာပေါ့။
အခုမြန်မာမှာ အပြိုင်းအရိုင်း ပေါ်လာတဲ့ ကမ္ဘာ့အလှမယ်အဖွဲ့ အစည်းတွေရဲ့ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်ဖို့၊မြန်မာကိုယ်စားပြုမယ်ရွေးရမယ့်အဖွဲ့အစည်းဖြစ်ဖို့ ဆိုတာက နိုင်ငံခြားအဖွဲ့အစည်းဆီမှာ လုပ်ကိုင်ခွင့်လိုင်စင်သွားဝယ်ရပါတယ်။ ဈေးကတော့ ကိုယ်စားလှယ်လုပ်မယ့် မယ်ဘွဲ့ကကြီးရင်ကြီးသလိုပေါ့။

ဒေါ်လာသောင်းချီပေးရပါ တယ်။ ဒီလိုလုပ်ပိုင်ခွင့်ရမှ နိုင်ငံ ကိုယ်စားလှယ်မယ်ရှာစပွန်ဆာ ရှာပွဲလုပ်ပြီး မယ်ကိုမြေတောင် မြှောက်ပေးရတယ်။ မယ်နာမည် ကြီးရင် သူတို့လည်း အကျိုးအမြတ်ရှိလာမယ်လေ။
တချို့အလှမယ်အဖွဲ့ အစည်းတွေကတော့ ဂုဏ်သိက္ခာနာမည်နဲ့ အသေအချာလုပ်ကြတာပါ။ စည်းကမ်းတွေလည်းကြီး တယ်။ ဥပမာ မယ်စကြဝဠာဆို ရင် နိုင်ငံကိုယ်စားပြုမယ်ရွေးဖို့ ကိုယ်ကြိုက်တဲ့လူကို ကျိတ်လွှတ် လိုက်လို့မရဘူး။ သက်ဆိုင်ရာ တိုင်းပြည်မှာ ပြိုင်ပွဲလုပ်ပြီး ရွေးမှ လက်ခံတယ်။ ဆုဆိုလည်း သေချာထိုက်ထိုက်တန်တန်ပေးတယ်။ တချို့ကတော့ ဟန်ပြထားတဲ့လုပ်ငန်း သက်သက်ပါ။ ဝင်သာပြိုင်တယ် ဆုငွေလည်းမပေးဘူး။ မယ်က နာမည်ကြီးရုံလောက်ပဲရပြီး သူ တို့ကတော့ မယ်နာမည်ကြီး အောင်လုပ်ပေးတဲ့အတွက် အနု ပညာဝင်ငွေထဲက အချိုးကျပေးရ တာပေါ့။
ဘာပဲပြောပြော သူ့ဘာသာ နှစ်ဦးနှစ်ဖက်ကျေနပ်ကြရင်ပြီး တာပါပဲ။ ကိုယ်တွေအတွက်တော့ ရေကူးဝတ်စုံလေးတွေဝတ်ထား တဲ့ လှလှပပမယ်လေးတွေကို ကြည့်ရတာ စိတ်ချမ်းသာဖို့ တကယ်ကောင်း၊ နိုင်လာရင်လည်း တိုင်းပြည်အတွက် ဂုဏ်ယူစရာပဲ ပေါ့။ အလှပဂေးလေးတွေရဲ့ တိုင်းပြည်ပေါ့။ အဲဒါကြောင့် တိုင်းပြည်လည်းပွင့်ရော မြန်မာမှာမယ်တွေတစ်ခေတ်ဆန်းကြတော့တာပါပဲ။

အစောပိုင်းတုန်းက မြန်မာ မယ်တွေကလည်း ပွဲတိုးခါစဆို တော့ နိုင်ငံတကာအတွေ့အကြုံ ကလည်းမရှိဘူး။ ကိုယ့်ဆီမှာက လှလှချည်၊ ချောလှချည်ဆိုပေ မယ့် နိုင်ငံတကာမျက်စိနဲ့က တိုးဦးမှ။ အဲဒါကြောင့် နန်းခင်ဇေ ယျာတို့၊ ခင်ဝင့်ဝါတို့လို မယ်တွေ ဆိုရင် ဆုကြီးတစ်ခုမှ မချိတ်ဘူး။ နောက်ဆုံးဆန်ခါတင်မှာတောင် မပါကြဘူး။ မျိုးချစ်စိတ်နဲ့ မဲပေး ကြတဲ့ အွန်လိုင်းမဲတွေနဲ့ပဲဆုရ တယ်။ ဒါပေမဲ့ အိုကေပါ။ ပြဿ နာမရှိဘူး။ နောက်လူတွေက သူ တို့အတွေ့အကြုံကနေ တဖြည်း ဖြည်းသင်လာကြတာပေါ့။
ဟော အခုနောက်ပိုင်း မယ် တွေဆို မြန်မာအကြိုက် တောင့် တောင်ဖြောင့်ဖြောင့် ဖြူဖြူဖွေး ဖွေး ရေဆေးငါးကြီးတွေထက် နိုင်ငံတကာအကြိုက် ရှည်ရှည်မျောမျောပိန်ပိန်ပါးပါး ညိုပြာညက်လေးတွေဖြစ်လာပြီလေ။ အထင်ရှားဆုံးကတော့ မေမြတ်နိုးပေါ့။ သူကလေးကအရပ်ကလည်း နိုင်ငံတကာ အရပ်အမောင်း။ လူကလည်း ညိုပြာညက် ပိန်ပိန်ပါးပါး။ဘိုစကားလေးကလည်းတတ်။ ပံ့ပိုးသူ အဖွဲ့အစည်းကလည်းကောင်းတော့ အရင်မယ်တွေလို နှစ်သိမ့်ဆုတွေ မဟုတ်ဘဲ တကယ့်မယ်ဘွဲ့ဆုကြီးကို ဆွတ်ခူးသွားပါလေရောလား။ တကယ့်ဖိလစ်ပိုင်မယ်တွေ၊ ကိုရီးယားနဲ့ အာရှပစိဖိတ်ဒေသက မယ်တွေကိုကျော်ဖြတ်ပြီး ရတာဆိုတော့ မြန်မာတွေဆိုတာ ပျော်လွန်းလို့ ထတောင်ခုန်ကြသူတွေရှိသတတ်။တုနိုင်ပါရိုးလားပေါ့ လေ။
ဒါပေမဲ့ ပျော်ရွှင်မှုတွေ မပီ ပြင်မှာမီပင် နောက်ပိုင်းငိုချင်းချ စရာတွေလည်း ပေါ်လာပါပြီ။ ဒီမို ကရေစီမှာတောင် မြန်မာစံထုံး၊မြန်မာနည်းလမ်း ဒီမိုကရေစီဆို တာရှိတယ်မဟုတ်လား။ အခု လည်း မြန်မာထုံးစံ၊ မြန်မာမှု အတိုင်း အကွဲအပြဲဇာတ်လမ်းတွေက စတင်လာပါပြီ။
အလှမယ် မေမြတ်နိုးနဲ့ အဖွဲ့အစည်းအကြား အနုပညာ ကြေးရာခိုင်နှုန်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ကြတာပါ။ ညှိ လို့မရ၊ နှိုင်းလို့မရ၊ တောင်းပန်လို့ မရ ဖေ့စ်ဘွတ်ခ်မှာတင် အပြိုင် အဆိုင်ကြေညာချက်တွေထုတ် ကြတော့ လူတွေကလည်း ဟို ဘက်သည်ဘက်ပါသူကပါ။ အလယ်ကလူစကားဝဲ၏ လုပ်သူ ကလုပ်ပေါ့။ တကယ်တော့ အလှ မယ်ဘက်ကလည်း အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ် သလို အဖွဲ့အစည်းကလည်း စတင်အလုပ်လုပ်ကတည်းက စည်းကမ်းတွေကို သေချာရှင်းလင်းပြောကြားရမယ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲလုပ်ကြတာပါ။ အခုရှုပ်မှ နောင်ရှင်းဆိုသလိုပေါ့။
နောက်ဆုံးအဖြစ်အပျက်က တော့ အားလုံးသိကြတဲ့အတိုင်း ပါပဲ။ ကိုရီးယားအဖွဲ့က ရွှေပေ လွှာထုတ်ပြီး သူတို့ပေးထားတဲ့ မယ်ဆုနဲ့ သရဖူကိုသိမ်းပါတယ်။ ပြုံးစရာကောင်းတာက အဲဒီမယ် ပွဲမှာ ဒုတိယဆုရသူက ကိုရီးယား မယ်ဆိုတော့ ပထမဆုရတဲ့ မြန်မာမယ် ဆုအသိမ်းခံရတော့ ဒုတိယဆုရသူ ကိုရီးယားမယ်က အလိုအလျောက်သရဖူရသွား တာပေါ့။ဟင်း.. ဟင်း မလွှဲသာ မရှောင်သာလို့ နိုင်ငံတော်တာဝန်ကို ယူလိုက်ရသလိုမျိုးပေါ့လေ။ သရဖူကိုသိမ်းတဲ့ ကြေညာလွှာထဲမှာတော့ မြန်မာမယ်ဟာ စည်းကမ်းမရှိဘူး။ အဖွဲ့အစည်းကို သစ္စာမရှိဘူး။ ချစ်ခင်နှစ်လိုဖွယ်ရာမကောင်းဘူးလို့ ကိုရီးယားတွေက ခပ်တင်းတင်းပြောထားကြတယ်။ သူတို့ကတော့ အဒေါ့် ယောက်ျားအရင်းဦးလေးကိုတောင် ကမ္ဘာသိသတ်ပစ်လိုက်သည်အထိ သစ္စာရှိတဲ့ယဉ်ကျေးတဲ့လူမျိုးတွေဆိုတော့ ပြောအားရှိတာပေါ့။

ဇာတ်ပေါင်းထုပ်တော့ ငွေ ကြေးတွေစိုက်ထုတ်၊ အချိန်တွေ အကုန်ခံအားပေးသူတွေ အသံ ကုန်လည်ချောင်းနာအားပေးခဲ့လို့ ဆုရခဲ့တဲ့ ပထမဆုံးမြန်မာရဲ့ နိုင်ငံ တကာမယ်ဆုကြီးက ပလုံသွား တာပေါ့ကွယ်။ မယ်ဆုသိမ်းရတဲ့ အကြောင်းရင်းက မယ်အမေရိက ဗက်နာဆာလို မလုံ့တလုံပုံတွေ ရိုက်လို့လည်းမဟုတ်။ ထိုင်းမယ် လိုမျိုးမယ်ဆုနဲ့ မထိုက်တန်လို့ တခြားပြိုင်ပွဲဝင်တွေက ကန့်ကွက် ကြတာလည်းမဟုတ်။ တကယ့် ကို ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေနဲ့ ဗိုလ်ပုံအလယ်မှာ အမှန်အကန် အသေအချာရွေးချယ်ထားတဲ့ ဆုကြီးကို မြန်မာအဖွဲ့အစည်းနဲ့ မြန်မာမယ်တို့ကြားက ပြဿနာ ကြောင့်ဆုံးရှုံးရပြီ။ မြန်မာဟာ ဒီပုံ အတိုင်းဆို နိုင်ငံတကာတွေနဲ့ယှဉ် ပြီး စည်းကမ်းတကျမလုပ်တတ် ကြတော့ဘူးလား။ ကိုရီးယားတွေ ပြောသလို စည်းကမ်းမရှိတော့ တာ တကယ်ပဲလား။ ကိုယ့်ကိုယ် ကိုယ်သာမှန်ကြည့်ပြီးသာဖြေပါ တော့ကွယ်။ အချင်းချင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့စိတ် ကြောင့် ဒီလိုနိုင်ငံတကာမယ်ဆု ကိုတောင်ရပြီးမှ ပြန်လွှတ်လိုက်ရ တာက ရာဇဝင်ထဲမှာ ကားရားကြီးကျန်ခဲ့ပြီ။
အခုကျတော့ အဖွဲ့အစည်း က တာဝန်ရှိသူကရော မယ်က ရော သူတို့မှာ အပြစ်မရှိကြောင်း အပြန်အလှန်ကြေညာချက်တွေ နဲ့ရှင်းကြတယ်။ အလှမယ်သရဖူ ကြေညာစဉ်ကလို မျက်လုံးလေး ဝိုင်း ပါးစပ်လေးပွင့်ပြီး များတို့ ဘာမှမသိရပါဘူးပေါ့ဆိုတယ်။ ဒါဆိုရင်တော့ တာဝန်ရှိသူတွေက၊ အပြစ်ရှိသူတွေက ဘယ်သူလဲ။ မြန်မာမယ်ဆိုပြီး မျိုးချစ်စိတ် ဓာတ်နဲ့အားပေးခဲ့ကြသူတွေပေါ့။ ကွန်ပျူတာမောက်စ်ကိုင်ပြီး အာ ခေါင်ခြစ်အားပေးခဲ့သူတွေပေါ့။

ကိုယ်ကအားပေး၊ သူတို့ချင်း ပြဿနာတက်။ ဟော အခုဆုပြန် သိမ်းတော့ အားပေးသူလည်း ကြားထဲကနေ ပေါတောတော တွေဖြစ်မကုန်ဘူးလား။ မယ်ပွဲ တွေမှာ ညဘက်အိပ်ရေးတွေပျက် အွန်လိုင်းကနေ မဲနှိပ်တော့ ဖုန်းခ ကုန်။ အလုပ်တွေပျက်ရတော့ နောက်ဆုံးတော့ အသည်းကွဲဖို့ပဲ လား ဆိုတာမျိုးဖြစ်ရပြီ။ လှတာ မက်ခဲ့ကြတာကိုးကွယ်၊ညစာခက် တာဘာများဆန်းတော့မလဲ။

(ဖော်ပြပါ သရော်စာသည် စာရေးသူဦးရီး၏ အာဘော်သာဖြစ်သည်။)

လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နေပြီး ပြည်နယ်နှင့်တိုင်းခြောက်ခု တွင် နေရာ ကွက်မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းများကို ထိုင်းဂြိုဟ်တုမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ −sattmet.tmd.go.th)
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း ထပ် မံဖြစ်ပေါ်နေပြီး မုတ်သုံလေအား ပြန်ကောင်းနေကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ခြောက်ခု တွင် နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိကြောင်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း ဒေသကြီးနှင့် ဩဂုတ်လဆန်း က ရေဘေးသင့်ခဲ့သည့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားခြင်းဖြစ်သည်။

ယခုရက်အတွင်း တောင် တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရှမ်းပြည်နယ်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သတိပေးသည်။

‘‘မုတ်သုံလေကလည်း အား ပြန်ကောင်းလာတာရယ်၊ တောင် တရုတ် ပင်လယ် ဘက်က မုန် တိုင်းကလည်း ရှိနေတာကြောင့် မိုးကြီးမယ့် သတိပေးချက်ထုတ် ထားတာ။ နဂိုကမှ ရေးကြီးနေတဲ့ ဒေသတွေ ပိုသတိထားဖို့ လိုပါ တယ်’’ဟု ဦးကျော်လွင်ဦးက ပြောသည်။ ထို့အပြင် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လေတိုက် နှုန်း တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် မိုးသက်လေပြင်းများ ကျရောက် နိုင်ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်သည်။

7Day DAILY


နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ပေး မည်


နိုင်ငံတော်သမ္မတက ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီ ယံမြန်မာယူ-၁၉ အသင်း အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ (ဩဂုတ် ၂၉ ရက်)တွင် နေပြည် တော်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။


နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ကိုယ်တိုင် လာရောက်ချီးမြှင့် မည့် အဆိုပါဂုဏ်ပြုပွဲ အခမ်းအ နားကို နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် ဩဂုတ် ၂၉ ရက် ညနေ ၆ နာရီ ၌ ပြုလုပ်မည်ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းကို ဂုဏ်ပြုပွဲအ ခမ်းအနားမှာ အလှူရှင်တွေက ဆုချီးမြှင့်မယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ သိရပါတယ်’’ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ဩဂုတ် ၂၃ ရက်က ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၄ ဘရူနိုင်းဘုရင့် ဖလား ဗိုလ်လုပွဲ၌ မြန်မာယူ-၁၉ အသင်းသည် ဗီယက်နမ် လူငယ်အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ယူကာ ပြိုင်ပွဲတစ်လျှောက် ပထမဆုံးချန်ပီယံ ဖြစ် သည့် မြန်မာအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။ ထို့အပြင် မြန်မာယူ-၁၉ အသင်းအနေဖြင့် ယခုပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ရရှိခဲ့သည်။

မြန်မာယူ-၁၉ အသင်းသည် ယခုနှစ် ဘရူနိုင်းဘုရင့်ဖလားပြိုင် ပွဲတွင် အုပ်စုပွဲစဉ်များမှ ဗိုလ်လုပွဲ စဉ်အထိ ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေဘရူနိုင်း ဒေါ်လာနှစ် သောင်းရရှိခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် မြန်မာယူ-၁၉ အသင်း ရန်ကုန်သို့ ပြန် လည်ရောက်ရှိ သည့် ဩဂုတ် ၂၄ ရက်ညတွင်ပင် သုဝဏ္ဏအားကစားကွင်း၌ ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ သည်။

လက်ရှိအချိန်ထိ အောင်ပွဲ ရ မြန်မာယူ-၁၉ အသင်းသည် အလှူရှင်များမှ ချီးမြှင့်ငွေကျပ် သိန်းနှစ်ထောင်ကျော်နှင့် ကန် ဒေါ်လာ ၄,၃၀၀ ရရှိထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY

ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သော ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီယံ ယူ-၁၉ အသင်း ရန်ကုန်မြို့သို့ပြန်ရောက်လာစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)

မိန်းကလေးများ မုဒိန်းကျင့်ခံ ရနိုင်တဲ့ဆေးကို လက်သည်းဆိုးဆေးနဲ့ သိနိုင်ပြီ

Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများအကြောင်းကို အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ရှိတုံးက တင်ထားပါတယ်။ ပြီးခဲ့တဲ့သင်္ကြန်ကာလမှာတော့ ‘ဖေ့စ်ဘွတ်’ မှာ တင်ခဲ့ပါသေးတယ်။ ‘ဖေ့စ်ဘွတ်’ ပရိတ်သတ်မှာ လူတမျိုးတွေပါတယ်။ ‘အဲလိုဆေးတွေအကြောင်း တင်တာဟာ သူခိုးလမ်းပြ၊ ဓါးပြအားပေးသလိုလုပ်ရာကျမယ်’ ဆိုတဲ့သဘောနဲ့ မှတ်ချက်ရေးတာခံရတယ်။ ကျွန်တော်လဲ ‘အနုမြူအကြောင်း ကျောင်းစာထဲမှာ မသင်ဘဲနေခိုင်းသလိုဖြစ်မနေဘူးလား’ လို့ ပြန်ရေးမိပါသေးတယ်။


• ချိန်းတွေ့ကျင့်ကြံဘို့သုံးနိုင်တဲ့ တရားမဝင်ဆေးတွေကို Date Rape Drugs လို့ခေါ်တယ်။ အများဆုံး သုံးနေကြတာတွေက Rohypnol, Xanax နဲ့ Gamma-Hydroxybutyric acid (GHB) ဆေးတွေဖြစ်တယ်။ တခြားလဲ ရှိပါသေးတယ်။

• ပါတီပွဲတွေ၊ ကလပ်တွေမှာ ယောက်ျားလေး၊ မိန်းကလေးတွေ ကျက်စားကြတယ်။ သောက်စားကြတယ်။ သောက်စရာတမျိုးမျိုးထဲကို ဒီလိုဆေးတမျိုးမျိုး မသိအောင်ထည့်ထားတာကို သောက်မိရင် သောက်တဲ့သူဟာ မေ့ဆေးပေးခံရသလို ဘာဆိုဘာမှ မသိတော့ပါ။ အဲဒီအချိန်မှာ လုပ်ချင်တာလုပ်လို့ရတယ်။ ပစ္စည်းယူမလား၊ လူယူမလား။ အများဆုံးက မုဒိန်းကျင့်တာခံရမယ်။

• ဆေးတွေက အရောင်အဆင်း၊ အနံ့၊ အရသာ မသိသာလို့ ဆေးခပ်ထားမှန်းမသိနိုင်ပါ။

• ကနေ့ထွက်တဲ့ ဆေးပညာသတင်းက ဒီလိုဆေးထည့်ထားမှန်း သိအောင်လုပ်နည်းဖြစ်တယ်။ နည်းကလွယ်တယ်။ လက်သည်းပြောင်လက်ဆေးလိုသုံးတယ်။ အသစ်ပေါ်ဆေး လိမ်းထားတဲ့လက်ချောင်းနဲ့ ကိုယ်သောက်မဲ့ အရည်-အရက်ကို မွှေပေးရတယ်။ အရောင်ပြာင်းသွားရင် မဟုတ်တရုတ်ဆေး ထည့်ထားတာသေချာပြီ။

• အမျိုးသမီးဘက်ကနေလိုက်ရေးလေ့ရှိတဲ့ နာမည်ကြီး Feministing ‘ဘလော့ခ်’ ကတော့ မိန်းကလေးတွေကို လိင်မှုပြုဘို့ Date Rape Drugs ဆေးတွေကိုသုံးတာ နည်းပါတယ်။ အရက်တိုက်ပြီး အဲလိုလုပ်ကြတာများတယ်လို့ ဆိုပါတယ်။ ဒီ ‘ဆိုဒ်’ ကနေဆက်ရေးတာကတော့ အခုလို စပါယ်ရှယ်လက်သည်းဖျက်ဆေးဟာ မိန်းကလေးတွေ ကိုယ်ကိုယ်ကို ခုခံကာကွယ်ရေးအတွက် အမြဲဆောင်ထားရမဲ့ နောက်တိုးပစ္စည်းတခု အမှန်ပါဘဲတဲ့။ Anti-rape underwear အဓမ္မကျင့်တာမခံရစေမဲ့ အတွင်းခံအဝတ်နဲ့ Pepper spray cameras ‘ငရုတ်သီး စပရေး ကင်မရာ’ လိုဘဲ ဒီဆေးကိုပါဆောင်ထားပါလို့ အကြံပေးထားပါတယ်။

• ဒီတီထွင်မှုကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်က ကျောင်းသား ၄ ယောက်ကတွေ့တာ ဖြစ်တယ်။ သူတို့က လက်သည်းပြောင်လက်ဆေးလိုသုံးရတဲ့ဆေးအသစ်ကို Undercover Colors ‘ဖုံးကွယ်ထားသောအရောင်များ’ လို့ နာမည်ပေးထားပါတယ်။

Dr. Tint Swe

ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့

ယခုတလော အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး လူပြောများနေတဲ့ သတင်းတစ်ပုဒ်က စင်္ကာပူရောက်မြန်မာအချို့ ပါရာစီတမောဆေးသောက်ပြီး ရင်ပူလာလို့ဆိုပြီး ရေခဲသေတ္တာထဲက ကုတ်အေးအေးလေးကို မော့သောက်လိုက်ရာမှ ပါးစပ်မှာ အမြုပ်တစီစီထွက်လာပြီး ဆေးရုံအပို့ ကားပေါ်မှာတင် အသက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပါ။


အဲဒီသတင်းနှင့်ပတ်သက်ပြီး ပြောဆိုဝေဖန်နေကြတာလည်း လူပေါင်းများစွာက ထင်မြင်ချက်မျိုးစုံပါပဲ။ ဆရာဝန်တွေကအစ ကလေးငယ်တွေအဆုံး မတူညီတဲ့ ထင်မြင်ချက်တွေ အသီးသီးပေးကြပါတယ်။

တစ်ချို့က ဆေးကြောင့်၊ တစ်ချို့က ကုတ်ကြောင့်၊ တစ်ချို့က လူကြောင့်၊ ရာသီဥတုကြောင့်၊ မတည့်သည့်အစားကြောင့် စသဖြင့် စုံနေအောင် ပြောဆိုထားကြပါတယ်။

ဘယ်အရာကြောင့်ဆိုတာ အတိအကျမသိရပေမယ့် လူတစ်ယောက်ရဲ့ အသက်ကတော့ ဆုံးရှုံးသွားခဲ့ရတာ အမှန်ပါ။ ကိုယ်တွေ့ ဖြစ်ရပ်ကို လူအများလိုက်နာရှောင်ရှားနိုင်အောင် ပြန်လည်မျှဝေပေးတဲ့သူကိုလည်း ကျေးဇူးတင်ရမှာပါ။

ဒါ့ကြောင့် ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊ ဘီယာတို့နဲ့လည်း မတည့်ပါဘူး။

၎။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။ (၂၄) နာရီအတွင်း အများဆုံး (၈) လုံးထက် ပိုမသောက်သင့်ပါဘူး။

၆။ ပါရာစီတမောကို (အခြား အချိုရေ၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြခဲ့တာတွေနဲ့ ရောမသောက်သော်လည်းပဲ) အလွန်အကျွံ သောက်မိလျှင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေးတော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောနဲ့ ပတ်သက်ပြီး လေ့လာဖတ်မိသမျှကို ဇီဝိတဒါနအဖြစ် လူအများ သတိထားနိုင်ကြစေရန် ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။ အခြားမည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။

Credit to စောနွဲ့ နေဆိုင် (ပူတာအို)

နှစ်ပေါင်း ၄၆ နှစ်တိုင်တိုင် ကိုယ်ဝန်ဆောင်ခဲ့ရပြီး ကျောက်တုံး သန္ဓေသားကို မွေးခဲ့တဲ့ အမျိုးသမီး

၁၉၅၅ ခုနှစ်၊ Casablanca ဒေသပြင်ပက ရွာငယ်လေးတစ်ရွာမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး Zahra Aboutalib ဟာ သူမရဲ့ပထမဆုံးကလေးကို ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ သူမကလေးမိခင်ဖြစ်ရတော့မှာကို ပျော်ရွှင်နေခဲ့ပေမယ့် ခက်ခဲတဲ့ အလုပ်ကြမ်း ၄၈ နာရီကို လုပ်ကိုင်ဖြတ်သန်းအပြီး သူမဌာနေဆေးရုံကို ပြေးရပါတော့တယ်။ ဆရာဝန်တွေက ကလေးကိုခွဲစိတ်မွေးဖွားပေးရမယ်လို့သူမကိုပြောခဲ့ပါတယ်။ Zahra ဟာ ဆေးရုံလူနာခန်းထဲမှာ ကလေးမွေးရင်း ပြင်းထန်တဲ့ နာကျင်မှုကိုခံစားရပြီးသေဆုံးခဲ့တဲ့ အမျိုးသမီတစ်ဦးကိုတွေ့ခဲ့ရပါတယ်။ Zahra ဟာသူမဆေးရုံမှာဆက်နေမယ်ဆိုရင် အလားတူ ကြမ္မာဆိုးကိုကြုံတွေ့နိုင်မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ ဆေးရုံကိုစွန့်ခွာခဲ့ပါတယ်။

နောက်ပိုင်းနေ့ရက်တွေမှာတော့ Zahra တစ်ယောက် အလုပ်ကြမ်းကြောင့် အလွန်ပြင်းထန်တဲ့ နာကျင်မှုကိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကလေးငယ်ကသူမရဲ့သားအိမ်ထဲမှာ ခိုင်ခိုင်မာမာပဲရှိနေခဲ့ပါသေးတယ်။ ရက်အနည်းအငယ်ကြာမှာ နာကျင်မှုတွေပျောက်ကင်းသွားပြီး ကလေးရဲ့လှုပ်ရှားမှုရပ်တန့်သွားပါတယ်။ မော်ရိုကန် ယဉ်ကျေးမှုအရ ကလေးငယ်ဟာ မိခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ အိပ်စက်နေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ Zahra ကအဲဒီ့အစွဲကို ယုံကြည်ခဲ့ပြီး ကိုယ်ဝန်ကို စိတ်ထဲမှာမထားတော့ပါဘူး။ သူမက ကလေးသုံးယောက်ကိုမွေးစားခဲ့ပြီး အချိန်ကာလအရ သူတို့ကြောင့် သူမ အဖွားတစ်ဦးဖြစ်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာအကြာ Zahra အသက် ၇၅ နှစ်အရွယ်ရောက်ခဲ့ပြီး နာကျင်မှုရုတ်တရက် ပြန်ပေါ်လာပါတယ်။ မွေးစားမိခင်ဖြစ်သူရဲ့ကျန်းမာရေးကို ကောင်းမွန်စေလိုတဲ့ မွေးစားသားဖြစ်သူက သူမကို ကျွမ်းကျင်သမားတော်နဲ့ တွေ့စေချင်ခဲ့ပါတယ်။ ဒါကြောင့်သူတို့က ပရော်ဖက်ဆာ Taibi Ouazzani ရှိတဲ့ Rabat မြို့ကိုသွားခဲ့ပါတယ်။ သူက သူမရဲ့ ဖောင်းထွက်နေတဲ့ ဝမ်းဗိုက်ဟာ သားဥကျူမာကြောင့်ဖြစ်တယ်လို့ သံသယရှိခဲ့ပြီး သူမဓာတ်မှန်ရိုက်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီ့ဓာတ်မှန်ကနေ သူအမျိုးအမည်ခွဲခြားမပေးနိုင်တဲ့ ကြီးမားတဲ့ အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။

ထပ်တိုးကောက်ချက်ချဖို့အတွက် Ouazzani ဟာ ကျွမ်းကျင်တဲ့ ရေဒီယိုဂရပ်ဖာဆီကိုသွားဖို့ ညွှန်းလိုက်ပါတယ်။ ဒါဟာ ထုံးကျောက်ဖြစ်တည်နေတဲ့ အရာဝတ္ထုတစ်ခုဖြစ်နေပြီး MRI scan မှာတော့ အသေးစိပ်အနေနဲ့ ဒါဟာ Zahra လွန်ခဲ့တဲ့ ၄၆ နှစ်က ရခဲ့တဲ့ကိုယ်ဝန်ဖြစ်ကြောင်း အသေးစိပ်သိခဲ့ရပါတယ်။

သန္ဓေသားကို ကြိုးစားပြီးဖယ်ထုတ်ဖို့ အန္တရာယ်ကင်းပါ့မလားဆိုတာဆုံးဖြတ်ဖို့ ပရော်ဖက်ဆာ Ouazzania တစ်ယောက်တော်တော် အကျပ်ရိုက်ခဲ့ပါတယ်။ သန္ဓေသားဟာ ၇၁ ပေါင်လေးပြီး အရှည်က ၄၂ စင်တီမီတာရှိပါတယ်။

ခွဲစိပ်မှုပြုတဲ့အခါ သန္ဓေသားဟာ ထုံးကျောက်အဖြစ်ဖြစ်တည်နေပြီး မာကျောတဲ့ အစိုင်အခဲတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။ တကယ်တော့ဒါဟာ ကျောက်တုံးကလေးငယ် (Stone-Baby) ဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ အဲဒီ့သန္ဓေသားက မိခင်ရဲ့ ဝမ်းဗိုက်နံရံ၊ အဓိကအင်္ဂါတွေနဲ့တစ်သားထဲဖြစ်နေတာဖြစ်ပါတယ်။

၎ နာရီနီးပါးအကြာမှာ ခွဲစိပ်ဆရာဝန်တွေက အဲဒီ့ ထုံးကျောက်သန္ဓေသားကို Zahra ဆီကနေခွဲထုပ်နိုင်ခဲ့ပြီး ခွဲစိပ်မှုအောင်မြင်ကြောင်းကြေငြာနိုင်ခဲ့ပါတယ်။

မိခင်ဝမ်းဗိုက်ပြင်ပ သန္ဓေသားကြီးထွားမှုဖြစ်စဉ်မှာ တကယ်လို့မိခင်ရဲ့ခန္ဓာကိုယ်ထဲပြန်လည်ပေါင်းထည့်ဖို့ သန္ဓေသားကအလွန်ကြီးမားနေခဲ့ရင်၊ သန္ဓေသားဟာ မိခင်ရဲ့ခုခံအားစနစ်ရဲ့ပြင်ပ

ခန္ဓာကိုယ်တစ်ခုဖြစ်သွားပါတယ်။ သူ့ကိုယ်သူ ကူးစက်နိုင်ချေရှိတဲ့ ရောဂါတွေကနေကာကွယ်ပေးဖို့အတွက် မိခင်ခန္ဓာကိုယ်ဟာ သန္ဓေသားကို ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့ အရာဝတ္ထုနဲ့ဖုံးအုပ်စေပြီး တစ်သျှူးတွေသေဆုံးကာ အရည်ဓာတ်ခြောက်ခမ်းစေတာဖြစ်ပါတယ်။

ကယ်လ်ဆီယမ်နံရံဖြစ်ပေါ်လာတဲ့အခါမှာ သန္ဓေသားကို မမ်မီကဲ့သို့ထုတ်ပိုးထိမ်းသိမ်းလိုက်တာဖြစ်ပြီး lithopedion သို့မဟုတ် ကျောက်တုံးကလေးငယ် (Stone Baby) အနေအထားကိုရောက်ရှိသွားတာဖြစ်ပါတယ်။


Ref: mymultiplesclerosis.co.uk

Trend Myanmar

ရုရှားတပ်ဖွဲ့များ၏ အကူအညီဖြင့် သူပုန်များက စစ်မျက်နှာနှစ်ဖက်တွင် တိုက်ခိုက်နေကြောင်း ယူကရိန်းစစ်တပ် ထုတ်ပြန်


သူပုန်များက ရုရှားတပ်ဖွဲ့များ၏ အကူအညီဖြင့် စစ်မျက်နှာနှစ်ဖက်တွင် တိုက်ခိုက်မှု များ လုပ်ဆောင်နေသည်ဟု ယူကရိန်း စစ်တပ်၏ သြဂုတ် ၂၈ ရက် ထုတ်ပြန်ချက် စီအင်န်အင်န်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

သူပုန်များသည် တင့်ကားများကို အသုံးပြုကာ ဒိုနီတက်မြို့အရှေ့တောင်ဘက်နှင့် ရုရှားနယ်စပ်မှ ၁၂ မိုင် (ကီလိုမီတာ ၂၀) ကွာဝေး သည့် တောင်ဘက်ကမ်းရိုးတန်းမြို့ နိုဗိုအာဇော့တို့ကို ၀င်ရောက်တိုက် ခိုက်နေကြောင်း ယူကရိန်းအစိုးရ၏ ဒွန်ဘတ်စ်စစ်စခန်းမှ ဒုတိယတပ်မှူး မီခေလိုလီဆန်ကိုက ပြော ကြားသည်။


“ပေါ်ပေါ်တင်တင် ကျူးကျော်ဝင်ရောက်မှုတစ်ခုပါပဲ” ဟု လီဆန်ကိုက ပြောကြားသည်။

ရုရှားတပ်ဖွဲ့များအနေဖြင့် ယခုဖြစ်ပွားခဲ့သည့် နောက်ဆုံးတိုက်ပွဲများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေ ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူ များက ပြောကြားထားသော်လည်း ရုရှားအစိုးရက ငြင်းဆိုထား သည်။

ထောက်လှမ်းရေးအချက်အလက်များအရ ရုရှားတပ်ဖွဲ့ဝင် ၁၀၀၀ ခန့်သည် လက်နက်ကြီးများနှင့်အတူ ယူကရိန်းနိုင်ငံတောင်ပိုင်းသို့ ၀င်ရောက်ပြီး တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အမေရိကန်အရာရှိတစ် ဦးက စီအင်န်အင်န် သတင်းဌာနသို့ သြဂုတ် ၂၈ ရက် က ပြောကြားသည်။

ရုရှားတပ်ဖွဲ့များက သြဂုတ်၂၇ ရက် မတိုင်မီကပင် နိုဗိုအာဇော့မြို့ကို သိမ်းပိုက်ထားကြောင်း ယူကရိန်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားတပ်ဖွဲ့များက Grad ရော့ကတ်များဖြင့် အဆိုပါမြို့တွင်းနှင့် မြို့ပြင်များသို့ ပစ်ခတ်ခဲ့ပြီး တင့်ကား ယာဉ်တန်းနှစ်ခုနှင့် အခြားစစ်လက်နက်များကို ရုရှား၏ ရိုစတော့ဗ်ဒေသမှ တစ်ဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။

“ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ အသက်မသေချင်ရင် ဆုတ်ခွာပေးဖို့ အမိန့်ပေးခံရပါတယ်။ ညနေပိုင်းမှာ တင့်ကားတပ်တွေဝင်လာလို့ မိမိတို့ တပ်ဖွဲ့တွေအနေနဲ့ အနောက်ဘက်မှာ ရှိတဲ့ မာရီရူပေါမြို့မှ ခြေကုပ်သွားယူထားပါတယ်” ဟု NDSC က ဖော်ပြသည်။

သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့သည့် ယူကရိန်း ၀န်ကြီးအဖွဲ့အစည်းအဝေးတွင် ၀န်ကြီးချုပ်အာဆန်နီ ယက်ဆန်ယွတ်က ယခုပြဿနာနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက အရေးပေါ်အစည်းဝေးတစ်ရပ် ကို ခေါ်ယူပြီး ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး အထက်လွှတ်တော်၏ လုံခြုံရေး၊ကာကွယ်ရေးကော် မတီ လက်ထောက်အကြီးအကဲ အီဗန်နီ ဆာရီဗရန်နီကော့ဗ်က ရုရှားတပ်ဖွဲ့များက ယခုကဲ့သို့ကျူးကျော်ဝင်ရောက်ကြောင်း စွပ်စွဲချက်မျးကို ငြင်းဆိုထားသည်။

Mizzima

၂၀၁၃/၂၀၁၄ UEFA အကောင်းဆုံးဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ်မှ စီရော်နယ်ဒိုရရှိသွားပါတယ်.။



" ကျွန်တော့်အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့အထောက်အပံ့တွေကြောင့် အောင်မြင်မှုရတာမျိုးပါ။ ကိုယ်ပိုင်စွမ်းရည်တစ်ခုတည်းနဲ့
ဒီအောင်မြင်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး" ဆိုပြီး ဆုရရှိမှုအပေါ်ပြောကြားခဲ့သည်။
" နောက်ပြီး ကျွန်တော့်မိသားစု၊ ကျွန်တော့်နည်းပြတွေနဲ့ ကျွန်တော့်အပေါ် ထောက်ခံအားပေးခဲ့ကြတဲ့ မီဒီယာဂျာနယ်လစ်များကိုလည်း
ကျေးဇူးတင်ပါတယ်"
" ကျွန်တော့် တကယ့်ကို ပျော်ရွှင်ပါတယ်။ ဒီဆုကို အရင်က မရရှိခဲ့ဘူးသေးပါဘူး ဒါကြောင့်
ကျွန်တော့် ပြတိုက်ထဲကို ထည့်ထားဖို့အတွက် ဒီဆုကို အကို့ထံကို သွားပေးမှာပါ" ဆိုပြီး စီရော်နယ်ဒိုက ထပ်လောင်းပြောကြားထားသည်။