ခရီးသွားရာသီဦးတွင် ကမ္ဘာလှည့် ခရီးသည် ၈ဝဝ ကျော်နှင့် သင်္ဘောသား ၄ဝဝ ကျော် လိုက်ပါလာသည့် အမေရိကန်အခြေစိုက် အပျော်စီး သင်္ဘောကြီးတစ်စင်း ဆိုက်ကပ်လာ

Oceania Cruises မှ Oceania Insignia အပျော်စီး သင်္ဘောကြီး
ရန်ကုန်မြို့ သီလဝါ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းသို့ ဆိုက်ရောက်


ရန်ကုန် ၊ ၅-၁၀-၂၀၁၅


ယခုနှစ် ခရီးသွားရာသီ တွင် ကမ္ဘာလှည့် ခရီးသည် ၈ဝဝ ကျော်နှင့် သင်္ဘောသား ၄ဝဝ ကျော် လိုက်ပါလာသည့် အမေရိကန် အခြေစိုက် အပျော်စီး သင်္ဘောကြီး တစ်စင်း ဆိုက်ကပ် လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီး ဌာန၏ သတင်းများ အရ သိရသည်။ 


ယခုအခါ ပွင့်လင်း ရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ခရီးသွားလုပ်ငန်း ရာသီအချိန် ကာလသို့ ရောက်ရှိ လာခဲ့ရာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည် များမှာလည်း တစ်ဖွဲဖွဲ လာရောက် လည်ပတ် နေကြပြီ ဖြစ်သည်။ 


ပွင့်လင်းရာသီသို့ ရောက်ရှိ လာသည်နှင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ မှာ လေဆိပ် ဝင်ပေါက်များ၊ အပျော်စီး သင်္ဘော ခရီးစဉ်များနှင့် လာရောက် လည်ပတ်လေ့ ရှိရာ ယမန်နေ့တွင် အမေရိကန် အခြေစိုက် အပျော်စီး သင်္ဘော ကုမ္ပဏီတစ်ခု ဖြစ်သည့် Oceania Cruises မှ Oceania Insignia အပျော်စီး သင်္ဘောကြီးမှာ ရန်ကုန်မြို့ သီလဝါ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းသို့ ဆိုက်ရောက် လာခဲ့သည်။ အဆိုပါ အပျော်စီး သင်္ဘောကြီးမှာ သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့မှ ထွက်ခွာ လာခဲ့ခြင်း ဖြစ်ပြီး သင်္ဘောပေါ်တွင် နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည် ၈၀၀ ပါရှိလာကာ မြန်မာနိုင်ငံ၏ ထင်ရှားသည့် နေရာဒေသ များသို့ လည်ပတ်ကြမည် ဖြစ်ကြောင်း သိရသည်။


ယခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘော ၂၆ စီး ဆိုက်ရောက် မည်ဟု ခန့်မှန်းထားပြီး လက်ရှိတွင် ဇန်နဝါရီလမှ မေလထိ အပျော်စီး သင်္ဘော အစီး ၂ဝ ဆိုက် ရောက်ခဲ့ပြီး ဖြစ်ကာ ယမန်နေ့ ဆိုက်ရောက် လာသည့် အပျော်စီး သင်္ဘော အပါအဝင် ၂၁ စီး ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘောငါးစီး ထပ်မံဆိုက်ရောက် လာဖွယ် ရှိနေကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ၏ သတင်းများ အရ သိရသည်။


နိုင်ငံတကာ ခရီးသွား ဧည့်သည်များမှာ ရာသီဥတု သာယာသည့် ပွင့်လင်း ရာသီများ တွင်သာ ခရီးသွားလာ လေ့ရှိကြပြီး ခရီးသွားရာသီ ကိုလည်း ပွင့်လင်းရာသီ များတွင်သာ လုပ်ကိုင် ဆောင်ရွက် ကြလေ့ရှိသည်။ ခရီးသွား ရာသီမှာ မိုးရာသီအစ ဇွန်လမှ စတင်ကာ ခေတ္တရပ်နား ထားပြီး အောက်တိုဘာလတွင် ပြန်လည် လုပ်ကိုင် ဆောင်ရွက် ကြသည်။ ထို့ကြောင့် ယခု လမှစတင်၍ အပျော်စီး သင်္ဘောများ ရောက်ရှိလာ သဖြင့် ယခုနှစ် အပျော်စီး သင်္ဘော လာရောက် လည်ပတ်မှုမှာ ခန့်မှန်း ထားသည် ထက်ပင် ပိုမိုဝင် ရောက်လာ နိုင်ကြောင်း ခရီးသွားလုပ် ငန်းများက ခန့်မှန်း နေကြသည်။ ယခုနှစ်တွင် လက်ရှိ အပျော်စီး သင်္ဘောအစီး ၂ဝ ရောက်ရှိနေပြီး နိုင်ငံခြားသား ခရီးသည် တစ်သောင်း လေးထောင် ကျော် ဝင်ရောက် လည်ပတ် ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘော ခရီးစဉ်းများနှင့် လာရောက် လည်ပတ် နေမှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား နေခဲ့ရာ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ လမှ ယခု ၂ဝ၁၅ ခုနှစ် မေလထိ နိုင်ငံတကာ အပျော်စီး သင်္ဘော ၅၈ စီး ဝင်ရောက် ဆိုက်ကပ်ကာ နိုင်ငံတကာ ခရီးသွား ဧည့်သည် သုံးသောင်း ကျော် လာရောက် လည်ပတ် ခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ သင်္ဘော ကိုယ်စားလှယ် လုပ်ငန်းဌာန၏ စာရင်းများ အရ သိရသည်။


ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် အပျော်စီး သင်္ဘော အစီး ၂ဝ ထိ ဆိုက်ကပ်လာ ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ လက်ရှိ အချိန်ထိ ၂၁ စီးဆိုက်ကပ် ခဲ့ပြီးဖြစ် သဖြင့် ခရီးသည် အရေအတွက်မှာ ၂ဝ၁၄ ခုနှစ် တစ်နှစ်လုံး လာရောက် လည်ပတ်ခဲ့သည့် အရေအတွက် ထက်ပင် ပိုမိုများပြား နေခဲ့သဖြင့် ယခုနှစ်တွင် အပျော်စီး သင်္ဘော ဆိုက်ကပ်မှုနှင့် လာရောက် လည်ပတ်မည့် ခရီးသည် အရေအတွက်မှာ ယခင် ၂ဝ၁၄ ခုနှစ်ထက် သိသိသာသာ တိုးတက်များပြား လာမည် ဖြစ်ကြောင်း သိရသည်။ 

Yadanarpondaily

0 comments:

Post a Comment