လီဗာပူးလ်သို့ မပြောင်းရွှေ့မီ မီလန်အသင်းဖော်များကို ဘာလော့တယ်လီ နှုတ်ဆက်


လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သတင်းများ ထွက်ပေါ်နေချိန်၌ မာရီယို ဘာလော့တယ်လီက အေစီမီလန် အသင်းကို နှုတ်ဆက်စကား ပြောဆိုခဲ့ကြောင်း သိရှိရသည်။

အီတလီ စီးရီးအေ ကလပ်အသင်းသည် အသက်(၂၄)နှစ်ရှိ တိုက်စစ်မှူးအတွက် လီဗာပူးလ်က ယူရို (၂၈)သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုကို ကနဦးအဆင့် လက်ခံထားပြီဟု သတင်းများက ဖော်ပြခဲ့ကြသည်။ အီတလီ လက်ရွေးစင် တိုက်စစ်မှူးကလည်း ယင်းအခြေအနေတွင် မီလန်အသင်းဖော်များကို လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ဘာလော့တယ်လီ ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်တွင် ကစားလိုခြင်းကြောင့် လီဗာပူးလ်၏ ကမ်းလှမ်းမှုအပေါ် လိုလိုလားလား ရှိနေကြောင်း သတင်းများက ဆိုသည်။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် ဘာလော့တယ်လီ၏ ယခင် အမူအကျင့်ဆိုးများကို ဆင်ခြင်ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ဘာလော့တယ်လီသည် ကြာသပတေးနေ့ထိ မီလန်နှင့်အတူ လေ့ကျင့်ခန်း ဆင်းနေဆဲ ဖြစ်သော်လည်း ၎င်း၏အေးဂျင့် မိုင်နို ရိုင်အိုလာသည် အင်္ဂလန်သို့ ရောက်ရှိနေကာ အပြောင်းအရွှေ့ ကိစ္စအတွက် ဆက်လက် ဆွေးနွေးလျှက် ရှိသည်။ မီလန်အသင်းက “ဘာလော့တယ်လီဟာ မီလန်အားကစား စင်တာကနေ ညနေပိုင်းက ထွက်ခွာသွားတဲ့နောက် အသင်းဖော်တွေကို နှုတ်ဆက်သွားပါတယ်။ အဲဒီအပြင် မီလန်အသင်းရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ အဖွဲ့ကိုလည်း နှုတ်ဆက်စကား ပြောသွားခဲ့ပါတယ်”ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
soccer myanmar

0 comments:

Post a Comment