တောင်ငူတွင် မိုဘိုင်းဖုန်းဆိုင်ဝန်ထမ်းတစ်ဦးမှ ငွေဖြည့်ကတ်ကျပ်သိန်း ၂ဝ ကျော်ဖိုးခိုးယူ


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မိုဘိုင်းဖုန်း လက်လီလက်ကား အရောင်းဆိုင်ရှိ ကြိုတင်ငွေဖြည့်ကတ် အရောင်းတာဝန်ခံ ဝန်ထမ်းတစ်ဦးမှ ဆိုင်ရှိဖုန်းငွေဖြည့်ကတ် ၂၅ဝ၊ တန် ကြေးကျပ် သိန်း ၂ဝဖိုးခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၈ ရက်က တောင်ငူမြို့ အမှတ် (၁၇)ရပ်ကွက် ကုန်သည်ကြီးလမ်းပေါ်ရှိ ဝင်းကမ္ဘာမိုဘိုင်းဖုန်း လက်လီလက်ကားအရောင်းဆိုင် ပိုင်ရှင်ဖြစ်သူသည် ညီတစ်ဝမ်းကွဲ တော်စပ်သူ GSM ၁ဝဝဝဝ ကျပ်တန် ငွေဖြည့်ကတ်နှင့် ၅ဝဝဝ ကျပ်တန် ငွေဖြည့်ကတ်များ ကုမ္ပဏီပေါက်ဈေးထက်သက်သာ၍ ဝယ်ထားကြောင်း ပြောသဖြင့် ၎င်းငွေဖြည့်ကတ်များအား တောင်းယူကြည့်ရှုရာ ၎င်းဆိုင်မှ ပျောက်ဆုံးနေသော elite company မှ ဝယ်ယူထားသည့် ငွေဖြည့်ကတ် Serial-No နံပါတ်များဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ ၍ တောင်ငူမြို့မရဲစခန်းမှ ကတ် ၈ဝ တန်ဖိုးကျပ် ခုနစ်သိန်းအား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ယင်းမိုဘိုင်းဆိုင်မှ ငွေဖြည့်ကတ်အရောင်းဝန်ထမ်း မခိုင်ယုမွန် (၃၃)နှစ် တစ်ဆင့်ပြန်ရောင်းချပေးသူ မမီးမီး(ခ)မစုစုလှိုင် (၃၅)နှစ်တို့အား ခေါ်ယူစစ်ဆေးရာ ဝန်ခံထွက်ဆိုထားပြီး ဆက်စပ်တရားခံ နှစ်ဦးအား ရမန် ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကြေးမုံသတင်းစာ

0 comments:

Post a Comment