တရားမ၀င် ၀င်ရောက်လာသော တူရကီနိုင်ငံသား ငါးဦးအား IS အဖွဲ့နှင့် ဆက်နွှယ်မှု ရှိမရှိ စစ်ဆေးလျက်ရှိ

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တူရကီနိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့အား အောက်တိုဘာ ၁၆ ရက်မွန်းတည့် ၁၂ နာရီတွင် ကျိုင်းတုံမြို့ ရပ်ကွက်(၂) နမ့်ချပ်ရပ် ကျိုင်းတုံ-တာချီလိတ်လမ်းလက်ဖက်ရည်ဆိုင်အတွင်း၌ တွေ့ရှိဖမ်းဆီးရမိပြီး IS အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

၎င်းတို့အား ကျိုင်းတုံမြို့ရှိ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့(၇)ရုံးသို့ ခေါ်ဆောင်စစ်ဆေးချက်အရ ဘာသာခြားဦးမြင့်နိုင် (၄၁ နှစ်) (ဘ)ဦးညို၊ ကျပန်းလုပ် ကမ်းနားလမ်းရပ်ကွက်(၈)တောင်ငူမြို့ (ယခုနေရပ်-ရွှေလီမြို့ တရုတ်နိုင်ငံ) နေသူသည် အောက်တိုဘာ ၁ဝ ရက်တွင် ရွှေလီမြို့နေ သူငယ်ချင်းဖြစ်သူ နှာခေါင်း(ခ)ရှာရွတ်ခန်းမှ နိုင်ငံခြားသားငါးဦးအား ရွှေလီမြို့မှ တာချီလိတ်မြို့သို့ တစ်ဦးလျှင် မြန်မာငွေကျပ် ခုနစ်သိန်းနှုန်းဖြင့် သယ်ဆောင်ပေးရန် စရန်ငွေအဖြစ် ကျပ် ၁၅ သိန်း ပေးအပ်ခဲ့ပြီးကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူးက “IS အဖွဲ့နဲ့ ပတ်သက်ဖို့တော့ မဖြစ်နိုင်ဘူး။ ကြည့်ရတာ တတိယနိုင်ငံကို ခိုးဝင်ချင်လို့ဖြစ်မယ် အခုတော့ သူတို့ကို ကျိုင်းတုံအကျဉ်းထောင်ကို ပို့ထားတယ် . . . . .
တာချီလိတ်မြို့သို့ ရောက်ရှိပါက အောင်ဖြိုးဆိုသူက နိုင်ငံခြားသားများအား လာရောက်ခေါ်ဆောင်ပြီး ကျန်ငွေကျပ်သိန်း ၂ဝ အား ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၂ ရက်တွင် ရွှေလီမြို့ တရားမဝင်(ဝင်/ထွက်)ပေါက်မှတစ်ဆင့် ၎င်းဆိုင်ကယ်အပါအဝင် အငှားဆိုင်ကယ်လေးစီးဖြင့် နိုင်ငံခြားသားငါးဦးအား ခေါ်ဆောင်လာကာ မန္တလေးမှတောင်ကြီးသို့ရောက်ပြီး ၎င်းဆိုင်ကယ်သမားများအား ပြန်လွှတ်၍ အေးသာယာမြို့သစ်မှ အငှားဆိုင်ကယ်မောင်းနှင်သူ လေးဦးတို့အား ထပ်မံငှားရမ်း၍ တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ သွားပို့ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်း၏ထွက်ဆိုချက်အရ သိရသည်။

ကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူးက “IS အဖွဲ့နဲ့ ပတ်သက်ဖို့တော့ မဖြစ်နိုင်ဘူး။ ကြည့်ရတာ တတိယနိုင်ငံကို ခိုးဝင်ချင်လို့ဖြစ်မယ် အခုတော့ သူတို့ကို ကျိုင်းတုံအကျဉ်းထောင်ကို ပို့ထားတယ်” ဟု ပြောကြားသည်။

အဆိုပါ ဖမ်းဆီးချုပ်နှောင်ထားသော အဗ္ဗဒူလာ (၂၉ နှစ်) (ဘ)မိုဟာမက်၊ အဗ္ဗဒူလာအာမတ် (၂၂ နှစ်) (ဘ)အာဟာမက်၊ ဟာဆန်(၁၇ နှစ်) (ဘ)မိုဟာမက်ယာရှင်း၊ အာလီထူလစွန်း(၂၉ နှစ်)(ဘ)စူလစွန်း၊ မိုဟာမက် (၂၈ နှစ်) (ဘ) အဗ္ဗဒူဝါဘတ်၊ တူရကီနိုင်ငံသား ငါးဦးနှင့် ၎င်းတို့အား သယ်ဆောင်လာသော မြန်မာနိုင်ငံသား မြင့်နိုင် (ခ) နူဒူး (ဘ) ဦးညိုနှင့် အေးသာယာမြို့သစ် တောင်ကြီးရပ်တွင် နေထိုင်သူများဖြစ်သော သက်ထွန်း(၄၆ နှစ်) (ဘ)ဦးမောင်၊ နိုင်နိုင်ဝင်း (၄၈ နှစ်)(ဘ) ဦးအေးမောင်၊ ကျော်စိုးပိုင် (၂၅ နှစ်) (ဘ)ဦးကျော်အောင်၊ စိုင်းသီဟထွန်း (၂၅ နှစ်) (ဘ) ဦးမြင့်ထွန်းတို့အား ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) အရ အရေးယူဆောင်ရွက်လျက်ရှိပြီး IS အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Eleven

0 comments:

Post a Comment