ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား

လူတိုင်း လူတိုင်း အသက်ရှည်စွာ နေနိုင်ရေး အတွက် ကျန်းမာရေး ကောင်းမွန်ခြင်း သည် အဓိက လိုအပ်ချက် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာစွာ နေနိုင်ရန် အတွက် အနေအထိုင်၊ အစားအသောက် နှင့် သင့်တင့်သော လေ့ကျင့်ခန်း တစ်ခုခု လုပ်ရန် လိုသည်။


ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်သည် ဆိုရာ၌ ပြင်းထန်သော အားကစား လေ့ကျင့်ခန်းများ ပြုလုပ်ရန် မဟုတ်ဘဲ၊ လူတစ်ယောက် အတွက် သွေးလေ ညီညွတ် မျှတစွာ လည်ပတ်နိုင်ရန် လှုပ်ရှားမှု တစ်ခုခု ပြုလုပ် ပေးခြင်းမျိုး ဖြစ်သည်။ ထိုသို့သော လှုပ်ရှားမှုမျိုးကို အိမ်တွင်း ကျန်းမာရေး ဟု ခေါ်ဆိုသည်။


အိမ်တွင်း ကျန်းမာရေး သည် အခြားမဟုတ် နံနက်စောစော အိပ်ရာထလျှင် သော်လည်းကောင်း၊ ရေချိုးမည့် အချိန်၌ သော်လည်းကောင်း၊ ငါးမိနစ်၊ ၁ဝမိနစ် ခန့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပေးခြင်း ဖြစ်သည်။ သွေးပူ လေ့ကျင့်ခန်း ဟုလည်း ပြောနိုင်သည်။ လမ်းလျှောက် နေစဉ်လည်း ကိုယ်လက် လှုပ်ရှား၍ လမ်းလျှောက် နိုင်ပါက ပိုမို အဆင်ပြေ နိုင်သည်။


လှုပ်ရှားမှု မရှိသော၊ လှုပ်ရှားမှု နည်းသော သူတို့တွင် ကိုယ်ခန္ဓာ အတွင်း၌ ကိုလက်စထရော များသောကြောင့် သွေးလေ လည်ပတ်မှု နှေးကွေးပြီး လေးလံ ထိုင်းမှိုင်း နေတတ်သည်။ လှုပ်ရှားမှု ပုံမှန် လုပ်ပေးခြင်းဖြင့် သွေးလေ လည်ပတ်မှု အားကောင်း စေနိုင်သည်။ အရိုးအဆစ် အကြောတို့ သန်မာ စေနိုင်သည်။ ထို့ကြောင့် လူတိုင်း လူတိုင်း အနေဖြင့် အိမ်တွင်း ကျန်းမာရေးကို အထူး ဂရုပြု လုပ်ဆောင်သင့် ပေသည်။


သို့သော် အချို့သော သူများ အနေဖြင့် အိမ်တွင်း ကျန်းမာရေးကို လုပ်ရကောင်းမှန်း မသိ၍ လည်းကောင်း၊ အလုပ်များ၍ လည်းကောင်း၊ မိမိ ကျန်းမာရေး အတွက် အလေးမထား ၍လည်းကောင်း ပြုလုပ်ကြသူ နည်းပါးသည်။ ထို့ကြောင့် သေးဖွဲသော နာဖျားမှုများ ဖြစ်တတ်ခြင်း၊ ကိုယ်လက် လေးလံ ကိုက်ခဲခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း များ ဖြစ်တတ်သည်။


ထိုသို့သော ကျန်းမာရေး ညံ့ဖျင်းမှုများ ဖြစ်လာလျှင် ဆေးထိုး၊ ဆေးသောက်ခြင်း များဖြင့် ကုစားပါက ရံဖန်ရံခါ ကောင်းသော်လည်း အရှည်သဖြင့် မကောင်းနိုင်ပေ၊ ဝေဒနာ တစ်ရပ် အဖြစ်သာ ခံစားနေကြ ရမည် ဖြစ်သည်။


သို့ဖြစ်ရာ လူတိုင်း လူတိုင်း အတွက် ရောဂါဘယ ကင်းဝေးပြီး အမြဲ ကျန်းမာစွာ နေနိုင်စေရန် အိမ်တွင်း ကျန်းမာရေးကို နေ့စဉ်နံနက် အိပ်ရာထချိန် တွင်လည်းကောင်း၊ ရေမချိုးမီ အချိန်တွင် လည်းကောင်း ကိုယ်လက် လှုပ်ရှား သွေးပူ လေ့ကျင့်ခန်း တစ်ခုခုကို ငါး မိနစ်၊ ၁ဝ မိနစ်ခန့် ပြုလုပ် ပေးသင့်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

Yadanarpondaily

0 comments:

Post a Comment