
အဆိုပါပစ်ခတ်မှုကြောင့် မြ၀တီမြို့မှ ကော့ကရိတ်အဆင်း လမ်းပိုင်းများ
ပိတ်ထားရပြီး ဒဏ်ရာရရှိခဲ့သူများကို ကော့ကရိတ်ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ရပါသည်။ အမျိုးသား (၄)ဦး အမျိုးသမီး(၂)ဦး ကလေး(၃)ဦးနှင့် ဆရာတော်တစ်ပါးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး လေးဦးမှာစိုးရိန်ဖွယ်
အခြေအနေဖြစ်သည်ဟုသိရှိခဲ့ရသည်။
“ပစ်တာကတော့ DKBA အဖွဲ့ကပစ်တာသေချာပါတယ်။
အခုဖြစ်တဲ့ဒေသမှာက အောက်ဗိုလ်တဲ၊ အထက် ဗိုလ်တဲ နှင့် အလယ်ဗိုလ်တဲဆိုပြီး စစ်တပ်စခန်းတွေရှိတယ်လေ။ ဗိုလ်ဆန်းအောင်အဖွဲ့တွေက အလယ်ဗိုလ်တဲ
စခန်းကို လှမ်းပြီးပစ်တာမထိဘဲ ခရီးသွားယာဉ်ကိုထိပြီး အခုလိုဖြစ်ရတာပါ။ လက်ရှိအခြေအနေမှာဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံကိုပို့ပြီးတော့ ဆေးကုသနေကြပါတယ်” ဟုပစ်ခတ်မှုဖြစ်ပွားခဲ့ရာနေရာသို့ရောက်ရှိနေခဲ့
သောဒေသခံတစ်ဦးမှပြောကြားခဲ့ပါသည်။
ဗိုလ်ဆန်းအောင်သည် လက်ရှိတွင် DKBA/KKO ခွဲထွက်အဖွဲ့မှဖြစ်ပြီး အစိုးရစစ်တပ်နှင့်တိုက်ပွဲများဖြစ်ပွား လာရန်စတင်ဖန်တီးခဲ့သူ တစ်ဦးဖြစ်ကြောင်း လက်ရှိအခြေနေတွင် DKBA/KKO တပ်ဖွဲ့မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ် စောလားဘွယ် အနေဖြင့်ဖြစ်ပွားနေသောပြဿနာ များအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်ညွှန်ကြား ထားသော်လည်း ဗိုလ်ဆန်းအောင်အနေဖြင့် လိုက်နာခြင်းမရှိဘဲ ယခုကဲ့သို့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်နေရကြောင်းသိရှိခဲ့ရပါသည်။
From: ခင်အေးမွန်
0 comments:
Post a Comment