နယ်စပ်မျဉ်းအငြင်းပွားမှု မြင့်တက်လာခြင်း နှင့်စပ်လျဉ်း၍ အိန္ဒိယကို ဝေဖန်ထားသည့် စာတစ်စောင်အား ကုလအတွင်းရေးမှူးချုပ် ထံ ပါကစ္စတန် ပေးပို့





အငြင်းပွားနေသည့် နယ်စပ်မျဉ်း တစ်လျှောက် တင်းမာမှုများ ပိုမို မြင့်တက် လာမှုနှင့် စပ်လျဉ်း၍ အိန္ဒိယ အစိုးရအပေါ် ပြစ်တင် ဝေဖန် ထားသည့် စာတစ်စောင်ကို ပါကစ္စတန် အစိုးရ က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထံ ပေးပို့ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီးဌာန က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။

အဆိုပါစာတွင် ပါကစ္စတန် နိုင်ငံရှိ ပြည်ပရေးရာ အကြံပေး ဆာတာ့ဂ်ျအဇစ် က အိန္ဒိယနိုင်ငံ မှ အမြောက်ဆန် များဖြင့် ပစ်ခတ်ခဲ့မှု ကြောင့် ပါကစ္စတန် ဘက်မှ ဒေသခံပြည်သူ အမြောက်အမြား ထိခိုက် သေဆုံး ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အဆိုပါ နယ်စပ်မျဉ်း တစ်လျှောက် အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အထိ အပစ်အခတ် ရပ်စွဲရေး ချိုးဖောက်မှု ၂၀ မှုနှင့် နယ်စပ်မျဉ်း အပြင်းပွားမှု ၂၂ မှု ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူ ၁၂ ဦး သေဆုံး၍ အခြားလူ ၅၂ ဦး ဒဏ်ရာ ရရှိကာ ပါကစ္စတန် တပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပါကစ္စတန် နှင့် အိန္ဒိယ နိုင်ငံ တပ်ဖွဲ့ဝင်များသည် ပန်ဂျပ်ပြည်နယ် ရှိ နှစ်နိုင်ငံ အငြင်းပွား နေသော နယ်စပ်မျဉ်း နှင့် ကက်ရှ်မိးယား ဒေသ တစ်လျှောက်တွင် ယခုလ အစောပိုင်းမှ စ၍ အမြောက်ဆန် များဖြင့် အပြန်အလှန် ပစ်ခတ်လျက် ရှိကြောင်း သိရှိရသည်။
PyiChitThar

0 comments:

Post a Comment