အားလုံး သတ္တိတရားမွေးထုတ်ဖို့ သွန်သင်ပေးနေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာရဲ့ မိန့်ခွန်း

အသက်အငယ်ဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြင့်အပ်ခံရသူ မာလာလာယူဆွပ်ဖ်ဇိုင်းက သောကြာနေ့မှာ သူမရဲ့ လူ့အခွင့်အရေးလုပ်ဆောင်ချက်နဲ့ အကြမ်းဖက်မှု အုပ်ချုပ်မှုအောက်ရောက်နေတဲ့ အမျိုးသမီးများ ကယ်တင်ရေး သတိပေးလှုံ့ဆော်မှုများနဲ့ပတ်သက်ပြီး ပြောဆိုသွားပါတယ်။

“ဆွတ်တောင်ကြားမှာ တာလီဘန်တွေရဲ့လွမ်းမိုးအုပ်ချုပ်မှုရှိခဲ့တာ အားလုံး သိရှိထားပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်အမျိုးသမီးမှာမှ ပညာသင်ကြားခွင့် မရကြပါဘူး။ အဲဒီလို အခြေအနေကြောင့် ကျွန်မရရှိသင့်တဲ့ အခွင့်အရေးအတွက် မားမားမတ်မတ် ရပ်တည်ပြီး ထုတ်ဖော်ဖို့ ကျွန်မပြောဆိုခဲ့တာပါ။ တခြားပုဂ္ဂိုလ်တစ်စုံတစ်ဦး လုပ်လာမလားဆိုပြီး ကျွန်မ စောင့်မနေခဲ့ပါဘူး။ တကယ်တော့ ရွေးချယ်မှုနှစ်ခုသာရှိပါတယ်…(၁) ပါးစပ်ပိတ်ထားပြီး အသတ်ခံဖို့ စောင့်နေရမှာလား… (၂) ထုတ်ဖော်ပြောဆိုပြီး အသေခံရမှာလား ဆိုတဲ့ ရွေးချယ်မှု နှစ်ခုသာရှိပါတယ်။ ကျွန်မကတော့ ဒုတိယအချက်ကို ရွေးချယ်လိုက်ပါတယ်” လို့ ပြောကြားသွားပါတယ်။ 

မာလာလာကို ဂုဏ်ပြု ပေးအပ်လိုက်တဲ့ ဆုမွေးဖွားဖြစ်ပေါ်လာရာ ပါကီစတန်နိုင်ငံမှာရှိတဲ့ တာလီဘန်အဖွဲ့ဝင်တစ်ယောက်မဟုတ်ရင်တော့ ၂၀၁၂ ခုနှစ်မှာ သေနတ်နဲ့ တာလီဘန်တွေက သုံးကြိမ် ပစ်ခတ်မခံရမီ အဲဒီလိုပြောဆိုသွားခဲ့တဲ့ ဒီဆယ်ကျော်သက်လေးဆီကနေ တို့အားလုံးသတ္တိတရားကို သင်ခန်းစာယူနိုင်ပါတယ်လို့ ဝါရှင်တန်ပို့စ် သတင်းမှာ ရေးသားဖော်ပြထားပါတယ်။ ဒါ... လူတိုင်းမှန်ကန်တဲ့ လူ့သမိုင်းကြောင်းဘက် မရပ်တည်ကြဘူးဆိုတာပြတာပါပဲ။ 

Source: jezebel
Trend

0 comments:

Post a Comment