မန်စီးတီးကွင်လယ်လူ ရော့ဒ်ဝဲလ်ကို ဆန်းဒါးလန်းခေါ်ယူ

ဆန်းဒါးလန်းအသင်းသည် မန်စီးတီးကွင်းလယ် ကစားသမား ရော့ဒ်ဝဲလ်ကို ပေါင် (၁၀) သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုခေါ်ယူ လိုက်ကြောင်း သိရသည်။ အင်္ဂလန်အတွက် သုံးပွဲပါဝင် ကစားခဲ့ဖူးသော ရော့ဒ်ဝဲလ်သည် မန်စီးတီးတွင် ပုံမှန် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရ သဖြင့် ဆန်းဒါးလန်းသို့ ပြောင်းရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ အသက် (၂၃) နှစ်အရွယ်ရှိ ရော့ဒ်ဝဲလ်သည် ၂၀၁၂တွင် အဲဗာတန်မှ မန်စီးတီးသို့ ပေါင် (၁၂) သန်းဖြင့် ရောက်ရှိ လာခဲ့ပြီး ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရသည်။ ဆန်းဒါးလန်း နည်းပြပိုယက်ကမူ ရော့ဒ်ဝဲလ်အနေဖြင့် မူလခြေစွမ်းဖြင့် ကစားနိုင်မည်ဟု ယုံကြည်ကာ တွေ့ဆုံမှုများပြုလုပ်ပြီး ခေါ်ယူလိုက်ခြင်းဖြစ်သည်။ ရော့ဒ်ဝဲလ်သည် ဆန်းဒါးလန်း အသင်းတွင် တစ်ပတ်လုပ်ခလစာ ပေါင် (၆၅၀၀၀) ရရှိမည်ဖြစ်သည်။

0 comments:

Post a Comment