Goal.com မှ ပရိသတ်များမှရွေးချယ်သည့် သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ် ကစားသမားဆုအား စပိန်ကွင်းလယ်လူ ဇာဗီရရှိ


ပြီးခဲ့သည့်အင်္ဂါနေ့တွင် စပိန် လက်ရွေးစင်ကစားသမားဘဝမှ အနားယူ ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည့် စပိန်လက်ရွေးစင် ကွင်းလယ် လူဇာဗီသည် နာမည်ကြီး အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ် သည့် goal.com မှရွေးချယ်ခဲ့ သည့် သမိုင်းတစ်လျှောက်အကောင်း ဆုံးကွင်းလယ်ကစား သမားဆုကို ရရှိသွားခဲ့သည်။
ဇာဗီသည် goal.com ပရိသတ် များမှရွေးချယ်ပေးခဲ့သည့် သမိုင်း တစ်လျှောက် အကောင်းဆုံးကွင်းလယ် ကစားသမားဆုအား အီတလီကွင်း လယ်လူ ပီယာလို၊ ဂျာမနီကွင်းလယ် လူ လိုသာမာသီးရက်စ်နှင့် နယ်သာ လန်ကွင်းလယ်လူ ဖရန့်ရီကတ်တို့ အား ကျော်ဖြတ်ရရှိခဲ့ခြင်းဖြစ်သည်။
Goal.com ပရိသတ်များ၏ ရွေးချယ်မှုများတွင် ပရိသတ်ပေါင်း များစွာမှမဲပေး ခဲ့ပြီး ဇာဗီအနေဖြင့် မဲပေးသူများ၏ မဲအများဆုံးကိုရရှိ ခဲ့ပြီး ၄င်း၏နောက်တွင် အီတလီကွင်း လယ်လူ ပီယာလိုမှာ ၆၆ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ တွင်ရပ် တည်နိုင်ခဲ့ပြီး ဂျာမနီဂန္ထဝင်ကွင်း လယ်လူ လိုသာမာသီးရက်စ်မှာမူ မဲပေါင်း နှစ်ထောင်ကျော်ရရှိခဲ့ကာ တတိယနေရာတို့တွင် အသီးသီးရပ် တည်နိုင်ခဲ့သည်။
အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့် ဇာဗီ၏ဆရာဟောင်းဖြစ် သူ ဘာစီလိုနာနည်းပြဟောင်းဖရန့် ရီကတ်မှာမူ မဲပေးသူများ၏ ၃ရာခိုင် နှုန်းသာရရှိခဲ့ပြီး ၄င်း၏နောက်တွင် နယ်သာလန် ကွင်းလယ်ကစားသမား ဟောင်းတစ်ဦးဖြစ်သူ အဂ္ဂါဒေးဗစ် မှာ မဲရာခိုင်နှုန်း ၂.၉ ရာခိုင်နှုန်းဖြင့် အသီးသီးရပ်တည်နိုင်ခဲ့သည်။
WKM
Yangon Media Group

0 comments:

Post a Comment