သင်မသိသေးတဲ့ Orgasm အကြောင်း (၉ )ချက်


 ရူပဗေဒ ဖြစ်စဉ်အရ လူတစ်ယောက်ဟာ Orgasm (ကာမဆန္ဒပြီးမြောက်ခြင်း) ရတဲ့အခါမှာ နှလုံးခုန်နှုန်းမြန်လာပြီး အသက်ရှုတာလည်း ပိုမြန်လာပါလိမ့်မယ်။ ဒါပေမယ့် Orgasm ကြောင့် ဒီအရာတွေပဲ ဖြစ်တာတော့မဟုတ်ပါဘူး။ Orgasm အကြောင်းကို လူတိုင်းသိချင်ကြပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း July 31 ကို National Orgasm Day အဖြစ်သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း Orgasm ဖြစ်တဲ့အခါ ဘာတွေ ဖြစ်လဲ ဆိုတာကိုတော့ လူတော် တော်များများ မသိကြပါဘူး။ (၁) Orgasm များများရတဲ့သူဟာ ပိုမိုနုပျိုပါတယ်။ ရူပဗေဒပညာရှင်တစ်ဖြစ်လဲ Royal Edinburgh ဆေးရုံကြီးရဲ့ အကြီးအကဲဖြစ်ခဲ့ဖူးသူ Dr. David Weeksဟာ လူပေါင်း၃၅၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ Orgasm ပိုမိုရရှိသူတွေဟာ ပိုပြီးနုပျိုတာကို တွေ့ရှိခဲ့ပါတယ်။ (၂) သဘာဝကပေးထားတဲ့ စိတ်ဖိစီးမှုကိုလျော့တဲ့ အကောင်းဆုံးအရာ လူတစ်ယောက်ဟာ Orgasm ရတဲ့အခါမှာ ဦးနှောက်ရဲ့ hypothalamusလို့ခေါ်တဲ့ အပိုင်းထဲကနေ Oxytocinဆိုတဲ့ ဟော်မုန်းကို သွေးကြောထဲကိုထုတ်ပေးပါတယ်။ Love Molecule လို့လည်း အချို့က တင်စားခေါ်ကြပါတယ်။ ဒီဟော်မုန်းဟာ လူတွေကိုနွေးထွေးမှုကို ခံးစားရစေပြီး အကောင်းမြင်ခြင်း၊ နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ခြင်းတွေကို မြှင့်တင်ပေးပါတယ်။ ဒီဟော်မုန်းသွေးထဲမှာ မြင့်ခြင်းဟာ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတွေကိုတောင် လျော့ကျစေပါတယ်။ (၃) အိပ်မပျော်ခြင်းကိုလျော့ကျစေတယ်။ လိင်ဆက်ဆံမှုအပြီးမှာ အိပ်ချင်လာတဲ့စိတ်ဟာ အမျိုးသမီးတွေမှာထက် အမျိုးသားတွေမှာ အဖြစ်ပိုများပါတယ်။ တကယ်တော့ ၂ယောက်လုံးရဲ့ ဦးနှောက်ထဲမှာ Oxytocin နဲ့ Vasopressin တို့လို ဓာတုဓာတ်တွေထွက်လာတတ် ပါတယ်။ ဒီဓာတုဓာတ်ပေါင်းတွေဟာ အိပ်စက်ခြင်းကို အကူအညီပေးတဲ့ Melatonin နဲ့ ဆက်နွယ်နေတာကြောင့် ပိုမိုပြီး အိပ်ပျော်စေတာဖြစ်ပါတယ်။ (၄) Birthgasms ဆိုတာ အမျိုးသမီးတွေမှာ တကယ်ရှိပါတယ်။ Birthgasm ဆိုတာကတော့ အမျိုးသမီးတစ်ယောက် ကလေးမွေးဖွားချိန်မှာ Orgasm ရခြင်းပဲဖြစ်ပါတယ်။ ကလေး မီးဖွားခြင်းဆိုင်ရာ ပညာပေးလှုပ်ရှားသူDebra Pscali-Bonaro က ခွန်အားသုံးရခြင်းက လိင်မှုဆိုင်ရာ အာရုံကြော တွေကိုလည်း လှုံ့ဆော်စေတယ်လို့ ဆိုပါတယ်။ (၅) Orgasm ရဖို့ ကမ္ဘာ့အကြာဆုံး Masturbation(အာသာဖြေဖျောက်ခြင်း)လုပ်ချိန် Masturbation လုပ်ခြင်းဖြင့် Orgasm ရဖို့ ကမ္ဘာ့စံချိန်တင်ကြာချိန်ကတော့ အမျိုးသမီးတစ်ဦးအတွက် 6နာရီနဲ့ ၃၀မိနစ်ဖြစ်ပြီး ယောင်္ကျားတစ်ဦးအတွက်တော့ ၈နာရီနဲ့ ၃၀မိနစ်ဖြစ်ပါတယ်။ ဘယ်လို အထောက်အကူပစ္စည်း တွေကို အသုံးပြုခဲ့လဲ ဆိုတာတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။ (၆) အချို့အမျိုးသမီးတွေ အတွက် Orgasm ကသေစေနိုင်တယ်။ အလွန်နည်းပါးသော အမျိုးသမီးဦးရေ အတွက်တော့ Orgasm ရရှိချိန်မှာ သတိမေ့မျောပြီး နှလုံးရပ်တန့်ကာ သေဆုံးခဲ့တဲ့ အဖြစ်အပျက်များရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဖြစ်တောင့် ဖြစ်ခဲ ကိစ္စဖြစ်ပါတယ်။ (၇) Coregasms ဆိုတာ တကယ်ရှိတယ်။ Coregasm ဆိုတာကတော့ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်နေရင်း Orgasm ၇တာမျိုးကို ခေါ်တာပါ။ A coregasm is an exercise-induced orgasm, most widely reported to occur during core work. AlfredKinsey ဆိုတဲ့ Sexologist တစ်ယောက်ရဲ့ အဆိုအရတော့ သူစစ်တမ်းကောက်ခဲ့သမျှအမျိုးသမီးများ ရဲ့ ၅%ဟာကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရင်း Orgasm ရကြတယ်လို့ ဆိုပါတယ်။ (၈) Sex နှင့် Orgasm က အသက်ရှည်စေတယ်။ ဗြိတိန်ဆေးဘက်ဆိုင်ရာ ဂျာနယ်တစ်စောင်ရဲ့ အဆိုအရ အသက်ရှည်ခြင်းနဲ့ Orgasm ကြားမှာ ဆက်နွယ်မှုရှိတယ် လို့ဆိုပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၂ကြိမ်ခန့် Orgasm ရရှိသူတွေဟာ သူတို့ရဲ့သက်တမ်းထက် ၈နှစ်ပိုပြီး အသက် ရှည်နိုင်တယ်လို့ ဆိုပါတယ်။ Orgasm က နုပျိုစေရုံတင်မကပါဘူး။ အသက်ရှည်အောင်လည်း ကူညီပေးပါတယ်။ (၉ ) ပုံမှန်အားဖြင့် ကြာချိန် 0.8 Sec ရှိတယ်။ စုံတွဲအများစုဟာ orgasm ကိုပြိုင်တူရလေ့မရှိပါဘူး။ စစ်တမ်းတွေ အရ၆၉ %သော အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှုအတွင်းမှာOrgasm ကိုရလေ့မရှိပါဘူး။ ၇၅% သော အမျိုးသားတွေကတော့ ရလေ့ရှိပါတယ်။ ဒါပေမယ့် အမျိုးသားရော အမျိုးသမီးရောရဲ့ Orgasm ကြာချိန်ဟာ ပျမ်းမျှ 0.8 Sec ရှိပါတယ်။ 
 Source: mirror.co.uk


0 comments:

Post a Comment