အိမ်ခြေမဲ့များအတွက် ရေမီးဒဏ်ခံနိုင်တဲ့အိပ်ယာကို ၁၅နှစ်အရွယ်ကောင်မလေးတီထွင်


အိမ်ခြေယာမဲ့များအတွက် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးက ရေမီးအာမခံနိုင်တဲ့အပြင်
ဘေးကင်းလုံခြုံမှုကိုပေးနိုင်တဲ့ အိပ်ယာတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ Emily Duffy အမည်ရပြီး အသက်(15)နှစ်အရွယ်သာရှိသေးတဲ့ကောင်မလေးဟာ သူမတီထွင်ထားတဲ့ အိပ်ယာကို အိမ်
ခြေယာမဲ့များအတွက် ရည်ရွယ်တီထွင်လိုက်တာလို့ ဖွင့်ဟခဲ့ပြီး အဆိုပါလုပ်ငန်းအတွက်လည်း
ရံပုံငွေတွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။


သူမဟာ အဲဒီလို ရံပုံငွေမြင့်တက်ဖို့အတွက်လည်း ဒပ်ဗလင်မြို့ရဲ့ Limerick လမ်းမပေါ်မှာ တစ်နေ
ကုန် လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ သူမတီထွင်လိုက်တဲ့ အိပ်ယာဟာ မီးလောင်မှု
ကို အာမခံနိုင်တဲ့ အလွှာနှစ်ခုကို ထပ်ထားတာဖြစ်ပြီး ၎င်းတို့က အိပ်စက်သူကို မီးလောင်ခြင်းမှ
ကင်းဝေစေသလို၊ ရေစိုခြင်းကိုလည်း အကာအကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်
အိပ်ယာမှာ ရောင်ပြန်ကို သုံးထားတာကြောင့် အလွယ်တကူ မြင်နိုင်ပြီး ကားပါကင်နဲ့ တံခါးဝ
ကဲ့သို့နေရာများမှာ အိပ်တဲ့သူတွေအဖို့တော့ အထူးသင့်တော်ပါတယ်။

ဒါ့အပြင် ဘေးတစ်ဖက်တစ်ချက်မှာ နိုင်လွန်ကပ်စေးနည်းကပ်ခွာကို သုံးထားတာကြောင့်လည်း
သုံးစွဲသူအဖို့ အိပ်ယာထဲကို အလွယ်တစ်ကူ ၀င်လွယ် ထွက်လွယ်ပါတယ်။ သူမရဲ့ တီထွင်မှုကို
ဂျာနယ်နဲ့ သတင်းမီဒီယာတွေက ချီးကျူးခဲ့ကြပြီး “save lives on the streets of Dublin”
(ဒပ်ဗလင်လမ်းမပေါ်က အသက်ကယ်မွေ့ယာ)လို့တောင် တင်စားခဲ့ကြသလို ချစ်စနိုးနဲ့လည်း
‘Duffily Bags’ လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ အိပ်ယာကို အိမ်ခြေယာမဲ့များထံမှာ
အလွယ်တကူ ပေးအပ်သွားမှာမဟုတ်ဘဲ အဲဒီအိမ်ခြေယာမဲ့တွေဟာ လူမှုရေးလုပ်ငန်းတွေ
လုပ်ပေးရာဖြစ်ပြီး ရလာတဲ့ လုပ်ခကို အိပ်ယာအတွက် ပေးချေရမယ်လို့ သိရပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့်လည်း လမ်းမပေါ်မှာရှိတဲ့ အသောက်သမားတွေအတွက် ပြန်လည်ထူ
ထောင်ပေးရာရောက်ပြီး ပြည်သူ့အကျိုးကို တစ်နည်းတစ်ဖုံ သယ်ပိုးရာရောက်နိုင်တဲ့ အစီစဉ်
ကောင်းတစ်ခု ဖြစ်ပါတယ်။ ဒပ်ဗလင်မှာရှိတဲ့ Mendicity Institute မှ ပြောရေးဆိုခွင့်ရှိသူ
Julian Judge က “မင်းအကောင်းထည်ဖော်ခဲ့တဲ့ အကြံအစည်ဟာ မင်းအတွက် ဂုဏ်ယူစရာ
အချို့ပါဘဲ …. ဒါ့အပြင် မင်းဟာ တစ်စုံတစ်ခုကို စမ်းသပ်တီထွင်နိုင်ခြင်းအတွက်တော့ ဂုဏ်ယူ
စရာအစစ်အမှန်ပါဘဲ ” လို့ ချီးကျူးခဲ့ပါတယ်။
MOM

0 comments:

Post a Comment