မြွေငယ်တစ်ကောင်ရဲ့အရွယ်အစားလောက်ရှိသော တီဘီလူးကြီးများကိုတွေ့ရှိ



 မြွေငယ်တစ်ကောင်ရဲ့အရွယ်အစားလောက်ရှိတဲ့ တီဘီလူးကို ဗြိတိန်သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ တီဘီလူးကို စကော့တလန်ကျွန်းပေါ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အရောင်ကတော့ အဖြူရောင်ဖြစ်ပါ တယ်။ အဲဒီတီကာင်ရဲ့ အလေးချိန်ဟာ 12.5 ဂရမ်လေးတာကြောင့် ကြွက်တစ်ကောင်ရဲ့ အလေးချိန်နဲ့ ပျမ်းမျှအားဖြင့် ညီမျှပြီး အရှည်ကတော့ 16 လက်မရှိကြောင်း သိရပါတယ်။ ၎င်းတီဘီလူးကို တွေ့ရှိတဲ့ အကြိမ်ရေ (3)ကြိမ်မှ (4)ကြိမ်အတွင်းမှာ အခြားတီကောင်များထက် အစပေါင်းများစွာ ကြီးထွားတယ်လို့ ဆိုပါတယ်။ သုနေသနခေါင်းဆောင် ဒေါက်တာ Kevin Butt ဘီဘီစီရေဒီယိုနဲ့ တွေ့ဆုံရာမှာ “တွေ့ရှိမှုဟာ အနည်းငယ် ကျောချမ်းစရာကောင်းပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် တီကောင်တစ်ကောင်ရဲ့ အမြင့်ဆုံး အလေးချိန်ဟာ 4 ဂရမ်မှ 5 ဂရမ်အထိသာ ရှိခဲ့ပြီး ယခင်တွေ့ရှိမှုအရ 8 ဂရမ်က အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်ကြောက်စရာတော့မရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ဟာ လူတွေရဲ့ခြေသံ ကြားရင် မြောက်အောက်ကို တိုးဝင်သွားတတ်လို့ပဲ ဖြစ်ပါတယ်။ 
 Source: mirror


0 comments:

Post a Comment