ပေ(40)အမြင့်မှ ပြုတ်ကျသော်လည်း သေကံမရောက်သက်မပျောက်သည့်ကလေးငယ်



 Advertise here Charlotte Cribben အမည်ရတဲ့ အမျိုးသမီးရဲ့ အသက် (1)နှစ်နဲ့ (8)လသာရှိသေးတဲ့ သားငယ်လေးဟာ ပေ(40) အမြင့်ရှိတဲ့ လေးလွှာရှိ ပြူတင်းပေါက်ကနေ မြေပြင်ပေါ်ကို ပြုတ်ကျခဲ့ပေမယ့် သေကံမရောက်သက်မပျောက်ခဲ့လို့ မိခင်ဖြစ်သူဟာ အတော်လေး အံ့သြ၀မ်းသာနေကြောင်း သိရပါတယ်။ အဲဒီ Joshua လို့ အမည်ရတဲ့ ကလေးငယ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ(9)ရက်နေ့က ပြုတ်ကျခဲ့တာဖြစ်ပြီး ယခုအခါ ဆရာဝန်တွေက သူ့ရဲ့အသက်ကို ကယ်လိုက်နိုင်ပြီဖြစ်ပြီး ကလေးကိုယ်တိုင်က အောက်ဆီဂျင်အကူအညီမပါဘဲ အသက်ရှူနေနိုင်ပြီလို့ ဆိုပါတယ်။ ပေ(40)အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ ဒဏ်ကြောင့် ကလေးငယ်ဟာ ဦးနှောက် ထဲမှာ ခဲနေတဲ့သွေးတွေကို ဖယ်ထုတ်ခဲ့ရပြီး ဦးခေါင်းခွံကြေမွခြင်း၊ ပေါင်ကျိုးခြင်း၊ အဆုတ်ကြေမွခြင်းများ ဖြစ်ခဲ့ ပေမယ့် ဆရာဝန်တွေက အသက်ကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ အမေဖြစ်သူက “ကျွန်မကတော့ သူ့ကို သဂြိုဟ်ဖို့ကိစ္စအထိ စဉ်းစားပြီးနေပါပြီ … သူ့ရဲ့ ခွဲစိပ်မှုကိုတောင် ကြည့်မ နေနိုင်တော့ပါဘူး … ဒါပေမယ့် တကယ်ကံထူးခဲ့ပါတယ် … သူဟာ ကျွန်မအတွက်တော့ အလင်းရောင်လေးပါ ဘဲ ”လို့ မျက်ရည်ဝဲ၀ဲနဲ့ ဆိုခဲ့ပါတယ်။ 
Credit to MOM


0 comments:

Post a Comment