ၾသစေၾတးလ် ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်တဲ့ အဆိုတော်ခရစ်ဘရောင်း



အမေရိကန်အဆိုတော် ခရစ် ဘရောင်းကို အိမ်တွင်းအကြမ်း ဖက်မှုဖြစ်မှုများကြောင့် ဩစ တြေးလျက ပြည်ဝင်ခွင့်ပိတ်ပင် သွားဖွယ်ရှိသည်။

၂၀၁၅ ဒီဇင်ဘာအတွင်း ဩစတြေးလျသို့ သွားရောက်ဖျော် ဖြေမည်ဟု ဘရောင်းက ပြီးခဲ့ သည့် သီတင်းပတ်အတွင်း ကြေ ညာခဲ့သဖြင့် လူမှုကွန်ရက်ပေါ် တွင် ဝေဖန်မှုများထွက်ပေါ်လာပြီး ဩစတြေးလျနိုင်ငံသို့ ဝင်ခွင့်မပေးရန် တောင်းဆိုမှုများ ထွက်ပေါ်ခဲ့ သည်။

ခရစ်ဘရောင်း၏ ဗီဇာ လျှောက်ထားမှုကို ပြန်လည်သုံး သပ်နေသည်ဟု ဖက်ဒရယ်အစိုးရ က ပြောသည်။ အစိုးရအနေဖြင့် ဗီဇာကို ငြင်းပယ်ရန် စိုးရိမ်နေ မည်မဟုတ်ဟု ဩစတြေးလျ အမျိုးသမီးရေးရာဝန်ကြီး လွှတ် တော်အမတ် မီချယ်လီယာ ကက်ရှ်က ပြောသည်။

အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ပြီး ကမ္ဘာ့အနှံ့ခရီးသွား မည်ဆိုပါက သင်သည် ဩစတြေးလျနိုင်ငံက မျှော်လင့်ထားသော ကိုယ်ကျင့်တရားမရှိသူဖြစ်၍ ၀င်ခွင့်မရနိုင်ဟု ပြောကြားမည့် နိုင်ငံများရှိသည်ကို နားလည်ရန်လိုသည်ဟု လွှတ်တော်အမတ် ကက်ရှ်က ပြောသည်။

ဝန်ကြီးချုပ် မဲလ်ကွန်တန်း ဘူးလ်က နိုင်ငံတစ်ဝန်း အိမ်တွင်း အကြမ်းဖက်မှုတားဆီးကာကွယ် ရေးအစီအစဉ်ကို ကြေညာရာတွင် မဲလ်ဘုန်းမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စစ် ကက်ရှ်က ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျအစိုးရက ကမ္ဘာ့လက်ဝှေ့ချန်ပီယံမေဝယ် သာကိုလည်း အလားတူအ ကြောင်းကိစ္စများကြောင့် ပြည်ဝင် ခွင့်ပိတ်ပင်ကြောင်း ယခုနှစ်ဆန်း က ဆုံးဖြတ်ချက်ချခဲ့သည်။

—Ref: BBC

0 comments:

Post a Comment