ISIS တိုက်ဖျက်ရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ပြင်သစ်နိုင်ငံက လေယာဉ်တင် စစ်သင်္ဘောတစ်စီးကို စစ်ဆင်ရေးတွင် စတင်အသုံးပြု

ပါရီ ၊ ၂၄-၂-၂၀၁၅

ပြင်သစ်နိုင်ငံ သည် ISIS စစ်သွေးကြွ တိုက်ဖျက်ရေး လုပ်ဆောင်ချက် များကို တိုးမြှင့် လုပ်ဆောင်နိုင်ရန် အတွက် ၄င်းတို့၏ လေယာဉ်တင် စစ်သင်္ဘော တစ်စီးကို ယမန်နေ့တွင် ပင်လယ်ကွေ့ ဒေသ၌ စစ်ဆင်ရေး အတွင်း စတင် အသုံးပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြင်သစ် အစိုးရသည် နိုင်ငံအတွင်း လူ ၁၇ ဦး သေဆုံးခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ရက်သတ္တ ခုနစ်ပတ် အကြာတွင် နိုင်ငံကို ခြိမ်းခြောက် နေသည့် ISIS စစ်သွေးကြွ များ၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ရင်ဆိုင်နိုင်ရေး အတွက် အမေရိကန် ဦးဆောင်သည့် ISIS စစ်သွေးကြွ တိုက်ဖျက်ရေး တွင် ပိုမိုပါဝင် နိုင်စေရန် ၄င်းတို့၏ ချားလ်စ်ဒီဂေါလ် လေယာဉ်တင် စစ်သင်္ဘောကို စစ်ဆင်ရေး အတွင်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ နယ်မြေ အများအပြားကို သိမ်းယူပြီး နောက်ပိုင်း တွင် ပြင်သစ်နိုင်ငံ က အမေရိကန် ဦးဆောင်သည့် အကြမ်းဖက် တိုက်ဖျက်ရေး အစီအစဉ်တွင် အမေရိကန်
စစ်သင်္ဘောတစ်စီး ဖြစ်သည့် USS ကားလ်ဗင်ဆင် နှင့်အတူ ပင်လယ်ကွေ့ အတွင်း ကင်းလှည့်ရန် အတွက် တူလွန်ဆိပ်ကမ်း မှ ဇန်နဝါရီလ အတွင်းက စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်း နောက်ပိုင်းတွင် ပြင်သစ် လေယာဉ်တင် သင်္ဘောသည် အိန္ဒိယနိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံက ၄င်းတို့၏ လေယာဉ်တင် သင်္ဘောကို ယခုကဲ့သို့ စစ်ဆင်ရေးတွင် ဖြန့်ကြက် အသုံးပြုခြင်း သည် ညွန့်ပေါင်း တပ်ဖွဲ့များ အနေဖြင့် ယူအေအီး နိုင်ငံအတွင်းရှိ အခြေစိုက် စခန်းများ မှတစ်ဆင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များကို တိုက်ခိုက်ရာတွင် အချိန် ပိုမိုသက်သာ စေမည် ဖြစ်ကြောင်း သိရသည်။

‎PyiChitThar‬

0 comments:

Post a Comment