ဟစ်ဇ်ဘိုလာ ပြောက်ကျားများကို တိုက်ခိုက်ရန်အတွက် ISIS အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်

ဝါရှင်တန် ၊

ISIS စစ်သွေးကြွ အဖွဲ့သည် လက်ဘနွန် နိုင်ငံတွင်းရှိ ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့ကို တန်ပြန် တိုက်ခိုက်ရန် အတွက် အမေရိကန် ပြည်ထောင်စု ၏ မဟာမိတ် နိုင်ငံများက ဖွဲ့စည်း တည်ထောင် ခဲ့သည့် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦးက ဝန်ခံ ပြောကြား ခဲ့ကြောင်း သိရသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် မိမိတို့ မဟာမိတ် နိုင်ငံများ၏ ငွေကြေး ထောက်ပံ့ ပေးမှုမှ အစပျိုး ဖြစ်ပေါ်ခဲ့သည့် စစ်သွေးကြွ အဖွဲ့ဖြစ်ကြောင်း ၁၉၉၇ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ NATO တပ်ဖွဲ့၏ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝက်စလီကလာ့ခ် က CNN သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့ကို တိုက်ခိုက်နိုင်မည့် တစ်ခုတည်းသော အဖွဲ့မှာ ISIS စစ်သွေးကြွ အဖွဲ့ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြောဆို ရခြင်းမှာ စစ်သွေးကြွ အဖွဲ့ နှစ်ဖွဲ့စလုံးသည် ဘာသာရေး၊ နိုင်ငံရေး ဆိုင်ရာတို့၌ တက်ကြွ လွန်းသည့် အဖွဲ့များ ဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း ကလာ့ခ် က ပြောကြားခဲ့သည်။

ISIS စစ်သွေးကြွ များကို ဖွဲ့စည်း တည်ထောင်ခဲ့ ရာတွင် ပါဝင်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၏ မဟာမိတ် နိုင်ငံများ အနက် မည်သည့်နိုင်ငံများ ပါဝင်သည် ဆိုခြင်းကို ဗိုလ်ချုပ်ကြီးဟောင်း ကလာ့ခ် က အတိအကျ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသော်လည်း ISIS စစ်သွေးကြွ အဖွဲ့ ပေါ်ပေါက် လာခြင်းသည် ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့များကို တိုက်ဖျက်နိုင်မည့် မဟာဗျူဟာ ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည် ဆိုခြင်းကို အတည်ပြု ပြောကြား ခဲ့သည်။

‪PyiChitThar‬

0 comments:

Post a Comment