လူကဲ့သို့ သွားများ ပါရှိသည့် ငါးတစ်ကောင်ကို ရုရှားတွင် ဖမ်းမိ

ရုရှား တံငါသည် တစ်ဦး ဖမ်းမိခဲ့သည် ငါးတစ်ကောင်သည် သိပ္ပံလောကမှ ပညာရှင်များကို ဦးနှောက်အလုပ်ပေးကာ ခေါင်းရှုပ်သွားစေသည်။ ရုရှ အနောက် မြောက်ပိုင်း အကန်ဂျဲစကီ မြို့ မှ အသက်၅၀ ရွယ် အလိတ်ကိုရိုဘော့ဆိုသူတံငါသည် ဖမ်းမိသည့် ငါးသည် လူသွားများပါရှိနေသည့် ငါးတစ်ကောင် ဖြစ်နေခြင်းကြောင့် အထူးတဆန်း ဖြစ်ခဲ့ရသည်။



မြောက်ပိုင်းဒီဗီနာမြစ်အတွင်း ထိုလူ့ သွားများနှင့် ငါးကိုဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ ရရှိစဉ်က သာမန်ငါးတစ်ကောင်ဟုသာ ထင်ခဲ့သော်လည်း ကြည့်မိသည့် အခါတွင် ပါးစပ်တစ်ခုလုံး လူ့ သွားများနှင့် ငါးတစ်ကောင်ဖြစ်နေသည်ကို အံ့သြဖွယ်ရာကောင်းစွာပင်တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း ကိုရိုလော့ကပြောသည်။

"ငါးကိုတွေ့ ခဲ့တဲ့အချိန်က အသေကောင်အဖြစ်ရှိနေပါတယ်။ ဒါပေ့မယ် လတ်ဆတ်နေတုန်းပါ။ ပါးဟပ်တွေ ဟကြည့် တော့ နီနေလို့ လတ်သေးတယ် ဆိုတာ သိနိုင်တာပဲ။ ငါးရဲ့ ပါးစပ်တွေကပုံမှန်မဟုတ်လို့ ဖြဲကြည့်တဲ့အခါ ခုလို အံ့သြစရာတွေ့ ရတာပါပဲ။ ပါးစပ်တွင်းမှာက လူသွားတွေ အပြည့်ရှိနေတဲ့ ငါးတစ်ကောင် ပါ"ဟု၎င်းကပြောသည်။

ကိုရိုဘော့သည် ထိုနေရာမှ ချက်ခြင်းပြေးကာ အသိမိတ်ဆွေများကို အထူးအဆန်းသဖွယ်ယင်းအကြောင်းကိုပြောပြတော့သည်။ "ကိုရိုဘော့ရောက်လာတော့ စကားစမြည်ပြောဖို့ လို့ ထင်ခဲ့တာ။ လူသွားတွေနဲ့ ငါးတစ်ကောင်ကို သူရထားကြောင်းပြောတော့ ဒီလူတော့ သောက်ထားပြီဆိုပြီးထင်ခဲ့မိတယ်"ဟု မိတ်ဆွေတစ်ဦးဖြစ်သူက ပြန်လည်ပြောပြသည်။

ကိုရိုဘော့က ပညာရှင်တို့ ၏ ထင်မြင်ချက်များကို သိချင်သဖြင့် ငါးနှင့် အဏ္ဏဝါဗေဒသက်မွေးသိပ္ပံကျောင်းသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။ "ကျွန်တော်တို့ ငါးကို ခွဲစိတ်ခဲ့တယ်။ သေချာ စစ်ဆေးပြီး ဒီငါးဟာ ပီရန်ဟာ ငါးမျိုး အုပ်စုဝင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ခဲ့ပါတယ်။ ခုတွေ့ တဲ့ငါးကတော့ အပင်စား ငါးအမျိုး အစားပါ။ ရုပ်ရှင်တွေ ထဲမှာတွေ့ ရတဲ့ အသားစား အမျိုးအစား ထဲက မဟုတ်ပါဘူး"ဟု ပညာရှင် ဂန်နာဒီကပြောခဲ့သည်။

ယခုတွေ့ရှိသည့် ငါးမှာ ပီရန်ဟာ ငါးမျိုးဟု သတ်မှတ်ထားသည့် ငါးမျိုးနွယ်ဝင် တစ်ကောင် ဖြစ်ပြီး အဆိုပါ ငါးမျိုးရင်းဝင် ပါကူငါးများကို ဘရာဇီး နိုင်ငံ အမေဇုန် မြစ်နှင့် ပါပူအာ နယူးဂီနီ နိုင်ငံများတွင် တွေ့ရှိရကာ အအေးပိုင်း နိုင်ငံများတွင် တွေ့ရှိရခြင်း မရှိပေ။ ယင်း ပါကူငါးသည် အသားစားငါး တစ်မျိုးဖြစ်ပြီး ပါပူအာ နယူးဂီနီတွင် ယင်းငါးကို ဝှေးစေ့ဖြတ်သူဟု အမည်ပေး ထားသည်။

Ref: Mirror
Mizzima News

0 comments:

Post a Comment