တူရကီနယ်စပ်အနီးရှိ ကိုဘာနီမြို့ ၏ သုံးပုံတစ်ပုံကို စစ်သွေးကြွများ သိမ်းပိုက်ထားပြီးဟုဆို

ကိုဘာနီမြို့အတွက် တိုက်ပွဲဝင်နေသော ကာ့ဒ်မျိုးနွယ်စုများ
ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ကာ့ဒ် မျိုးနွယ်စုများ အဓိက နေထိုင်ရာ ဒေသအတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိရာ ယခုအခါ တူရကီ နယ်စပ်အနီးရှိ ကိုဘာနီမြို့ ၏ သုံးပုံတစ်ပုံကို သိမ်းပိုက် ထားပြီး ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီး က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ကာ့ဒ် မျိုးနွယ်စုဝင် တိုက်ခိုက်ရေး သမားများနှင့် ISIS စစ်သွေးကြွ များအကြား အောက်တိုဘာ ၈ ရက်က ညလုံးပေါက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ များကို ခုခံ တိုက်ခိုက်ခဲ့ သော်လည်း ၄င်းအဖွဲ့မှာ မြို့အရှေ့ပိုင်း သို့ တဖြည်းဖြည်း ချီတက် လာနိုင်ခဲ့ကြောင်း သိရသည်။ ယင်းနောက် စစ်သွေးကြွ အဖွဲ့သည် ကာ့ဒ် မျိုးနွယ်စုဝင် များ၏ ထောက်လှမ်းရေး ဌာနချုပ်ကို သိမ်းပိုက် နိုင်ခဲ့သည်ဟု စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးက ပြောကြား ထားသည်။

တစ်ချိန်တည်း မှာပင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ များက စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ တပ်ဖွဲ့ဝင် ၄၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး နောက်သို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း မြေပြင်မှ ရရှိသည့် သတင်းများ အရ သိရသည်။

ISIS စစ်သွေးကြွ များကို တိုက်ခိုက်နေသည့် ဆီးရီးယား ကာ့ဒ် များကို အကူအညီ ပေးရန်အတွက် တူရကီ နိုင်ငံအတွင်းမှ ကာ့ဒ် မျိုးနွယ်စု များသည် ယခုအခါ နယ်စပ်ကို ဖြတ်ကျော်၍ ဆီးရီးယား ကာ့ဒ်များ နှင့် ပူးပေါင်း ခဲ့ကြောင်း သိရသည်။ ISIS စစ်သွေးကြွ များသည် စက်တင်ဘာ လလယ်ပိုင်း မှစ၍ ကိုဘာနီ မြို့အနီးရှိ ကျေးရွာပေါင်း ၃ဝဝ ကျော်ကို သိမ်းပိုက် ခဲ့ကြောင်းနှင့် ၄င်းတို့၏ တိုက်ခိုက်မှု များကြောင့် ဒေသခံပြည်သူ ဦးရေ ၁၆ဝဝဝဝ ခန့်မှာ နေအိမ်များကို စွန့်ခွာ၍ အခြားနိုင်ငံများ အတွင်းသို့ ထွက်ပြေးခိုလှုံ ခဲ့ရကြောင်း သိရှိရသည်။

PyiChitThar

0 comments:

Post a Comment