

ထိုအချိန်တွင် ဆိုင်အတွင်း ဇနီးသည်နှင့်အတူ စားသောက်ရန် ရောက်ရှိနေသည့် အသက် ၄၄ နှစ်အရွယ် လင်ဆင်းက “ကျွန်တော်တို့ ဆိုင်ထဲမှာ စားသောက်နေတုန်း ချက်ပြုတ်ခန်းထဲက စူးစူးဝါးဝါး အော်သံကြား လိုက်ရတယ်။ ခဏနေတော့ ဆရာဝန်ရောက်လာတဲ့အချိန်မှာ စားဖိုမှူး သေဆုံးနေပါပြီ။ ကျွန်တော်တို့လည်း ဆက်မစားနိုင်တော့ဘဲ ပြန်လာကြတယ်” ဟု ပြောကြားသည်။
မြွေဟောက်သားဟင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည်ဟု သတ်မှတ်ပြီး ဂွမ်ဒေါင်းပြည်နယ်ရှိ ဈေးကြီး စားသောက်ဆိုင်များတွင် ရောင်းချလေ့ရှိသည်။ အင်ဒိုချိုင်းနားမြွေဟောက်အဆိပ်သည် အာရုံကြောစနစ် အား ထိခိုက်ပြီး အသက်ရှူရပ်တန့်သေဆုံး စေကြောင်း သိရသည်။
ရဲအရာရှိတစ်ဦးက “အင်မတန်ဖြစ်ခဲတဲ့ ဖြစ်စဉ်ပါ။ စားဖိုမှူးဟာ အဆိပ်သင့်မသေခင် ပြင်းပြင်းထန်ထန် ခံစားခဲ့ရ ပါတယ်” ဟု ပြောကြားသည်။
ာက်များအကြောင်း နှစ် ၄၀ ကြာ လေ့လာထားသူ ယန်ဟောင်ချန်က တွားသွားသတ္တ၀ါအား လုံး သည် ၎င်းတို့ ကိုယ်အင်္ဂါအစိတ် အပိုင်းများ အား ဖြတ်တောက်ခံရပြီး တစ်နာရီအထိ တုန့်ပြန်မှု လုပ်ဆောင်နိုင်သေးကြောင်း ပြောကြားသည်။
မွဟော
“မြွေခေါင်းက အသက်ရှင်နေသေးပြီး စာဖိုမှူးရဲ့ လက်ကို ကိုက်လိုက်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ မြွေ က ခေါင်းပြတ် သွားပေမယ့် သူ့ရဲ့ အာရုံကြောစနစ်က အလိုအလျောက် တုန့်ပြန်မှုတွေ ကျန်နေပါသေး တယ်။ ဒါ့ကြောင့် ဒီမြွေဟောက်က ကိုက်မိသွားတာဖြစ်ပါတယ်” ဟု ယန်ဟောင်ချန် ပြောကြားသည်။
အင်ဒိုချိုင်းနားမြွေဟောက်များသည် အရှေ့တောင်အာရှမျိုးရင်းများဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံများတွင် တွေ့ရှိရသည်။
Ref:Daily Mail
Mizzima
0 comments:
Post a Comment