မြန်မာ ယူ - ၁၉ အသင်း ဂုဏ်ပြုပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်


၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိထားသည့် မြန်မာ ယူ - ၁၉ အသင်းအား ဂုဏ်ပြုပွဲ ပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အထူးသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီတွင် သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ပြုလုပ်သွားမည် ဖြစ်သည်။
ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၁၉ အသင်းအား နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဂုဏ်ပြုပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့၌ မော်တော်ယာဉ် များဖြင့် လှည့်လည် အောင်ပွဲခံရန် စီစဉ်ထားသည်။ ယင်းအစီအစဉ်များ၏ အသေးစိတ်အစီအစဉ်များကို ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သွားမည်ဖြစ်သည်။
MOI Webportal Myanmar

0 comments:

Post a Comment