ဒေါ်လာ၆၀၀၀တန် ဆာဂျရီပြုလုပ်ခွင့်ရရှိခဲ့ပေမယ့် ဒါကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တဲ့ အလှမယ်လေး


မန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် ရွေးချယ်ခံထားရတဲ့ Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာဟာ အလှအပနဲ့ပတ်သက်ပြီး ဒေါ်လာ ၆၀၀၀တန် ခွဲစိတ်ပြုပြင်ခွင့်ရရှိထား တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆာဂျရီခွဲစိတ် ပြုပြင်သွားဖို့ရှိမရှိ ကိုမေးကြည့်လိုက်တော့ “ညီမ ခွဲစိတ်ပြုပြင် ဖို့ အစီအစဉ်မရှိပါဘူး။ ညီမရရှိထားတဲ့ အလှအပပြင်ဆင်ခွင့်က အဓိက ဆာဂျရီလုပ်တာပေါ့နော်။ ညီမက ဆာဂျရီလုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ညီမမှာ ဆာဂျရီလုပ်ချင်တဲ့ စိတ်ကူးမရှိတာနဲ့ သူတို့ဆီမှာ ညီမ body treatment ပဲ လုပ်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သွားအရောင်တင် ဖြစ်ပါတယ်။ ဒီလောက်ပဲ လုပ်ဖြစ်ပါတယ်။ ညီမကိုယ်တိုင်ကတော့ ဆာဂျရီလုပ်တာကို လုံးဝမကြိုက်ပါဘူး။ ညီမအနေနဲ့ ပြောရရင်တော့ ဆာဂျရီ မလုပ်ချင်ဘူး။ ဆာဂျရီလုပ်တာ မကောင်းဘူးလို့တော့ ပြောတာ မဟုတ်ပါဘူး။ ဆာဂျရီလုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခံယူချက်နဲ့ ကိုယ်ပေါ့နော်။ ညီမကျတော့လည်း လိုအပ်တဲ့ နေရာတစ်ခုကို လေ့ကျင့်ခန်း လုပ်ပြီးတော့ပဲ ထိန်းဖို့ စီစဉ်ထားပါတယ်။ သဘာဝနည်းအတိုင်းပဲ ကောင်းပါတယ်။ သဘာဝအတိုင်း လုပ်ရတာကိုပဲ ကြိုက်ပါတယ်။ ဆာဂျရီကလည်း ညီမက ကြောက်တတ်တော့ မလုပ်ရဲတာလည်း ပါပါတယ်။”လို့ သူမက ပြောပါတယ်။

ပြိုင်ပွဲအတွက် ဝတ်ဆင်မယ့် အဝတ်အစားနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ကရော ဘာတွေလုပ်နေလဲဆိုတော့ သူမက “ညီမလတ်တလောမှာတော့ ပြိုင်ပွဲ မှာ အကောင်းဆုံးယှဉ်ပြိုင် နိုင်ဖို့အတွက် ကြိုတင်လေ့လာပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ရင်တွေလည်း အရမ်းခုန်နေပါတယ်”တဲ့။

သူမဟာ ပြိုင်ပွဲမှာဝတ်ဆင်မယ့် national costume ဝတ်စုံကိုတော့ စာနယ်ဇင်း ရှင်းလင်းပွဲနှင့်အတူ ပြသမိတ်ဆက် သွားပါမယ်လို့ ဆိုပါတယ်

စန္ဒီ
Trend

0 comments:

Post a Comment