ဟယ်ရီစတိုင်နှင့် လမ်းခွဲခဲ့ချိန်မှ စ၍ မည်သူနှင့်မျှ တွဲခဲ့ခြင်း မရှိဟု တေလာဆွစ် ၀န်ခံ



အမေရိကန် အဆိုတော် တေလာဆွစ်က One Direction အဖွဲ့မှ အဆိုတော် ဟယ်ရီစတိုင်နှင့် လမ်းခွဲ ခဲ့ပြီးချိန်မှ စ၍ ယခု အချိန်ထိ မည်သူ တစ်ဦး တစ်ယောက်နှင့်မျှ တွဲခဲ့ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်ဟု နောက်ဆုံး ထွက်ရှိသော Rolling Stone မဂ္ဂဇင်းတွင် ဖော်ပြ ထားသည်။
မိမိနှင့် တွဲခဲ့ဖူးသူသည် နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်လာခဲ့သည်ဟု ခံစားရခြင်းကြောင့် မိမိအနေဖြင့် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တွဲလိုခြင်း မရှိကြောင်း တေလာက ပြောကြားသည်။
"ကျွန်မနဲ့ ပတ်သက်ပြီး ဟာသလုပ်တာကို မကြိုက်ဘူး။ Carful Bro, She'll Write a Song About You ဆိုတဲ့ ခေါင်းစဉ်က ကျွန်မရဲ့ အလုပ်အပေါ် အလေးအနက် မထားရာ ရောက်တာကြောင့် မကြိုက်ပါဘူး"ဟု ၎င်းက ပြောကြားသည်။
တေလာသည် ၎င်း၏ ရည်းစာဟောင်းများနှင့် စပ်လျဉ်း၍ သီချင်းများ ရေးသားခဲ့ရာ မကြာမီထွက်ရှိမည့် ၎င်း၏ 1989 တေးအယ်လ်ဘမ်သစ်တွင် ရည်းစားဟောင်းများကို ရည်ညွှန်းသည့် ရေးသားမှုများကို တွေ့ရှိရတော့မည်ဟု မဟုတ်ဟု ထင်ရသည်။ လက်ရှိအချိန်တွင်တေလာ ၏ Shak It off တေးသီချင်းသည် Billboard လူကြိုက်အများဆုံး တေးသီချင်း တစ်ရာ စာရင်းတွင် နံပါတ်တစ် အဖြစ် သီတင်းနှစ်ပတ်ကြာ ရပ်တည်လျက်ရှိသည်။
တေလာ ၏ ပဉ္စမမြောက် သီချင်းခွေ 1989 ကို အောက်တိုဘာ ၂၇ တွင် ဖြန့်ချိသွားမည် ဖြစ်သည်။ တေလာနှင့် ဟယ်ရီစတိုင်တို့သည် ၂၀၁၃ ခုနှစ် အစောပိုင်းက လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။
by mizzima

အမျိုးသမီးများ ဘရာစီယာမ၀တ်ဘဲ ဒီတိုင်းနေခွင့်ရရေး ဆန္ဒပြ

This Too is Protest’ ဟု အ မည်ပေး ထားသော အမျိုးသမီး ခုနစ် ယောက်ပါ အဖွဲ့သည် မကြာသေးမီက တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့ရှိ ဟုန် ဂီ အရပ်တွင် အမျိုး သမီးများ အတွင်းခံ အင်္ကျီ ဝတ်ရေး မဝတ်ရေးမှာ ၄င်းတို့၏ လွတ်လပ်ခွင့် သာဖြစ်ကြောင်း ဆန္ဒပြခဲ့ ကြသည်။

အဆိုပါ ဆန္ဒပြပွဲအား ဟုန်ဒေက လေးများ ပန်းခြံတွင် ‘အတွင်းခံ မဝတ်ဘဲ နေကြစို့’ ဟု ရေးထားသော ဆိုင်းဘုတ် များ ကိုင်ဆောင်ကာ စတင် ဆန္ဒပြခြင်း ဖြစ်သည်။

”ကျွန်မ အတွင်းခံ မဝတ်တာ နှစ် နှစ်ကြာပြီ။ မြင်ရတဲ့သူ အဖို့ ထူးဆန်းချင် ဆန်းမှာပေါ့။ ဒါပေမဲ့ အတွင်းခံ ဝတ်ထား ရတာ သက်သောင့် သက်သာမဖြစ်ဘူး” ဟု ၄င်းက ဆိုသည်။
၎င်းတို့ ဆန္ဒပြခြင်းကို အချို့အမျိုး သားများက ”သူတို့ တကယ် အတွင်းခံ မဝတ်ဘဲနေကြမှာလား၊ သူတို့က အရူး တွေပဲ”ဟု သရော်ခဲ့ကြသည်။

သို့ရာတွင် အချို့ကလည်း ”လူ တွေက သူတို့ကို ဝေဖန်ဆဲဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော် ကတော့ သူတို့က ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိပြီး သတ္တိ ရှိတယ်လို့ ထင်ပါ တယ်” ဟု ဆိုသည်။
”ကျွန်မတို့က ဘရာစီယာမဝတ် ဆင်ရေးအတွက် ဆန္ဒပြတာ မဟုတ်ဘူး။ အမျိုးသမီးတွေ ဘရာစီယာ ဝတ်ရေး မဝတ်ရေးက သူတို့ရဲ့ လုပ်ပိုင်ခွင့်ဆိုတာ ကို ပြောချင် တာပါ”ဟု ဆန္ဒပြ အဖွဲ့ခေါင်း ဆောင် ဂျိုဟေးအွန်က ဆိုသည်။

ထို့အပြင် ဘရာစီယာ ဝတ်ဆင်ခြင်း သည် ကျန်းမာရေး အတွက် မသင့်တော် ခြင်း၊ သက်သောင့် သက်သာ မရှိခြင်းနှင့် ပူအိုက်စေခြင်း အပါအဝင် အခြား အ ကြောင်း အရာများကြောင့် ဆန္ဒပြပွဲပြု လုပ် ရခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

From: Popular Myanmar