ပန်ဆိုင်းမြို့အနီးတွင် လက်နက်ကိုင် အဖွဲ့က ကုန်တင်ကား တစ်စီးကို ဗုံးခွဲဖျက်ဆီး



ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ကုန်တင်ကားတစ်စီးကို မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်အနီးတွင် ဖေဖော် ၀ါရီ ၂၄ ရက် နံနက် ၃ နာရီက ဗုံးခွဲဖျက်ဆီးလိုက်ကြောင်း သတင်းရရှိ သည်။


မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ပန်ဆိုင်းမြို့နယ်ကြား ကားလမ်းပေါ်တွင် တရုတ်နိုင်ငံသို့ပို့ရန် ဖရဲသီးများတင်ဆောင်လာ သည့် ကုန်တင်ကားကို ပြောက်ကျားဝတ်စုံဝတ်ဆင်ထားသော တိုင်းရင်းသားလက်နက်ကိုင်အချို့က တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်အား ကားပေါ်မှဆင်းခိုင်း၍ ကားခေါင်းခန်းအတွင်း သို့ ဗုံးပစ်သွင်းဖောက်ခွဲလိုက်ကြောင်း မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ထိုဖောက်ခွဲမှုကြောင့် ကား ခေါင်းခန်းပွင့်ထွက်သွားပြီး ရဲတပ် ဖွဲ့က အဆိုပါဖြစ်စဉ်ကို စစ်ဆေး နေကာ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် လက်နက်ကိုင်အဖွဲ့မှာ မည်သည့် အဖွဲ့ဖြစ်သည်ကို စုံစမ်းနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။

ပန်ဆိုင်းမြို့နယ်အနီး ကားလမ်းတွင် ဖေဖော်ဝါရီ ၂၄ ရက်နံနက်က ဗုံးခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရှိရသည့် ကုန်တင်ကား
7Day Daily

0 comments:

Post a Comment