ဘာသာရေးပုတ်ခတ်ရေးသား၍ တိုင်းပြည်မှ နှင်ထုတ်ခံရသူ ဘင်္ဂလီစာရေးဆရာမ သူ့ထက် အသက် ၂၀ ငယ်တဲ့ ယောင်္ကျားနဲ့တွဲနေကြောင်း Twitter တွင် ဖေါ်ပြ

ယောကျာင်္းတွေ မိန်းမ လေးယောက်ယူရင်မိန်းမတွေလည်း ယောင်္ကျား လေးယောက်
ယူခွင့်ရှိတယ်လို့ အစ္စလာမ် ဘာသာရေးအယူဝါဒတွေကို ဆန့်ကျင် ဝေဖန် ရေးသား
အတွက် တိုင်းပြည်ကနေ နှင်ထုတ်ခံရတဲ့ဘင်္ဂလာဒေခ်ျ့ စာရေးဆရာမ တက့်ဆလိမ်းမာနာဆရိမ်း Taslima Nasreen ဟာ အခုတော့ သူ့ထက် အသက် ၂၀ ငယ်တဲ့ ယောင်္ကျား တစ်ဦးနဲ့ တွဲနေတဲ့ အကြောင်း သူမပိုင် Twitter ကနေ တဆင့် ဖေါ်ပြလိုက်ပါတယ်။

‘ သူမဟာ သူ့ထက် အသက် (၂၀) ငယ်တဲ့ ယောင်္ကျားလေးတစ်ဦးနဲ့ တွဲနေတဲ့အကြောင်း’ သူမကိုယ်တိုင်ဘဲ သူမပိုင် Twitter မှာ သူမနဲ့အမျိုးသားယောင်္ကျားရဲ့ ဓါတ်ပုံကို တွဲတင်ပြီး လူသိရှင်ကြား ဖေါ်ပြထားပါတယ်။

ဒါ့အပြင် – ကျွန်မရဲ့ ကောင်လေးဟာ ကျွန်မထက် အသက်တော်တော် ငယ်တယ်။ ဒါဟာ တကယ့် ချိုမြိန်စရာပါဘဲ- ဆိုပြီး ““My boyfriend is younger than me. It’s cool”. လို့ရေးသား ဖေါ်ပြထားပါတယ်။

ဘင်္ဂလာဒေခ်ျ့ စာရေးဆရာမ တက့်ဆလိမ်းမာဟာ အခုအခါ အသက် (၅၂) နှစ်ရှိပြီး အစ္စလာမ်ဘာသာမှာ အမျိုးသမီးတွေ တန်းတူ အခွင့်မရတဲ့ အပေါ် ဝေဖန်တိုက်ခိုက်ရေးသားတဲ့ အတွက် သူမဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ထွက်ပြေးခဲ့ရပြီး အခုအခါ အိန္ဒိယ နိုင်ငံမှာ ခိုလုံနေရပါတယ်။

သူမရေးသားတဲ့ စာအုပ်အများအပြားဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ထုတ်ဝေခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ အဲဒီအထဲမှာ ၁၉၉၃ ခုနှစ်ကထုတ်ဝေတဲ့ Lajja နဲ့ Amar Mebala တို့လည်း ပါဝင်ပါတယ်။

သူမရေးသားခဲ့တဲ့ စာအုပ်တွေ အများအပြားမှာ အစ္စလာမ်ဘာသာရေးဆရာတွေက အမျိုးသမီးတွေအပေါ် အပေါ်စီးက ဆက်ဆံတာတွေနဲ့ ခွဲခြားဆက်ဆံတဲ့ အပေါ်မှာ သရော်ထားပြီး အမျိုးသမီးတွေမှာလည်း အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရှိတယ်ဆိုတဲ့ သဘောတရားတွေ ပါတဲ့ အတွက် အစ္စလာမ်ဘာသာဝင် အများစုက သူမရေးသားတဲ့ စာအုပ်တွေ အပေါ်မှာ နှစ်ခြိုက် သဘောကျ ကျေနပ်မူ မရှိကြပါဘူး။

ဒါကြောင့်လည်း သူမဟာ တိုင်းပြည်က ထွက်ပြေးခဲ့ကြရပြီး ဘာသာရေး အစွန်းရောက်တွေက သူမကို နှစ်ကြိမ်ထက် မနည်း လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။

အခုလည်း သူမဟာ သူမထက် အသက် ၂၀ ငယ်တဲ့ ယောင်္ကျားအမျိုးသား တစ်ဦးနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းစကားကို ဓါတ်ပုံနဲ့ တကွ Twitter က လူသိရှင်ကြား ဖေါ်ပြတာဟာ ဘာသာရေး ခေါင်းဆောင်တွေကို ရိသဲ့သဲ့ လုပ်လိုတဲ့ သဘောရှိပြီး နောက်ထပ် တစ်ကြိမ် ထိုးနှက်တိုက်ခိုက်မူ တစ်ခု ဖြစ်တယ်လို့ ပြောဆိုဝေဖန်မူတွေလည်း ရှိပါတယ်။

ဒီ Twitter ပါ စာရေးဆရာမ တက့်ဆလိမ်းမာ နာဆရိမ်း သတင်းဟာ အငြင်းပွားဖွယ်ရာ နောက်ထပ် မီးတောက် တစ်ခုပါလို့ ဘင်္ဂလာဒေခ်ျ့က လာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

နိရဉ္စရာသတင်းဌာန

0 comments:

Post a Comment